Unicode ver....
နိုင်ငံတိုင်းက မင်းသား မင်းသမီးငယ်တို့
လန်နိုင်ငံတို့ရောက်လာပြီး
တိမ်လွှာနန်းမြိုင်မှာ ပညာလာသင်ကြ
လေသည်မင်းသားဝေ့ဝူရှန့်လည်းပါလာလေသည်
ဝေ့ဝူရှန့်တို့ တိမ်လွှာနန်းမြိုင်ကိုရောက်လာတာ သုံးရက်ရှိလေပြီ ဆရာရှေ့က ထိုင်ခုံမှကျ
ထိုင်လူမရှိသေး မည်သူကမှလည်း ထိုင်ခွင့်မရှိခဲ့မာနကြီးမင်းသား ကျင်းဇီရွှမ်းကတောင်ထိုင်ခွင့်မရှိ မင်းသားငယ်ဝေ့ဝူရှန့်ကတော့ရှေ့ထိုင်ခုံ အခြားတစ်ဖက်မှာ ထိုထိုင်ခုံလွှတ်နဲ့ အလယ်လမ်းသာခြား၏
နားချိန်လည်း ဖြစ်လေ့လာစရာလည်း
မရှိသေးတာကြောင့်ဝေ့ဝူရှန့်လျှောက်ဆော့ရင်း ထိုတားမြစ်နေရာကိုရောက်လာလေသည်တိမ်လွှာနန်းမြိုင်ရဲ့ရေတံခွန်မှာ
ဝေ့ဝူရှန့်မနေနိုင်စွာ ထိုနေရာကိုခိုးဝင်ချင်
လာလေသည်ကျေးငှက်တွန်သံကောရေတံခွန်သံကော
လေအေးအေးလေးရယ်ချယ်ရီပန်းတွေရယ်ဝေ့ဝူရှန့်ကို ထိုအရာတွေက ဆွဲဆောင်နေလေသည်
ဝေ့ဝူရှန့်ဝင်သွားတော့ ယုန်ဖြူဖြူလေးတွေက
အပြည့်ဝေ့ဝူရှန့်ပတ်ဝန်းကျင်ကိုကြောင်ကြည့်ရင်း
ယုန်ခလေးနောက်ပြေးသွားရင်း တစ်နေရာအရောက်ဝတ်ရုံဖြူနဲ့ လူတစ်ယောက်က
ယုန်ခလေးတွေကြားငြိမ်သက်နေလေရဲ့
ခန့်ညားလိုက်တာထိုလူက ယုန်လေးကိုချပြီး ဗြက်စောင်းကိုထုတ်တီး လိုက်လေသည်
သာယာလိုက်တာ ဘယ်လိုသံစဉ်လေးလည်း
သာယာနေသလောက်ဝမ်းနည်းသွားသလို
အထီးကျန်လိုက်တာ မဟုတ်သေးဘူး သံစဉ်က လူကိုညို့ယူနေသလိုပဲငြိမ့်ညောင်းလှတဲ့ ဗြက်စောင်းသံကြောင့်
ဝေ့ဝူရှန့်မလှုပ်ရှားမိ
ESTÁS LEYENDO
Lover's blood debt (ချစ်သူ့သွေးကြွေး)(complete)
FanficUnicode ver.... မင်းကို မချစ်ရင် သေရမယ် ဆိုရင်တောင် ငါ အသေပဲ ခံလိုက်မယ် မင်းကိုတော့ ဘယ်တော့မှ ချစ်မှာ မဟုတ်ဘူး မင်းမသေမချင်းမှတ်ထား ငါမင်းကို မုန်းတယ် မုန်းတယ် အရမ်းမုန်းတယ် #waiwuxian #waiyin မင်းကို အသေခံပြီး ချစ်ရမယ် ဆိုရင်တောင် ငါပျော်ပျော်ကြီ...