Cupidလေးရဲ့မြားနတ်မောင်
~Episode-1~
Beijingတက္ကသိုလ်
//ကျောင်းရှေ့က ဆိုင်ခေါက်ဆွဲဆိုင်လေးထဲတွင်ဖြစ်သည်//
Skateboardလေးဘေးချပြီး ခဏနေ Tutorialဖြေရတော့မည်မို့ မနက်စာကိုအမြန်စားနေရတဲ့ သူတစ်ယောက်
ဦးထုပ်ကအစ ဖိနပ်အဆုံး မဲမှောင်နေတဲ့ fashionနဲ့လူသားလေးYibo
ခဏကြာတော့ ပိုက်ဆံကိုပန်းကန်နဲ့ဖိပြီး ဆိုင်ရှင်အဒေါ်ကြီးကို အော်ပြောကပြေးရတော့သည်"မာမားရေ သားသွားပြီ ပိုက်ဆံကိုပန်းကန်နဲ့ဖိခဲ့ပြီနော်"
"ဟုတ်ပြီသားလေး ဖြည်းဖြည်းသွားဦး"
"ဟုတ် မာမား"
ဆိုင်ရှင်အဒေါ်ကြီးလှမ်းပြောခြင်းကို ပြေးရင်းလှမ်းအော်သွားတဲ့ Yibo
ပထမနှစ်ထဲက ခင်လာကာ
ဆိုင်မှာလာစားသမျှ ကျောင်းသားတွေကို ကိုယ့်သားသမီးတွေလိုချစ်ပေးသော
ဆိုင်ပိုင်ရှင် အဒေါ်ကြီးကို အားလုံးက ချစ်စနိုးဖြင့် မာမားခေါ်ကြသည်လှေခါးထစ်ဆုံးသည်နှင့် Yiboတစ်ယောက် ပါလာတဲ့skateboardကို ချစီးသွားတော့သည်
လမ်းလျှောက်ရင် 10မိနစ်လောက်ကြာနိုင်သည့်လမ်းကို skateနှင့် 5မိနစ်အတွင်း ရောက်အောင်သွားရပေတော့မည် အချိန်အားဖြင့် မနက် 8:55 Tutorial ဖြေရန် 5မိနစ်အလို တနည်းအားဖြင့် သူတို့စာသင်ခန်းပိတ်ရန် 5မိနစ်အလို8:59:30sec
အခန်းဝမှာရပ်နေတဲ့ တံခါးပိတ်တော့မည့်ဆရာရှေ့ကနေ့ လေအလျှင်နှင့်ပြေးဝင်းပြီး လွတ်တဲ့ခုံမှာထိုင်ချလိုက်သည်သေချာကြည့်မိတော့ ရှေ့ဆုံးခုံ သူ့အတွက်တော့သိပ်မထူးဆန်းပါ
သူတို့အခန်းက ကိုယ်ပိုင်နေရာမသတ်မှတ်ထား အရင်ရောက်တဲ့သူတွေက နောက်ဆုံးတန်းကိုသာရွေးကြသည် နောက်ကျလေ ရှေ့ရောက်လေပေါ့နောက်ဆုံးဖြစ်တဲ့Yiboတစ်ယောက်ကတော့ ရှေ့ဆုံးတန်းနဲ့မိတ်ဆက်နေကြပါ သူ့ထက်အနဲငယ်သာစောတဲ့သူ့သူငယ်ချင်း အပျိုကြီး တဖြစ်လဲ Zhou Cheng
ကတော့ သူ့ဘေးမှာပေါ့ တခြားသူတွေသာနေရာပြောင်းမယ် သူတို့ကရှေ့ဆုံးတန်းကတစ်ဖဝါးမှမခွာရပါ မသိရင် hyperကြီးတွေလိုလို
YOU ARE READING
Cupidလေးရဲ့ မြားနတ်မောင်
Romanceလူတွေအချစ်ကို ဘယ်လိုပဲ အဓိပ္ပါယ်ဖွင့်ဖွင့် တကယ်တမ်းတော့ အချစ်စစ်ဆိုတာ သူတို့ ပြောနေတာတွေထက်လေးနက်လွန်းပါတယ်