အပိုင်း1

38 1 1
                                    


•° မကြွေပါနဲ့ Hyunငယ် °•
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°

" ကြယ်တွေကြွေနေတယ်...Yeol ah... "

baekhyun ကောင်းကင်မှ ကြွေလွင့်နေသောကြယ်ကြွေများကိုငေးမောရင်းရွေရွတ်လိုက်သည်

လက်တဖက်က လည်တိုင်ပေါ်ရှိအရာလေးတခုကိုဖွဖွလေးဆုပ်ကိုင်ထားသည်

လည်တိုင်ပေါ်တွင် ဆုပ်ကိုင်ထားသောလက်ထဲတွင်တော့ စိန်ပွင့်တစ်လုံးပါသောကြယ်ပုံလည်ဆွဲလေးက လရောင်နဲ့လိုက်ဖက်စွာတဖျက်ဖျက်တောက်ပလျက်ရှိသည်။

Baekခပ်ရေးရေးလေးပြုံးလိုက်သည်။ထို့နောက် လည်ဆွဲမှကြယ်လေးကိုထိတွေ့နေလေသည်။

" မင်းပြောသလိုကောင်းကင်ကြီးဝမ်းနည်းနေမလား Chanyeol "

တိုးလျလျအသံကနောက်ပိုင်းတွင်တိမ်ဝင်ပျောက်ကွယ်သွားပြန်သည်

အင်း...ဒီအချိန်မှာ Chanyeolရောဝမ်းနည်းနေလေမလား

ကြယ်တွေကြွေရင်...သူငိုနေလေဦးမလား

ကြယ်တွေကိုချစ်တတ်တဲ့သူ...တချိန်ကဒီမြင်ကွင်းကိုစွဲစွဲလန်းလန်းကြည့်ခဲ့တဲ့ကျွန်တော့်ကိုအပြစ်တင်နေဦးမလား...

သူ...ကျွန်တော့်ကိုချစ်နေပါဦးမလား

သူ့ရဲ့ကြယ်လေးကိုရော....

_____________________________
2016 Seoul

ကျောင်းစဖွင့်ချိန် ရောက်ပြီမို့ ဆိုင်ခန်းအတွင်းပူအိုက်လျက်ရှိသည်။လေးအေးစက်မရသောဆိုင်ဖြစ်သဖြင့် နဖူးတွင်းချွေးများခိုဝဲလျက်ရှိသည်။တော့ပိုကီ အားနှစ်နှစ်ခြိုက်ခြိုက်စားရင်း ချစ်သူငယ်ချင်းကြီးပြောသမျှကို လျစ်လျူရှုထားလိုက်သည်။

" အဟွတ် အဟွတ်... "

" ဖြည်းဖြည်းစားစမ်းပါ Baekhyunရာ မင်းဟာဘယ်သူမှလုမစားဘူး "

" အချေကောင် ရေအရင်ပေး အဟွတ် ...ရေအရင်ပေးစမ်းပါ "

" ကဲကဲ ရော့...ဖြေးဖြေးစား. . . . နင်မယ် "

Sehunကပြောလည်းပြော ရေလည်းကမ်းပေးလိုက်တော့ sehunလက်ပေါ်ကလက်စွပ်ကိုကBaekhyunအတိုင်းသားမြင်လိုက်ရသည်

မကြွေပါနဲ့ hyunငယ်Where stories live. Discover now