မင်းသားနဲ့‌ကျွန်တော် part-35

580 54 0
                                    

Unicode
အချစ်နဲ့စက်ဝန်းတစ်လျောက်ယနေ့ရာသီဥတုသာယာသည် မသာယာနိုင်တာကကျွန်တော်
‌ကြော်ငြာရိုက်ကူးရေးတစ်ခု‌ကြောင့် ခေါင်ရိုင်သို့အားချင်းလာခဲ့ရသည် ဇာတ်ကားတွက်ရော ကြော်ငြာတွက်ပါအချိန်နှစ်ရက်လောက်နေရမယ်
ဆိုတော့ ကိုကိုနဲ့နှစ်ရက်ကြီးများတောင်ခွဲရအုံးမယ် တစ်ခြားရိုက်ကူးရေးကနေကူးလာတာဆိုတော့ကြိုလည်းမ‌ပြောထားမိဘူး ဘန်ကောက်ကနေသုံးနာရီကြာကားစီးပြီးတစ်လမ်းလုံးအိပ်ပျော်လာတာမို့ဖုန်းအခုထိမဆက်ရသေး
ခေါင်ရိုင်ရောက်တော့လည်း မမှောင်ခင်စပျစ်ခြံထဲ
ရသလောက်ရိုက်မယ်ဆိုတော့ရေမိုးချိုးအမြန်ပြင်ဆင်ရတာနဲ့ တော်ရုံနဲ့ဖုန်းမဆက်ဖြစ်
အကုန်ပြီးစီးတော့ ဖုန်းကိုင်လိုက်တော့ miss call ပေါင်းများစွာကကြိုဆိုလျက် ..........
ညနေရောက်တဲ့ထိတစ်ချက်မှဖုန်းဆက်ပုံ
‌‌တာ့မရရင်တော့အလုပ်ရှုတ်နေတာဖြစ်မယ်
ထင်တဲ့တိုင်းပဲဖုန်းခေါ်နေတာကြာပြီအခုထိမကိုင်သေးဘူး............

‌ချော့ရတော့မယ်အရိပ်ယောင်တွေမြင်နေရတယ်
ဖုန်းမဆက်မိတဲ့ကိုယ့်အပြစ်ပဲလေချော့ရပေအုံးမယ် လက်ချောင်းတွေကိုအလုပ်ပေးလိုက်ပြီး
ကိုကိုဆိုတဲ့contactလေးဆီရွေ့လျားလိုက်တယ်

ဟဲလိုဘေဘီ‌ပြော........

စစကြားလိုက်ရတဲ့အသံကနည်းနည်း
ကောင်းပုံထောက်ရင်အရမ်းစိတ်ဆိုးမနေဘူးထင်တယ်...........ဟိုလေဘေဘီခေါင်ရိုင်ရောက်နေတယ်အဲဒါနှစ်ရက်လောက်ကြာမယ်အခုလည်း
မအားလို့ဖုန်းမကိုင်ဖြစ်တာသိလား........
ခေါင်ရိုင်မှာကြော်ငြာရိုက်ကူးရေးရှိတာကြိုမ‌
ပြောမိလို့တောင်းပန်ပါတယ်.....

ဘာလို့တောင်းပန်နေတာလဲအလုပ်ကိစ္စပဲလေတောင်းပန်စရာမှမလိုတာအဲဒါဆိုဘယ်နေ့ပြန်လာမလဲ........

မနက်ဖြန်တစ်ရက်ရိုက်ပြီးရင်ပြီးပြီသဘက်ခါမနက်ရောက်မယ်.......

အွန်းအစားသေချာစားကျန်းမာရေးဂရုစိုက်
ဘေဘီမရှိတုန်းအိမ်ခဏပြန်အုံးမယ်ကို့အတွက်စိတ်မပူနဲ့အလုပ်သေချာလုပ် ဒါပဲနော်ကိုအလုပ်ရှိသေးလို့ bye.......

အဲ...အင်း...bye.....

အခုစိတ်ဆိုးတာသူမဟုတ်ဘဲကျွန်တော်ပဲ...
ဘာလဲတော်တော်ချော့ရမယ်ထင်တာအခုတော့
သူကဘာမှမဖြစ်သလိုဘဲငါကပဲစိတ်ထဲအရမ်းထည့်နေမိလို့လားဒါမှမဟုတ်မေ့နေတာလား
စကားတောင်သေချာမပြာနိုင်အလုပ်ရှုတ်တဲ့ပုံလာလုပ်ပြ‌နေတယ်တကယ်ဆိုရင်မနက်ဖြန်အတူရှိ‌နေမ‌ပေးနိုင်တဲ့တွက်စိတ်မကောင်းဘူး
ဘေဘီမအားတဲ့တွက်စိတ်ဆိုးတယ်ဖြစ်ဖြစ်ပေါ့အလိုမျိုးတခုခုတော့ဖြစ်သင့်တာပေါ့
ဒါပေမယ့်အခုဟာက.........
ဂါး...........သိတော့ဘူးမုန်းတယ်မုန်းတယ်
Meanphiravichမင်းကိုငါမုန်းတယ်................

မင်းသားနဲ့ကျွန်တော် 💙💚 Dove le storie prendono vita. Scoprilo ora