Episode-2

1.9K 176 4
                                    

Cupidလေးရဲ့ မြားနတ်မောင်

~Episode-2~

*မင်းငါ့ခွင့်ပြုချက်မရပဲ ဘာမှမဖြစ်ရဘူး ကောင်လေး*

Xiao Zhan တစ်ယောက် Yiboကိုပွေ့ထားရင်းနဲ့ပဲ ရေကူးကန်အဆောင်ကနေပြန်ပျောက်သွားပြန်တယ် စက္ကန့်ပိုင်းလောက်အကြာမှာတော့ သူ့အိမ်ရဲ့မြေအောက်ခန်းထဲမှာ ပြန်ပေါ်လာခဲ့တယ်
အခန်းတစ်ခုလုံးအပူချိန်
-10°လောက်ဖြစ်နေပြီး
အခန်းအလည်မှာ နီဆွေးဆွေးအရောင် ကျောက်ကုတင်ကြီးတစ်ခုရှိနေတယ်

Yiboကိုကျောက်ကုတင်ပေါ်တင်လိုက်ပြီး Xiao Zhanလက်တစ်ဖက်ကိုဖြန့်ကာ မျက်လုံးမှိတ်ပြီး ခဏအာရုံပြုလိုက်တော့ လက်ဖဝါးအလိုလျောက်ပေါ်လာတဲ့ ပြာလဲ့လဲ့ဆေးလုံးလေး
Xiao Zhanအချိန်ဆွဲမနေတော့ပဲ ဆေးလုံးကို Yiboပါးစပ်ထဲ ထည့်ပေးလိုက်တယ်
ချက်ချင်းဆိုသလို သွေးမရှိလို့အပြာရောင်သမ်းနေတဲ့ Yiboနှုတ်ခမ်းလေးဟာ အရင်ကလို ခပ်ရဲရဲလေးပြန်ဖြစ်လာခဲ့တယ်
ထိုအချိန်မှပဲ Xiao Zhanတစ်ယောက် သက်ပြင်းချနိုင်ပြီး ကျောက်ကုတင်ဘေးကခုံပေါ် ထိုင်ချလိုက်ပါတယ်

"ငါမလုပ်နိုင်တော့ဘူးထင်တာ တော်သေးတယ် ငါ့အရည်အချင်းတွေမကုန်သေးဘူးပဲ…
ဒီလောက်ဆို စိတ်ချရပြီ… မင်းသိပ်ဆိုးတယ်ကောင်လေး…
ဒါပေမယ့်မင်းလိမ္မာတယ် ကိုယ့်ဆီပြန်လာပေးလို့"

Yiboစိတ်ချရတဲ့အခြေအနေရောက်မှ အခန်းထဲကထွက်ခဲ့လိုက်တယ်
မိမိကိုယ်တိုင်လဲ တစ်ကိုယ်လုံးရေရွှဲနေသည်မို့ အဝတ်အစားတော့လဲရဦးမယ်လေ သာမာန်လူတွေလိုဖျားတာနာတာမဖြစ်ပေမယ့် သူတို့လိုလူမျိုးတွေနေမကောင်းဖြစ်ရင် သာမာန်လူသား ဆရာဝန်တွေမကယ်နိုင်တာ သူသိသည်
…_…_…_…_…_…

အဝတ်အစားလဲပြီး အနက်ရောင် တယောလေးကိုကိုင်ကာXiao Zhanတစ်ယောက် Yiboရှိတဲ့ ရေခဲခန်းထဲကိုပြန်ရောက်လာခဲ့သည် Xiao Zhan's pov:~

*Yiboကိုစမ်းသပ်ကြည့်တော့ လုံးဝမစိုးရိမ်ရတော့တဲ့အခြေအနေမို့
ဒီအခန်းထဲမှာဆက်မထားဖို့ဆုံးဖြတ်လိုက်တယ် ဆက်ထားရင် ပိုပြီးမြန်မြန်သတိရနိုင်ပေမယ့် အဲ့ဒီ့ဂျစ်တူးက ဒီအခန်းထဲမှာတင်သတိရလာရင် ဘာတွေလျှောက်လုပ်မယ်မတွေးရဲဘူးရယ် ထွက်ပဲပြေးမလား ကျွန်တော့်ကိုပဲ ထိုးကျိတ်သွားမလား တစ်ခုခုပဲ
ထစ်ကနဲဆိုလက်ပါတက်တဲ့ချာတိတ်ပါ

Cupidလေးရဲ့ မြားနတ်မောင်Nơi câu chuyện tồn tại. Hãy khám phá bây giờ