ep 3(unicode)

414 17 0
                                    

တခါမှမကြားဖူးသော သားငယ်အတွက်သီးသန့်ထားပေးထားသော ph ringtone လေးမြည်လာတာကြောင့်ကျနော် ပြုံးရင်းကိုင်မိသည်။

"ခဗျားကြီးမနက်ဖြန်ကြ ကျောင်းကိုလိုက်ခဲ့ပေးပါ''ဆိုပြီးစကားလေးတစ်ခွန်းပြောရုံနဲ့ပင် ကျနော်ပြုံးနေမိသည်။

ကျနော့်အမှားတွေကြောင့် သားငယ်တို့သားအမိကိုပြစ်ထားသလိုဖြစ်သွားတယ်။အဲ့အတွက်လဲကျနော်နောင်တဆိုတာကြီးကိုကောင်းကောင်းရနေပါပြီ။

သားငယ်........အမှန်တကယ်ကကျနော့်သွေးသားအရင်းဆိုသည်မှာ park chanyeol ဆိုသည့်လူသားလေးတစ်ယောက်သာရှိသည်။

မိဘတွေ၏လက်ထပ်ပေးမှုကြောင့်ငယ်သူငယ်ချင်းဖြစ်သူ..သူမကိုလက်ထပ်ခဲ့ရသည်။တချို့သောအကြောင်းတရားများကြောင့် ငြင်းဆိုဖို့ကျနော်ဝန်လေးခဲ့တယ်။ဒါကို သားငယ်အမေကအထင်လွဲကာ ကျနော့်ကိုထားသွားခဲ့သည်လေ..........

ကျနော်နောက်မှသိလိုက်ရတာ သားလေးကိုမွေးပြီးသူမတို့သားအမိ ဒုက္ခပင်လယ်ဝေနေသည်ဆိုတာပင်။ကျနော်သူမတို့သားအမိကိုရှာတွေ့ချိန်နောက်ကျသွားခဲ့ရလေသည်။.

သားလေးရဲ့ပထမဆုံးတောင်းဆိုမှုကြောင့် အကောင်းဆုံးပြင်ဆင်ပြီး သားတို့ကျောင်းကိုသွားဖို့ပင်။

"ရောက်လာပြီလား''

"ဟုတ်ကဲ့''

"ဦး ထိုင်ပါ......ကျနော်ကျောင်သား park chanyeol နဲ့ပက်သက်ပြီး ဆွေးနွေးတိုင်ပင်စရာလေးရှိလို့ ဦးကိုခေါ်ခိုင်းလိုက်တာပါ''

"သားနဲ့ပက်သတ်ပြီးဘာများရှိလို့လဲ''

မျက်မှောင်ကြီးကျုံကာပြောနေသော ထိုငဂျစ်ရဲ့ဖခင်။ဘေးနားကဆရာတွေကလဲ သနားသလိုလိုအကြည့်တွေနဲ့ ဟူး~~~

"ဒီလိုပါ မနေ့ကကျောင်းသား parkက ကျနော့်အချိန်မှာ အခန်းထဲရှိကျောင်းသားတွေကိုရော ကျနော့်ကိုပါ မယဉ်မကျေးပြုမှုတဲ့အတွက် ကျနော်ကနောက်ဆိုဆင်ခြင်နိုင်အောင်မိဘခေါ်ပြီးပြောပြရတာပါ''

"အဲ့တာက သားလေးရဲ့အကျင့်ဘဲ.........သူ့လွတ်လပ်မှုနဲ့သူပေါ့''

Lovely Sam~~~Where stories live. Discover now