အခန်း ( ၆ )
"သိုး ပြန်လာခဲ့ပါ။ မသွားနဲ့။ မင်း မသွားရဘူး။"
သူ တားနေပေမယ့် သိုးက ပြန်မလာပေ။ သူ အဆက်မပြတ် အော်ဟစ်နေသည်။ သူ့ ရင်ဘတ်တွေ တင်းကျပ်လာသည်။ အသက်ရှူမရအောင် ဆို့ကြပ်လာသည်။
"သိုး ငါ တောက်းပန်ပါတယ်။ ငါ မှားပါတယ်။ ငါ့ဆီ ပြန်လာပါ။"
သူ အားကုန် အော်လိုက်တော့ သိုး တစ်ချက်လှည့်ကြည့်သည်။ အိုး သိုးရဲ့အကြည့်တို့က စူးရှအေးစက်နေသလိုပင်။ အဆိပ်လူးမြားတစ်စင်းလို့ သူ့ရင်ကို စူးနစ်ဝင်လာသည်။ သူ့ရင်ဘတ်ထဲမှာ စူးအောင့်ကာ နာကြင်လှသည်။ သူ့ရင်ဘတ်က ထိုမျှလောက် မနာကြင်ဖူးပေ။ သူ တစ်ခုခု ပြောလိုက်မှ သက်သာမည်။ ထိုတစ်ခုခုမှာ……
"သိုး ငါလေ မင်းကို အရမ်းချစ်တယ်။"
သူ အသားကုန် အော်ပြောလိုက်သည်။ သိုးရဲ့မျက်လုံးများ ပို၍အေးစက် စူရှလာသည်။ သူ့ကို စက်ဆုတ်သလို ကြည့်လာသည်။
"မပြောနဲ့ ချစ်တယ်ဆိုတဲ့စကားကို မပြောနဲ့။ မင်း ပါးစပ်နဲ့ အဲဒီစကားနဲ့ မတန်ဘူး။ မင်းစိတ်ဓာတ်နဲ့ အဲဒီစကားနဲ့ မတန်ဘူး။ မင်းနဲ့ တန်တာ အမုန်းပဲ။ ငါ မင်းကို အရမ်းမုန်းတယ်။ သေတဲ့အထိ မုန်းတယ်။ အဲဒါမကျေသေးရငိ ဘဝဆက်တိုင်း မုန်းမယ်။"
ဟင့်အင်း မမုန်းပါနဲ့။ မင်း မမုန်းရဘူးနော်။ မမုန်းရဘူးလေ။ မင်း မင်းရင် ငါသေမှာ။ မင်းရဲ့စကားက ငါ့နှလုံးသားကို လက်နဲ့ အားရပါးရ ဆုတ်ညှစ်နေသလိုပဲဆိုတာ မင်းသိလား။ ငါ သေလိမ့်မယ်။ သူ အော်ဟစ်ပြောလိုက်ချင်သည်။ သို့သော် သူ ပြောခွင့်မရပေ။ သိုးက သူ့ကို ကျောခိုင်းကာ တစ်လှမ်းချင်း ထွက်ခွာသွားသည်။
သူ အိပ်ယာကနိုးလာတော့ ချွေးများ စ်ိုရွဲနေသည်။ သူရင်ဘတ်မှာ ယခုတိုင် လှိုက်ဖိုကာ ပြင်းထန်စွာ ခုန်ဆဲဖြစ်သည်။ စူးအောင့် နာကျင်ဆဲ ဖြစ်သည်။ သူ လစ်ဟာဆဲ မောပန်းဆဲ ဖြစ်သည်။ ညနေက သူ့နှင့် သိုးဆုံတုန်းမှာ သိုး သူ့ကို အေးစက်စွာ ကြည့်ခဲ့သည်။ သို့သော် သူ့ကို ဘာမှ မပြောပေ။ ပြုံးတောင် မပြုံးပြခဲ့ပေ။ သူ ပြောသမျှကို လေးလေး ပြန်ပြောလို့ စိတ်ခုနေတာလား။ ဒါဆိုလည်း သူ့ကို အပြစ်တော့ တင်သက့်သည် မဟုတ်လား။ သိုးက သူ့ကို အပြစ်ရော မြင်ဖူးလို့လား။ ဒါက သိုးရဲ့ ကအကျင့်ပဲလေ။
သူ အတွေးပေါင်းစုံလျက် ဆက်အိပ်မရပေ။ နောက်ဆုံးတော့ သိုးတို့ အိမ်နား ကပ်သွားသည်။ ဘာသံမှ မကြားရဘဲ မှောင်မဲနေသည်။ သူ့ရင်ထဲ လစ်ဟာသွားသည်။ သူ တစ်ရေးနိုးလျှင် သိုးတို့အိမ်လေးက မီးမှိန်မှိန်လေး လင်းနေမြဲ ဖြစ်သည်။ သူ အပြင်ထွက်ကြည့်ရင် မီးရောင်အောက်မှာ စာဖတ်နေသော သိုးအရိပ်ကို မြင်နေရမြဲ ဖြစ်သည်။ အဲဒီ မီးမှိန်မှိန်လေးနဲ့ အရိပ်ကလေးကို သူ့ကို ပြန်ပေးပါ။ သူ မြင်နေရရုံနဲ့ ကျေနပ်ပါတယ်။ တစ်ညလေးပဲ ပျောက်ကွယ်တာပဲ ဖြစ်ပါစေ။
**********************
"လေးလေး သိုးရော။ သိုး ဘာလို့ ကျောင်းမတက်တာလဲ။"
သိုး ကျောင်းမလာတော့ သူ စိတ်ပူသွားသည်။ နေ့ဝက်နှင့် အိမ်ပြန်ကာ သိုးတို့အိမ်ကို တန်းလာလိုက်သည်။ သူ ရောက်တော့ သိုးက ရှိမနေပေ။ တုံးလုံးလဲနေသော လေးလေးကိုသာ တွေ့ရသည်။ လေးလေးကို သူ အမောတကော မေးနေပေမယ့် လေးလေးက အေးတိအေးစက်ပင်။
"သိုး ကျောင်းမတက်တော့ဘူး။ သူ့ အမေတွေရှိတဲ့ရွာကို ခဏပြန်သွားတယ်။"
"သိုးကလည်းဗျာ သားတို့ကိုတောင် ပြောမသွားဘူး။ အကျင့်ကိုက မကောင်းဘူး။
သူ စိတ်လေသွားမိသည်။ သူ မနေတတ်ပေ။ သိုးနှင့် လေးလေးရော အဆင်ပြေပါါမလား။ လေးလေး သိုးက်ုများ စိတ်ဆိုးနေမလား။ မနေ့ကတော့ သိုးက ဘာမှမဖြစ်သလိုပါပဲ။ သူ ဘာလုပ်ရမှန်းမသိဘဲ အိမ်ဘဲ ပြန်လာလိုက်သည်။
သူ့အခန်းထဲရောက်တော့ မနေ့က တစ်ချို့အရာတွေက သိုး ရှင်းထားသည့်အတိုင်း ခြေရာလက်ရာမပျက် သပ်ရပ်ဆဲဖြစ်သည်။ အဲဒီညနေက သိုးက သူ့ကို အိမ်မှာ စောင့်နေခဲ့သည်ပဲ။ သူ့ အခန်းတွေကိုတောင် ရှင်းပေးလိုက်သေးသည်။ အဲဒီညနေက သူ့ကို စောင့်နေမယ့် သုံးပုံစံလေးက မြင်ယောင်ပြီး သူ ရင်ထဲနင့်ခနဲ ခံစားလိုက်ရသည်။ အခုတော့ သူဝဋ်လည်ပြီ။ သူ သိုးကို စောင့်ရမည်။ သိုး ပြန်လာမည်။ သူ သိသည်။ သိုး ပြန်လာပါ့လိမ်မည်။
သူ အိမ်ရှေ့အုတ်ခုံလေးကနေ သိုးကို စောင့်နေရင်း ညက အိပ်မက်ကို သတိရလိုက်သည်။ အိပ်မက်ထဲကလို သိုး ထွက်သွားပြီလား။ သူ သိုးကိုတားရင်း ချစ်သည်ဟု ပြောခဲ့သည်ကို အမှတ်ရကာ ခေါင်းကို ဖျတ်ခနဲ ငုံ့ချပစ်လိုက်သည်။ မျက်နှာနှင့် ခေါင်းတို့က ရွစိရွစိ ဖြစ်လာသလို ယားယံလာသလိုပင်။ ဘယ်လိုခံစားချက်မှန်းမသိပေ။ သူ ရှက်နေတာများလား။ သူ ရှက်ပြုံလေးပြုံးပြီး ကြည်နူးမိလာသည်။ သို့သော် သူ့ရှေ့ကို အရိပ်တစ်ခု ရောက်လာချိန်မှာတော့ သူ့ကြည်နူးမှုတွေက ဒေါသသို့ ချက်ချင်း အရောင်ပြောင်းသွားသည်။
ကျောပိုးအိတ်လေးနှင့်အတူ အဖြူအစိမ်းဝတ်ကာ ကျောင်းမှ ပြန်လာသော ဖိုးသားကိုတွေ့တော့ သူ အလိုလို စိတ်တိုလာသည်။ မနက်ခင်းတစ်ခုက ပုံရိပ်လေးက သူ့အာရုံထဲ ဝင်လာပြန်သည်။ ထိုမနက်က သူ ဘာလို့ ဒေါသထွက်လို့ ထွက်မှန်းမသိဘဲ သိုးကို ထိုးလိုက်မိသည်။ အမှန်တော့ သူ ဖိုးသားကို ထိုးပစ်ချင်လှသည်။ သိုးကို နမ်းဖို့မဆိုထားနှင့် သိုးကို ထိဖို့ပင် သူ ခွင့်မပြုနိုင်ပေ။ ထိုပြင်းပြသော ခံစားချက်ကို သူ ထိုမနက်ကပဲ နားလည်လိုက်သည်။ သိုးကို သူသာ ပိုင်ဆိုင်ချင်သည်။ တစ်ပါးသူ ထိပါး မခံနိုင်ပေ။
"ကိုသီဟ ခင်ဗျား တအား ပျော်နေလား။ ခင်ဗျား အရမ်း ရက်စက်တယ်။"
ဖိုးသားက သူ့ရှေ့ခြေစုံရပ်ကာ ခပ်တင်းတင်း ပြောနေသည်။ သူပုံစံက ကျေနပ်နေပုံများ ပေါ်နေလို့လား။ လူသတ်ချင်နေတာကို မသိဘူးပဲလား။ သူ ပေစုတ်စုတ် ပြန်ကြည့်လိုက်သည်။
"မင်း ဘာကို ပြောတာလဲ။ ငါက ဘာကို ပျော်ရမှာလဲ။"
"ခင်ဗျားကြောင့် သိုး ထွက်သွားရပြီ။ တစ်နေ့ ခင်ဗျားလာပြီး သိုးအကန်ခံရတယ်။ မနေ့ကဆို အိမ်ကနေ မောင်းထုတ်လိုက်ပြီ။ ခင်ဗျားက လူစိတ်မရှိတဲ့လူ။ အခု သိုးက ဘယ်ကိုသွားပြီး ဘယ်မှာနေရမှန်းမသိဘဲ ဒုက္ခရောက်နေလောက်ပြီး။ ခင်ဗျားကတော့ အုတ်ခုံမှာထိုင်ပြီး အေးအေးဆေးဆေး ဖွန်ကြောင်နိုင်တယ်။"
ဘုရားရေ။ သိုးကို လေးလေးက နှင်ထုတ်တာတဲ့။ သိုး ဘယ်ကို သွားရမလဲ။ သိုး ဘယ်လိုလုပ်မလဲ။ သိုး အကန်ခံရတယ်တဲ့။ သိုးရယ်။ အဲလောက်ဖြစ်မယ်လို့ သူ တကယ်မထင်လို့ပါ။ ဖိုးသား ပြောနေတာလား။ မဟုတ်ဘူး ဖိုးသား ညာနေတဲ့ပုံ မပေါ်ပါဘူး။
"သိုး ဘယ်သွားမယ်လို့ ပြောသွားလဲ။ သိုး မင်းက ဘာတွေ မှာလိုက်သေးလဲ။"
"ခင်ဗျား တကယ်ပဲ စိတ်ပူလို့လား။"
သူ ခေါင်းကို ခပ်မြန်မြန် ညိတ်ပြလိုက်သည်။ ဖိုးသား တစ်ချက်ငိုင်သွားသည်။ သူတို့နှစ်ယောက်က ချစ်နေကြတာပဲကိုး။ သိုးရယ်။ ငါ မင်းကို တကယ် ဆုံးရှုံးရတော့မလား။
"ဘယ်ကို သွားမယ်လဲ ပြောမသွားပါဘူးဗျာ။ ခင်ဗျားက သူ သွားမယ့်နေရာပို ပိုသိမှာပါဗျာနော်။ မြန်မြန်သွားရှာပါဗျာ။ သိုး တစ်ညလုံး ဘယ်မှာနေပြီး ဘယ်မှာအိပ်………
ဖိုးသားစကားဆုံးတဲ့အထိ မစောင့်နိုင်ဘဲ သူ ပြေးထွက်လာခဲ့သည်။
************************
"သုံးသောင်းထားလို့ မရဘူးလားဗျာ။"
"ဘာ ခုခေတ် ကုန်ဈေးနှုန်းနဲ့ လေးသောင်းကို များတယ်ထင်နေလား။ မင်း ဒီအဆောင်ဘက်ကို ခြေဦးတောင် လှည့်မလာနဲ့။"
"ဟုတ်ကဲ့။ ကျေးဇူးပါခင်ဗျ။ စိတ်မရှိပါနဲ့။ ကျွန်တော် ငွေမလောက်လို့ပါ။"
အဆောင်ရှင်က သူ့ကို သနားစိတ်ဝင်ကာ ဘာမှ ထပ်မပြောတော့ပေ။ သူ ခြေထောက်တွေ ညောင်းလာပြီ။ ခုထိ အဆောင်က မရသေးပေ။ လှည်းတန်းက အဆောင်တွေက ဈေးကြီးလှသည်။ တစ်လစာ ကြိုပေးလိုက်ရုံနဲ့ သူ့ စားစရိတ်တွေ ကုန်သွားလိမ့်မည်။ နေစရာမရဘဲ အလုပ်အရင်ရှာလို့လည်း မဖြစ်ပေ။ နေစရာရမှ သူ labour လျှောက်လို့ရမည်။ သို့မှသာ အလုပ်ရှာနိုင်မည် ဖြစ်သည်။ မနေ့ညကလည်း ဟိုနားထိုင် ဒီနားထိုင်ဖြင့် မိုးလင်းခဲ့သည်။ ဒီမနက်လည်း မနားရသေးပေ။ တစ်နေ့လုံးကို တစ်နပ်စီမံကိန်းဖြင့် ထမင်းကို ၁၂နာရီမှ စားသည်။ ထို ထမင်းသည် သူ့အတွက် မနက်စာ၊ နေ့လယ်စာနှင့် ညစာအတွက် ဖြစ်သည်။
သူ ကမာရွတ်မြို့နယ်ရှိ ဘူတာရုံလမ်းဘက်တွင် အဆောင် ရှိသည်ဟုဆိုကာ သွားရပြန်သည်။ အဆင်မပြေပြန်ပါ။ လှည်းတန်းထက်ပင် ဈေးပိုကြီးနေသည်။ ဓမ္မာရုံလမ်းဘက်တွင် ရှိသည်ဟု ကြားသဖြင့် သူလာရပြန်သည်။ bus ကားစီးမရသဖြင့် လမ်းလျောက်သွားရသည်။ ပြည်လမ်းဘက်ကတက်ရင်း အင်းယားကန်မှာ သူနားလိုက်သည်။
မြက်ခင်းပေါ် ပက်လက်လန်လဲချလိုက်သည်။ မြက်ရှိသော အင်းလျားကန်ကို သူ ရောက်ပြီ။ သူသာ တကယ်သိုးဖြစ်လျှင် အစားအတွက် ပူစရာမလိုတော့ဟု တွေးကာ ပြုံးလိုက်မိသည်။ မြက်ပင်တွေရဲ့ နူးညံ့တဲ့အရသာကြောင့် သူ ကြည်နူးမိသည်။ မြက်ပင်လောက်တောင် လူတွေက သူ့အပေါ် မနူးညံ့ကျပေ။ သူသာ သိုးဖြစ်လျှင်လည်း မြက်ပက်တို့ကို သနားကာ စားဖြစ်မည် မဟုတ်ပေ။ မျက်ဝန်းထဲတွင့် တစ်စုံတစ်ရာ ပေါ်လာချိန်မှာ သူ ခေါင်းခါ၍ မေ့ပစ်လိုက်သည်။
တုံးလုံးလဲနေရာက သူ့မျက်စိများ လေးလံလာသည်။ သူ့ ခြေလက်တွေ ကိုက်ခဲလာသည်။ သူ့ခါးတွေ နာကျင်လာသည်။ သူ သီဟနှင့် ဝေဒနာများကို မေ့ဖို့လိုပြီ ဖြစ်သည်။ သူ မေ့ချင်သည်။ အရက်သောက်ပြီးလည်း သူ မမေ့ချင်။ မေ့မည်လည်း မထင်ပေ။ အတိတ်မေ့လျှင်တောင် မေ့ဖို့မသေချာပေ။ တွေးနေတုန်း သူ အိပ်ပျော်သွားသည်။ အိပ်မက်ကလည်း သူ မမေ့သေးကြောင်းကို သက်သေပြသည်။
အိပ်မက်ထဲမှာ သိုးလေးတစ်ကောင်က ကြောက်လန့်တကြား ပြေးလွှားနေသည်။ သူ့ခြေလှမ်းတွေကတော့ လေးလံနေသည်။ အဝေးကို ရောက်သွားမှာလည်း စိုးထိတ်နေပြန်သည်။ ခြသေ့င်္တစ်ကောင်က သူ့နောက်ကို အလောတကြီးလိုက်နေသည်။ ဒေါသတကြီး မာန်ဖီ ဟိန်းဟောပ်လို့နေသည်။ ထိုအချိန်မှာ လေးသည်တော် သူရဲကောင်းတစ်ဦး ရောက်လာသည်။ သိုးကို ကယ်တင်ရမလား။ ခြင်္သေ့ကို ကူညီရမလား ဝေခွဲရ ခက်နေသည်။ ထိုအချိန်မှာ သိုးကို င်္ခြသေ့က ……
"ဝေါင်း…"

YOU ARE READING
ဆူးထွင်းလှည့်ပါ (ဆူးထြင္းလွည့္ပါ}
Romanceသူငယ်ချင်း သုံးယောက်ကြားရဲ့ သုံးပွင့်ဆိုင် ဇာတ်မ်းလေး နှစ်ယောက်က ပိုက်ဆံချမ်းသာပြီး လိုက်ဖက်သူတွေ... တစ်ယောက်ကတော့ အနှိမ်ခံ အဖြစ်ခံ ဆင်းရဲသား... တကယ်တော့ အချစ်ဆိုတာ......