မင်းသားနဲ့ကျွန်တော် 💙💚 part-21

599 78 15
                                    

Unicode...

Maeနဲ့ကျွန်တော့်ကိုmediaသမားတွေinterviewဝိုင်းမေးကြတော့ ကျွန်တော်ရဲ့N'Meanလည်းပါတယ်သူရဲ့ မေးခွန်းလေးတွေကmaeကိုဖြေရခက်စေတဲ့အတွက်ကျွန်တော်ကျေနပ်တယ် သူရဲ့အဲ့ပုံစံလေးကိုကျွန်တော်စတင်ရင်နှီးခဲ့တာလေ စစတွေ့ခဲ့တဲ့အချိန်လေးတောင်သတိရသေး maeကတော့meanမေးလိုက်တဲ့မေးခွန်းကြောင့် ရှက်ပြီးပွဲပြီးတဲ့ထိတောင်မနေဘဲ
တန်းပြေးတော့တာပဲဒေါသလည်းထွက်သွားပုံရတယ်
ဒါနဲ့Meanကကျွန်တော်ပင်လယ်စာနဲ့မတည့်တာသိနေခဲ့တာလား ကျွန်တော့်အကြောင်းကိုသူစုံစမ်းထားတာလား
ကျေနပ်တယ်အရမ်းကျေနပ်တယ်အလုပ်သဘောအရလိုအပ်လို့စုံစမ်းပြီးသိတာပဲဖြစ်ဖြစ်ဘာကြောင့်သိတာပဲဖြစ်ဖြစ်ကျေနပ်တယ် မွေးထားတဲ့အမေတောင်မသိဘူးလေ....

Interviewကိစ္စပြီးတော့ daddyကသီချင်းဆိုခိုင်းတာနဲ့ပြီးတော့meanလည်းရှိနေတော့သူ့ကိုဆိုပြချင်တာလည်းပါတယ်ခံစားချက်တွေကိုသီးချင်းလေးနဲ့ဖော်ပြလိုက်တယ် စင်အောက်ကနေသူကျွန်တော့်ကိုကြည့်နေတယ်သူကြည့်နေမှန်းသိလို့သူ့မျက်ဝန်းတွေကိုစိုက်ကြည့်ပြီးကိုဆိုပြခဲတာ.....

You and you onlyသီချင်းထဲကလိုဘဲ
N'meanက ကျွန်တော့်ဘဝတွက်အထီးကျန်မှာတွေကို
ကုသပေးနိုင်တဲ့သူ ကျွန်တော့ရဲ့ဝမ်းနည်းမှုတွေကို
ဖယ်ရှားပေးနိုင်တဲ့သူ ဒီသီချင်းလေးကိုဆိုဖို့ဆုံးဖြတ်
လိုက်တယ်အစကတော့သီချင်းဆိုဖို့အစီစဉ်မရှိဘူးဒီနေ့ပွဲမှာသူရှိနေတာကြောင့်အတော်ပဲဖြစ်သွားတယ် ......

သီချင်းဆိုပြီးတော့Daddyကအရေးကြီးသူ့မိတ်ဆွေနဲ့မိတ်ဆက်ပေးဖို့ဆိုပြီးVipဝိုင်းကိုခေါ်သွားတယ်
ပြီးတော့အဲ့အန်ကယ်နဲ့အတူပါလာတဲ့သူ့သမီးsizarနဲ့
မိတ်ဆက်ပေးတယ် ကောင်မလေးကချစ်ဖို့ကောင်းတဲ့ပုံစံလေးပေမယ့်ကျွန်တော့်ရင်ဘက်ထဲကိုတော့မရောက်ခဲ့ဘူး
ကျွန်တော့ရင်ဘက်ထဲရောက်နှင့်နေပြီးသားကရှိတယ်လေ
အဲ့လူကအခုကျွန်တော့်ကိုလှမ်းကြည့်နေတယ်အကြည့်စူးစူးတွေနဲ့ သူ့မျက်ဝန်းတွေကိုအဖြေရှာခဲ့တာကြာပြီ
မျက်ဝန်းချင်းဆုံတိုင်းသူကလွှဲလွှဲသွားတက်တာရယ်.....တခါတခါကိုယ့်ကိုကြည့်နေတဲ့မျက်ဝန်းတွေကတစ်ခုခုကိုပြောချင်နေသလိုလို အခုလည်းအဲ့ဒိအကြည့်စူးစူးလေးတွေနဲ့ဘယ်ချိန်ထိကြည့်နေမလဲအလိုမကျသလို
ဖြစ်နေတဲ့သူ့မျက်နှာတွက်ထပ်ပြီးသေချာချင်လို့ sizarနဲ့တစ်ရင်းတစ်နှီးဖောင်ဖွဲ့ပြောနေလိုက်တယ်.......
သေချာတယ်စားပွဲဝိုင်းကဝိုင်တွေတစ်ခွက်ပြီးတစ်ခွက်သောက်နေတာဘေးကတားနေပေမယ့်ရပုံမပေါ်ဘူး
ကျွန်တော်sizarနဲ့တရင်းတနှီးဖြစ်နေလို့
သူဒေါသထွက်နေတာလား အဲဒါဘာကြောင့်ပါလဲ.......
ခဏနေတော့သူအဲ့ဝိုင်းမှာတင်မှောက်သွားတယ်
Pondဆိုတဲ့တစ်ယောက်ကသူကိုတွဲပြီးဆွဲထုတ်သွား
တာတွေ့တယ် Daddyနဲ့လူကြီးတွေကိုနှုတ်ဆက်ပြီး
P'pupaeကိုလည်းတစ်ယောက်ထဘဲပြန်တော့မယ်ပြောပြီးMeanနောက်ကိုအမြန်ပြေးလိုက်ရတယ်......

မင်းသားနဲ့ကျွန်တော် 💙💚 Onde histórias criam vida. Descubra agora