ep 5(unicode)

385 19 0
                                    

ဒီနေ့ ကျနော့်ရဲ့ samလေး ဆေးရုံကဆင်းမှာ သွားတွေ့ရင်ကောင်းမလား မသွားရင်ကောင်းမလား။

ကျနော့်ကိုတွေ့ရင် မုန်းနေတဲ့မျက်ဝန်းတွေနဲ့ကြည့်နေမလား?ဒေါသထွက်ပြီးကျနော့်ကိုနှင်လွှတ်မလား?ကျနော်မသိဘူး။အဲ့လိုလုပ်ရင် ကျနော်သူ့အပေါ်ဒီ့ထပ်ဆိုးတာများလုပ်မိမလားဘဲ။

"Min hunမင်းဘယ်သွားမလို့လဲ''

"Samဒီနေ့ဆင်းမှာလေ ငါsamဆီသွားမလို့ မင်းရောလိုက်ခဲ့မလား jon yong''

"အေး......အတန်းခေါင်းဆောင်အနေနဲ့ ငါ samကိုတောင်းပန်ချင်သေးတယ် လိုက်ခဲ့မယ်''

"မင်းကြောင့်မှမဟုတ်တာကိုကွာ''

"ငါ့ကြောင့်မဟုတ်ပေမဲ့ တစ်တန်းလုံးရဲ့ငချဉ်ကောင်က ငါတို့အတန်းသားလေ ငါ့မှာတာဝန် ရှိတာပေါ့''

"မင်းကလဲတိုးတိုးပြောစမ်းပါ''

"ကြားကြားကွာ အဖေကသူဌေးဆိုပြီး မိုက်နေတာဘာမှအဆံမရှိတဲ့အကောင် ကျောင်းကဖြေတဲ့စာမေးပွဲအမှတ်တောင်အောက်ဆုံးရနေတာဘဲကြည့်''

"ဟာ~~မင်းကလဲ''

"မင်းဘာစောက်စကားပြောလိုက်တာလဲ''

သည်းမခံတတ်တာကျနော့်အကျင့် အတန်းထဲမှာအေးဆေးထိုင်ပြီး samအကြောင်းလေးတွေးနေတာကို စောက်သုံးမကျတဲ့ကောင်က ဒေါသထွက်လာအောင်လာဆွတယ်။

အဟက် ရန်မဖြစ်ရတာကြာနေပြီ။

"လူစကားကိုလူလိုနားမလည်ဘူးလား''

"မင်းကလူစကားပြောတာလား ငါကခွေးစကားပြောနေတယ်မှတ်တာ''

"မင်း~~''

ခွပ်!!

Oုန်း~~~

ခွပ်~ခွပ်~~

"တော်တော့ chanyeol''

ဟင် ဒီအသံ!!

"မင်း ~~ကျစ် min hunမင်းတို့အတန်းပိုင်ဆရာသွားခေါ်''

ဟိုကောင့်အပေါ်တတ်ခွပြီးသူ့စောက်ခွက်တွေကိုလှိမ့်ထိုးနေရင်း ရင်းနှီးနေကြအသံလေးတစ်သံကြောင့်လှည့်ကြည့်မိတော့ တကယ်ဘဲကျနော့်ရဲ့ samလေးကို။

မျက်နှာလေးကို ၁ရက်လောက်မတွေ့ရတာတောင်လွမ်းနေတာ။

ကြည့်ကောင်းကောင်းနဲ့ကျနော် မျက်တောင်မခက်ကြည့်နေမိသည်။

"ဟာ sam hunအခုမှဆေးရုံဆင်းဆင်းခြင်းကို အခုလိုမြင်စေရလို့ကျနော့်အတန်းကိုယ်စားတောင်းပန်ပါတယ် ''

"ရတယ်ရတယ် ကျနော်လဲ စာရင်းတွေမပြီးသေးလို့ကျောင်းကိုတန်းလာလိုက်တာ ဆရာ့အခန်းရှေ့ကဖြတ်တော့ ဒီကျောင်းသားနှစ်ယောက်ရန်ဖြစ်နေတာတွေ့လို့ဝင်ရှင်းပေးလိုက်တာပါ''

"ကျေးဇူးတင်ပါတယ် sam hunရယ်''

"ရပါတယ်.......ဟိုအောက်ကကျောင်းသားကိုဆေးပေးခန်းအမြန်ပို့ပေးတာကောင်းမယ်ထင်တယ်''

"ဟုတ်တယ် အတန်းထဲကကျောင်းသားတွေမင်းတို့သူငယ်ချင်းကိုဆေးပေးခန်းအမြန်လိုက်ပို့လေ sam hunကျနော်လဲလိုက်သွားလိုက်ပါအုံးမယ်''

"ကောင်းပါပြီ ကျနော်အတန်းကိုခဏကြည့်ပေးထားပါ့မယ်''

"ကျေးဇူးထပ်ပြီးတင်ပါတယ် sam hunရယ်''

အားနာလို့ရယ်သာရယ်ပြလိုက်ရသည်။

ဟိုကလေးကိုကြည့်လိုက်တော့ မဲ့ပြုံးကြီးနဲ့ကြည့်နေလေရဲ့ ။

ကျစ်~~လျစ်လျူမရှုတတ်တဲ့ကျနော့်အကျင့် ကိုယ့်ညီအရွယ်ဆိုတော့လဲ လမ်းကောင်းကိုလျှောက်စေခြင်သည်။

"ကျောင်းသား chanyeol ဒီကိုခဏလာခဲ့''

ပြုံးပြုံးကြီးနဲ့လျှောက်လာသော ငဂျစ်ကောင်~~လန့်တောင်လန့်တယ်ဗျာ။

"ပြော~~''

"မင်းဘယ်အချိန်အထိ အခုလိုနေနေမှာလဲ''

"ကျနော့်အနား samမရှိတဲ့အချိန်တွေကြရင်အခုလိုဘဲ''

အနှောင့်အသွားမလွတ်တဲ့စကားတွေနဲ့ကွာ။

"အဟမ်း~~ မင်းနားငါရှိလဲငါ့တောင်မင်းကဆေးရုံတတ်ရအောင်လုပ်တတ်တာဘဲ ငါဘယ်လိုမင်းစကားကိုအတည်ပြုရမှာလဲ''

"အဲ့တာ samကကျနော့်ကိုလျစ်လျူရှုတာကို ပြီးတော့ samရဲ့first kissကိုအလောတကြီးပေးမိလို့ samမေ့လဲသွားတာလေ''

"မင်း~~''

"ချစ်ဖို့ကောင်းတယ် samဒေါသထွက်နေချိန်''

အတန်းရဲ့ထိပ်ဆုံး ဆရာတွေထိုင်ရတဲ့နေရာဖြစ်နေလို့သာပေါ့ နို့မို့ဆိုဒီစကားတွေအတန်းသားတွေအားလုံးကြားလောက်ပြီ။

ငါအလျော့ပေးလို့များသူရောင့်တတ်နေသည်လား?

"မင်းနေရာမင်းသွားထိုင်တော့''

သူနဲ့အတတ်နိုင်ဆုံးမပက်သတ်မိတာအကောင်းဆုံးဘဲ။


Lovely Sam~~~Where stories live. Discover now