အခန်း ( ၇ )
"သိုး… သိုး"
အိပ်မက်ထဲတွင် ခြင်္သေ့က သိုးလေးကို ခုန်အုပ်လိုက်ချိန်တွင် အပြင်မှာ သီဟက သူ့မျက်နှာပေါ် အုပ်မိုးလျှက် သူ့ကို နှိုးနေသည်။ သူ အိပ်မက်လားတကယ်လား ဘာမှ မသေချာဘဲ ယောင်နနဖြင့် သီဟကို ကြည့်နေမိသည်။
"သိုး ရှာလိုက်ရတာကွာ။ ဘာလို့ဒီမှာ အိပ်နေတာလဲ။ အိမ်ပြန်မယ်။ လေးလေး မကြိုက်ရင် ငါနဲ့နေလေ။"
သိုးက သူ့ကို ငေးကြောင် ကြည့်နေသည်။ သိုး မျက်ကွင်းများ ညိုနေသလိုပဲ။ မျက်နှာလေးကလည်း နွမ်းဖတ်လို့နေသည်။ သူ့ကို ဘာမှတော့ မပြော။ သိုး သူ့ကို စိတ်တိုနေတာလား။ စိတ်တိုလျင် သူ့ကို ထိုးကြိတ်ပစ်သင့်သည်။ ပက်ပက်စက်စက် ပြောသင့်သည်။ အခုတော့ ခံစားချက်မဲ့နေသလိုကြီး။ သိုး သူ့ကို အေးစက်စက်ကြည့်ကာ မျက်နှာလွဲလိုက်သည်။ ဟင့်အင်း အဲလို အေးစက်စက်ကြီး လုပ်မနေပါနဲ့။ တစ်ခုခု ရှင်းပြလေသိုး။ ဒါမှ မဟုတ် တစ်ခုခု အပြစ်တင်ပါလား။ လုပ်ပါသိုးရယ်။ အပြစ်တင်လိုက်စမ်းပါ။
"သိုး ပြန်လိုက်ခဲ့ပါကွာနော်။ ငါ တောင်းပန်ပါတယ်။ မင်းဟာမင်း ဖိုးသားနဲ့ကြိုက်လည်း ငါ စိတ်မတိုတော့ဘူးလေနော်။"
သိုး မြက်ခင်းထက်က ထကာ ဓမ္မာရုံလမ်းဘက်ကို လျောက်လာသည်။ ခရေပင်အောက်ကို ဖြတ်မိတော့ ကြွေကျနေသော အဖိနင်းခံ ခရေပန်းတို့က်ိုကြည့်ကာ သိုး စာနာမိသည်။ သူ့အချစ်သည်လည်း ခရေပန်းများလို ပွင့်လန်းချိန်မှာ ကြွေကျခဲ့ရသလို တန်းဖိုးမထားကြဘဲ ဖိနင်းခံသာ ဖြစ်ခဲ့သည်။
"သိုး လိုက်ခဲ့ကွာ။ မင်း ဘယ်မှာနေမလို့လဲ။ လာပါကွာ။"
သူ သိုးလက်မောင်းလေးကို ဆွဲလိုက်မိချိန်တွင် သိုးမျက်လုံးများ သူ့ထံကျလာသည်။ အေးစက်စူးရှသော အကြည့်များ ဖြစ်သည်။ သူ လန့်ဖျန့်ကာ သ်ုးရဲ့ လက်ကို လွှတ်လိုက်သည်။ သိုး လမ်းကြားထဲဝင်သွားသည်။ ထိုနောက် တစ်အိမ်ဝင်တစ်အိမ်ထွက်ဖြင့် အဆောက်ရှာသည်။ သူ ဘာမှ မပြောရဲပေ။ နောက်ဆုံးတော့ ထိုလမ်းကြားလေးရဲ့အဆုံးရှိ အဆောင်ကို ၃၀၀၀၀ ဖြင့် ငှားကာ အခန်းထံဝင်သွားသည်။ အဆောင်ရှင်က နှစ်ယောက်နေလို့ မရဘူးနော်ဟု ပြောသည်။ သိုးက အေးစက်စက်ဖြင့် တစ်ယောက်တည်း နေမှာပါဟု ပြန်ပြောသည်။
"သိုး မင်းပြန်မလိုက်ရင် ငါ မပြန်ဘူးနော်။ ငါ အပြင်မှာပဲ နေမှာ။ မင်းမပါဘဲ ငါ မပြန်ဘူးနော်။ "
သူ ဘယ်လောက်ပြောပြော သိုးက သူနေရမည့်အဆောင်ဘက် လိုက်သွားသည်။ သူ အဆောင်ရှေ့က အုတ်ခုံတွင်ထိုင်ကာ သိုး အထွက်ကို စောင့်နေသည်။ သိုး တစ်နာရီ ပြည့်ပြီ သိုးထွက်မလာပေ။ နောက်တစ်နာရီ။
နောက်ထပ်တစ်နာရီ
နောက်ထပ် နှစ်နာရီ
နောက်ထပ် သုံးနာရီ
……………………
***********************
"ဝုန်း……ဝေါ"
"သူရ သီဟ သားတို့အိမ်မှာလား။"
"မဟုတ်ဘူး ဦး။ သိုးတို့အိမ်မှာများလား။"
သီဟ အဖေ ဖုန်းဆက်သည်။ ည၁၀နာရီထိုးနေပြီ သီဟ ပြန်မလာဘူးတဲ့။ သိုး ဆီမှာလည်း မရှိလောက်ပေ။ သိုးတို့အိမ်မှာ သီဟတို့ခြံထဲတွင်ပင် ရှိသည်။ သီဟတို့အိမ်၏ ခြေရင်းဘက် ခြံစည်းရိုးတွင် ရှိသည်ပဲ။
"မရှိဘူးသား။ သိုးကလည်း အိမ်က ထွက်သွားတာတဲ့။ သိုး နောက်များ လိုက်သွားလား မသိဘူး။ သိုး ဘယ်သွားလဲလည်း သူ့လေးလေးက မသိဘူးတဲ့။ သားရော သိလား။"
"သားလည်း မသိဘူးဦး"
သူ စိတ်ပူ သွားသည်။ သိုးနှင့် အတူတူများရှိနေမလား။ သိုးနှင့်နတွေ့ဘဲ သိုးကို လိုက်ရှာနေလေမလား။ အိုး မိုးတွေက သဲသဲမဲမဲရွာပြီး လေတွေက ပြင်းပြင်းထန်ထန် တိုက်နေသည်။ သီဟသာ လမ်းပေါ်မှာဆို ဘယ်လိုလုပ်မလဲ။ သီဟက ထီးလည်း ဆောင်လေ့မရှိပေ။ ဟာကွာ ဘာပူစရာလိုသေးလဲ။ သီဟက ကလေးမှ မဟုတ်တာ မိုးရွာရင် မိုးခိုမှာပေါ့။
သိုး အိမ်က ထွက်သွားသည်တဲ့။ သိုး ဘဟ်ကို သွားမှာပါလိမ့်။ သိုးမှာ သွားစရာနေရာလည်း မရှိမှန်း သူသိသည်။ သိုးနှင့် သီဟ တစ်ယောက်နဲ့ တစ်ယောက် လမ်းလွဲပြီး မတွေ့ရင်ရော။ သိုး အိမ်က ထွက်သွားသည်မှာ သူ့ကြောင့်ဟု ယူဆကာ မိုးထဲ လျောက်သွာလေမလား။ သီဟက အစတည်းက ဂျစ်ကန်ကန်နိုက်သည်။ တစ်ဇောက်ကန်း လုပ်တတ်သည်။ မိုးထဲတွင် မိုက်မိုက်မဲမဲ လမ်းလျှောက်နေသော သီဟကို မြင်ယောင်မိတော့ သူ ထိတ်လန့် ရင်မောသွားသည်။
***************************
"ဂျိမ်း…ဂျိမ်း"
သီဟ မိုးထဲတွင် သိုးကို ဆက်စောင့်နေမြဲ ဖြစ်သည်။ သိုးက အရမ်းဖြူစင်သည်။ တစ်ယောက်တည်း မနေဖူးပေ။ မိုးတွေရွာကာ လေတွေတိုက်နေသည်။ မိုးတွေပါ ခြိမ်းနေသည်။ သိုး ကြောက်နေပေလိမ့်မည်။ မိုးတအားရွာလျှင် သူ သိုးတို့အိမ်ကို လှမ်းကြည့်ကာ သိုးကို စိတ်ပူမြဲဖြစ်သည်။ ဟာကွာ ၃၅၀၀၀တန်က ဖိနပ်ချွတ်နားတဲ့။ မိုးပက်လေမလား။ သိုးကို မိုးတွေစိုလေမလား။ သူ သိုးကို စိတ်ပူကာ မိုးထဲတွင် ဖင်မထိုင်နိုင် ဖြစ်နေသည်။ သိုးနေသော ရေနံဝနေသော သစ်သားဆောင် မဲမဲလေးကိုသာ မမှတ်မသုန် ကြည့်နေသည်။
မိုးရယ် တိတ်ပါတော့။ ကျွန်တော့်သိုးလေး ကြောက်နေလိမ့်မယ်။ သူ့ကို စိတ်ညစ်အောင် မလုပ်ပါနဲ့ဗျာ။
"ဝုတ်…ဝုတ်"
*****************************
သိုး အိပ်မပျော်ပေ။ သီဟ ပြန်သွားပါစေဟု အကြိမ်ကြိမ် ဆုတောင်းနေမိသည်။ မိုးတအားရွာသောညများတွင် ဖုန်းဆက်ကာ ကြောက်နေလားဟု မေးတတ်သည်။ ဖုန်းဆက်၍မရလျှင် မိုးတောထဲ ထီးဆွဲကာ ရောက်ချလာတတ်သည်။ အခုလည်း သီဟ သူ့ကို စိတ်ပူနေမလားဟု တွေးပူ နေမိသည်။ မိုးကလည်း အဆက်မပြတ်ရွာရုံမက လေတွေပါတိုက်ကာ မိုးကြိုးတွေပါ ပစ်နေသည်။
"ဝုတ်……ဝုတ်"
ဟော ခွေးတွေပါ ဟောင်နေသည်။ အပြင်မှာ တစ်ယောက်ယောက်ရှိနေတာ သေချာပြီ။ သီဟများလား။ သီဟဆိုလျှင် ဘယ်လိုလုပ်ရမလဲ။ သီဟပဲနော်။ သီဟဆိုတာ သူ သိသည်။ သူ ဘာလုပ်ရမည်နည်း။ ပြန်ပါတော့် သီဟရယ်။ မြနိမြန်ပြန်တော့။ သူကတော့ ပြန်ပါတော့ဟုပြောလိမ့်မည် မဟုတ်ပေ။ သူ ထပအထင်သေး အစ်ာကား မခံနိုင်ပေ။ ဟာကွာ မေ့နေလိုက်တာ။ သူရကို သတိရကာ ဖုန်းပါဝါကို ဖွင်ါလိုက်သည်။ ဟာ Miss call တွေ အများကြီးပါလား။
"သိုး။ သီဟ အဲဒီမှာ ရှိလား။"
ဖုန်းဝင်တာနဲ့ သူရက အလောသုံးဆယ် မေးနေသည်။ ရှိသည် ပြောရမလား။ မရှိဘူး ပြောရမလား။ သူ စကားမှားပါက ပြဿနာတက်သွားနိုင်သည်။ သူ ဘာပြော သင့်လဲ။
"ဟေ့ကောင် သိုး ငါမေးနေတယ်လေကွာ။ ငါတို့စိတ်ပူလို့ သေတော့မယ်။ မြနိမမြန်ပြော"
"အမှတ် ၁၆ရပ်ကွက်၊ ဓမ္မာရုံလမ်း ၁လမ်း။ အဏ္ဍဝါဆောင်ရှေ့မှာ သူ့ကို လာခေါ်။ "
"မင်းကရော ဘယ်မှာလဲ။ ဘာလုပ်နေလဲ။ မင်းခေါ်ထားတာမဟုတ်ဘူးလား။ သူ မိုးထဲမှာလား။"
သူ ဖုန်းကို ချပစ်ကာ ပါဝါ ပိတ်လိုက်သည်။ သူ ရက်စကချက်၍ မဟုတ်ပါ။ မပတ်သက်ချင်တော့ဘဲ ကြောကလန့်နေမိသည်။ ခွင့်လွှတ်ပါ သီဟရယ်။ သူ လွတ်လပ်ဖို့ လိုနေပြီ။ သူ ပင်ပန်းနေပြီ။
![](https://img.wattpad.com/cover/201428428-288-k312106.jpg)
YOU ARE READING
ဆူးထွင်းလှည့်ပါ (ဆူးထြင္းလွည့္ပါ}
Romanceသူငယ်ချင်း သုံးယောက်ကြားရဲ့ သုံးပွင့်ဆိုင် ဇာတ်မ်းလေး နှစ်ယောက်က ပိုက်ဆံချမ်းသာပြီး လိုက်ဖက်သူတွေ... တစ်ယောက်ကတော့ အနှိမ်ခံ အဖြစ်ခံ ဆင်းရဲသား... တကယ်တော့ အချစ်ဆိုတာ......