(Zawgyi)
ရှောင်းကျန့်နှင့်ဝမ်ရိပေါ် တိုက်ခန်းတစ်ခုထဲမှာ အတူတူနေလာတာ ၂လကျော်လာပြီဖြစ်သည်၊ အရာအားလုံးပုံမှန်တကျဖြစ်နေပြီး အဆင်ပြေသည်ထက်ပိုသည်...
လွန်ခဲ့သည့်ရက်သတ္တပတ်လောက်က ဝမ်ရိပေါ်၏မားမားရောက်ရှိလာပြီး ဝမ်ရိပေါ်ပို့ထားသည့်messageနှင့်တလွဲအတွေးများအကြောင်း ပြန်လည်ပြောဆိုရယ်မောခဲ့ကြသေးသည်။ ထို့နေ့မှစပြီး ဝမ်ရိပေါ်နှင့်ရှောင်းကျန့်၏ဆက်ဆံရေးလဲ အရင်ထက်ပိုကာနွေးထွေးကောင်းမွန်လာသည် ဆိုရမည်။
ရှောင်းကျန့်၏ပါးပါးမှာ အားယွမ်နှင့်ပတ်သက်၍လက်မခံနိုင်သည်ကတစ်ကြောင်း၊ အကြောင်းစုံကိုဖုံးကွယ်ထားသည့်အပြစ်ကတစ်ကြောင်း စသည့်ဖြင့် အမွေဖြတ်တော့မည်အထိ ဒေါသထွက်ခဲ့သည်။ ရှောင်းကျန့် ကနေဒါကပြန်ရောက်တဲ့အချိန်ထိ အခေါ်အပြောမလုပ်ခဲ့သလို အားယွမ်ကိုပင်တစ်ချက်လှည့်မကြည့်ခဲ့ပေ....
ရှောင်းကျန့်၏မားမားမှာလဲ ခင်ပွန်းနှင့်သားကြား ဗျာများပြီး စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ရသည်....အရာအားလုံးအတွက် အပြစ်ရှိသူမှာမိမိတစ်ယောက်တည်းဟု ရှောင်းကျန့်သဘောထားသည်။ ထို့ကြောင့် ဖခင်၏ဒေါသများအားယွမ်အပေါ်မကျရောက်ရေးအတွက် ပေကျင်းဆေးရုံမှာ အလုပ်ဝင်ပြီး မိဘများနှင့်ခွဲနေခဲ့သည်။
သို့သော် ရှောင်းကျန့်၏မားမားမှာ သားဖြစ်သူနှင့်မြေးလေးအတွက် ရတတ်မအေးနိုင်ရှာသဖြင့် ဝမ်ရိပေါ်၏မားမားထံ အကူအညီတောင်းခဲ့ခြင်းဖြစ်သည်.....ဒီအကြောင်းအရာတွေကို မားမားပြန်ပြောပြမှ ဝမ်ရိပေါ်သိရသည်...
ကျန့်ကောက ဆေးရုံမှအကြောင်းများ၊ အားယွမ်ရဲ့ကျောင်းအသစ်မှအကြောင်းများကို စီကာပတ်ကုံးပြောပြတတ်သော်လဲ သူ့အကြောင်းနှင့်ပတ်သက်၍ များများစားစားအပြောပြခဲ့။မနက်စောစောထပြီး အားယွမ်နှင့်ဝမ်ရိပေါ်အတွက် အစစအရာရာပြင်ဆင်လုပ်ကိုင်ပေးဖို့ ရှောင်းကျန့်မမေ့မလျော့တာဝန်ယူသည်....
ညဘက်တွေ ဝမ်ရိပေါ်ပြန်ရောက်တဲ့အချိန်ထိ မအိပ်ပဲစောင့်နေတတ်သည်...
နောက်ပိုင်းတွင်တော့ ညဘက်တွေဆို၈နာရီမတိုင်ခင် ဝမ်ရိပေါ်တိုက်ခန်းကိုပြန်ရောက်နေတတ်သလို မနက်စောစောထပြီး မနက်စာပြင်တတ်သည့်နေ့ရက်တွေလဲ အရေအတွက်တိုးလာသည်...
YOU ARE READING
Goodbye My Love ||Completed||
Fanficနှလုံးသားကိုမျက်ကွယ်ပြုဖို့မတတ်နိုင်တဲ့အခါ အဆုံးစွန်ချစ်မိဖို့ ကျွန်တော်တို့နှစ်ယောက်ရွေးချယ်ခဲ့ကြတယ်...