မင်းသားနဲ့ကျွန်တော် 💙💚 part-32

620 73 6
                                    

Unicode...

Unicode...
ဘေဘီ ကိုပြေးဖတ်လိုက်တဲ့အချိန် အရမ်းလွမ်းနေခဲ့တာ
ဘေဘီကိုတင်းနေအောင်ဖတ်ထားလိုက်ပြီး လိမ်ခဲ့မိတာ
တွေတွက်တောင်းပန်လိုက်တယ် ခါးနောက်ခြမ်းကနားကျင်မှုကိုအံတုရင်း နောင်ထပ်ပြောခွင့်မရလိုက်မှာကြောက်လို့အားတင်းရင်း......ချစ်တယ်ဘေဘီ.......

တင်းနေအောင်ဖတ်ထားတဲ့သူ့ရဲ့လက်တွေအားပျော့လာပြီး သူ့အသံတိုးတိုးလေးနဲ့ချစ်တယ်ပြောလို့အပြီးပခုံးပေါ်ကျရောက်လာတဲ့သူမေးဖျားလေး သူ့တစ်ကိုယ်လုံးအားမရှိသလိုကျွန်တော့်ပေါ်ကိုပြိုကျလာတော့ သူခါးကိုလှမ်းအဖတ် စိုစိုစိစိခံစားမှုနားထဲကြားလိုက်ရတာ အာမေဋိတ်အသံတွေ နဲ့အတူ .......ထိတ်လန့်နေတဲ့လူတစ်ယောက်ရယ်
ဓားကိုလွတ်ချပြီးသူ့လက်ကပေနေတဲ့သွေးတွေကိုကြည့်ကာခြောက်ခြားစွာအော်နေတယ်...သွေးတွေသွေးတွေက
ကျွန်တော့်meanရဲ့သွေးတွေလား......
ကျွန်တော်အားမရှိသူတစ်ယောက်လိုခွေကျသွားမိတယ်သူ့ကိုယ်လေးကိုထိန်းရင်း........

ချလွင်....ဓားကအစစ်ကြီးလား....ငါ...ငါမသိဘူးနော်...
ငါသတ်တာမဟုတ်ဘူး.....ဒါဘယ်လိုဖြစ်တာလဲ.......

ဓားကဘာလို့အစစ်ဖြစ်နေတာလဲ...သွားပြီထိုးမိကုန်ပြီ...
အရေးပေါ်ကားခေါ်....အရေးပေါ်ကား......

ကျွန်တော့်လက်မှာပေနေတဲ့သွေးတွေကိုတုန်ယင်စွာကြည့်ရင်းအော်ခေါ်နေမိတဲ့သူ့နာမည်လေး....သူကတော့
ကျွန်တော့်ပြုံးနေသယောင်လေးမျက်လုံးလေးတွေမှေးစင်းလျှက်ကျွန်တော်ရင်ခွင်ထဲငြိမ်သက်စွာ.......

အရေးပေါ်လူနာတင်ယာဉ်ရောက်လာပြီးသူ့ကိုခေါ်သွားချိန်...ကျွန်တော့်ရင်ထဲသူဘာမှမဖြစ်ပါစေနဲ့လို့သာ
အကြိမ်ကြိမ်ဆုတောင်းနေမိတယ်......
ဆေးရုံရောက်တာနဲ့ခွဲခန်းထဲသွင်းလိုက်ကြတယ်.....
ခွဲခန်းရှေ့ကျွန်တော်ငူငူငိုင်ငိုင်ကြီးရပ်နေမိတယ်.......
ပါးပြင်ထက်မှာကျွန်တော့်မျက်ရည်တွေစီးကျလာတယ်...
အဖြစ်ပျက်တွေကမြန်ဆန်လွန်းတော့ဘယ်လိုနားလည်
ရမှန်းတောင်မသိတော့ဘူး....ရိုက်ကွင်းမှာလူတွေဝိုင်းအုံ့ကြည့်ဓာတ်ပုံတွေရိုက်နေလည်းကျွန်တော်ဂရုမစိုက်နိုင်တော့ဘူး....ဆေးရုံတောင်ဒယ်ဒီအပိုင်မို့ ဘယ်သတင်းသမားမှဝင်ခွင့်မပေးဘဲပိတ်ထားလိုက်တယ်.......

မင်းသားနဲ့ကျွန်တော် 💙💚 Wo Geschichten leben. Entdecke jetzt