Episode-5 (Final)

2.3K 207 15
                                    

Cupidလေးရဲ့ မြားနတ်မောင်

Episode-5 (Final)

မနက်ဝေလီဝေလင်း နေအလင်းရောင်မမြင်ရသေးတဲ့အချိန် လူမရှိတဲ့နန်းဆောင်ဟောင်းတစ်ခုရဲ့ ခြံဝင်းထဲမှာ မြူခိုးတွေကြောင့် ဘေဘီဝဲယာကိုမမြင်နိုင်ပါ
ကျွန်တော်ဒီကိုဘာလို့ရောက်နေရတာလဲ

"ကိုကိုရေ…!
ကိုကိုဘယ်မှာလဲ…!
ကျွန်တော့်ကိုလာခေါ်ပါ ကျွန်တော်အမှောင်ကြောက်တယ်လို့
ကိုကို!!!!"

မျက်လုံးစုံမှိတ်ပြီး အသံကုန်အော်ကာ ထိုင်ချလိုက်မိတယ်
အဲ့ဒီအချိန် တစ်ယောက်ယောက်က ကျွန်တော့်လက်ကိုဆွဲခေါ်သွားတာကိုခံလိုက်ရတာမို့ မျက်လုံးမှိတ်ထားရက်နဲ့ကို ထိုသူဆွဲခေါ်ရာနောက်ကိုပါသွားပါတယ်

ထိုသူ……
ဟုတ်တယ် အဲ့ဒီလူ
အဲ့ဒါကျွန်တော့်ကိုကိုရယ်ပါ
မျက်နှာကိုမမြင်ရရင်တောင် ခြေသံကအစ အထိအတွေ့တစ်ခုကအစ မှတ်မိနေတာ ကျွန်တော်သဘောအကျဆုံးက ကိုကို့ဆီကအမြဲရနေတဲ့ လိမ္မောသီးနံ့လေး ကိုကိုက ရေချိုးသန့်စင်တိုင်း ရေနွေးနွေးထဲမှာ လိမ္မော်သီးဖက်လေးတွေထည့်ပြီး သန့်စင်တာရယ် ဘယ်လိုသိလဲဆိုတော့ အဟိ…ရှင်းရှင်းလေးရယ် သွားချောင်းထားလို့သိတာပေါ့ ခင်ဗျားတို့သိသွားရင်လဲ ကိုကို့ကိုသွားမပြောနဲ့နော်

"အိမ်ရှေ့စံလေး… အိမ်ရှေ့စံလေး… မျက်လုံးဖွင့်ကြည့်ပါဦး ကျွန်တော်မျိုးရောက်လာပြီလေ"

ဟီးး ရှက်လိုက်တာ ကိုကို့ကိုယ်သင်းနံ့ကို စာဖွဲ့ပြီးပစ်မှားနေရင်း ကိုယ့်ရှေ့မှာရှိနေတဲ့ကိုကို့ကိုမေ့သွားတာ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျွန်တော့်အိပ်ဆောင်နောက်က ကြာကန်နားကိုရောက်နေတာပါ

ဒါနဲ့ တဆိတ်

"ကိုကိုကျွန်တော့်ကို ဘယ်လိုကြီးခေါ်လိုက်တာလဲ အိမ်ရှေ့စံတွေရော ကျွန်တော်မျိုးတွေရော အဲ့လိုကြီးမခေါ်ပါနဲ့ဆိုတာကို မနေ့ကအထိကို ညီတော်လို့ခေါ်သေးတာကို ဘာတွေစိတ်ကူးပေါက်သွားလဲ

ပြီးတော့ ကိုကိုကကျွန်တော့်ကိုကိုပဲဟာ  ကျွန်တော့်ဆရာဆိုလဲဟုတ်တာပဲ
ဓားရေးလှံရေး မြားပြစ်အပြင် စာပေလေ့လာတာပါ ကိုကိုသင်ပေးနေတာ မဟုတ်ဘူးလား"

Cupidလေးရဲ့ မြားနတ်မောင်Место, где живут истории. Откройте их для себя