ဆူးထွင်းလှည့်ပါ (၂)

95 7 2
                                    

အခန်း ( ၂ )
သိုး စိတ်ဆိုးပြေပါစေလို့ သီဟ ဆုတောင်းနေမိသည်။ သူရအိမ်ကို စာသွားကျက်ချင်သည်။ သိုးလာခေါ်မှ အိမ်က လွှတ်မည် ဖြစ်သလို သူတို့ အိပ်ချင်လာလျှင် ဟာသ ပြောဖို့ လက်ဖပ်သုတ် သုပ်ကျွေးဖို့ သိုးကို လိုက်စေချင်သည်။ အသွားကို တစ်ယောက်တည်း မသွားချက်သလို အပြန်လည်း တစ်ယောက်ထဲ မပြန်လိုပေ။ အိမ်ရောလို့ အရမ်းအိပ်ချင်လာလို့ ထိုးအိပ်လိုက်မိရင် စောင်ခြုံပေးဖို့ ခြင်ထောင်ချပေးဖို့ သိုး ရှိလျှင် ပိုအဆင်ပြေမည်။ တစ်ယောက်တည်း အိပ်ရမှာ ပျင်းလျှင် သိုးအိမ်က်ု ဖုန်းဆက်ကာ အိမ်မှာ အိပ်ခိုင်းမည်။ ဤဖြစ်စဉ်အားလုံးအတွက် သိုး စိတ်ဆိုးပြေလိုသည်။
စီးပွားရေးတက္ကသို ဒုတိနှစ်ရဲ့ ပထမနှစ်ဝက် စာမေးပွဲက နီးကပ်လာပေမယ့် သူ စာပျက်ချင်စိတ် မရှိပေ။ သူရဆီသွားဖို့ သိုးကိုသာ မျှော်နေမိသည်။ အချိန်တွေက တရွှေ့ရွှေ့ကုန်သွားသည်။ သိုး၏ အရိပ်အရောင်ကိုမျှ မတွေ့ရပေ။ သိုး မလာတော့ဘူးလား။ စိတ်မဆိုးနဲ့တော့လေ။ မင်း ငါ့ကို အခြောက်လို့ ပြောတုန်းက ငါ စိတ်မဆိုးဘူးလေ နော်သိုးရဲ့လို့ အိပ်ယာဘေးက ယုန်ရုပ်လေးကို သူ တိုးတိုးလေး ပြောနေမိသည်။ သူရ သူ့ကို မျှော်နေမလား။
**********************
သီဟရယ် လာပါတော့လို့ သူရမျှော်နေရင်း အချိန်တွေသာ ကုန်သွားသည်။ သီဟက ပေါ်မလာပေ။ နေ့လည်က သီဟရဲ့ စကားတွေကြောင့် သိုးကို အားနာမိပေမယ့် သူ ပျော်ရွှင်မိသွားသည်။ သီဟရဲ့ အချစ်ကို သူ မျှော်လင့်ခွင့်ရှိသေးသည်။ အစက လိင်တူချစ်ခြင်းကို လက်မခံနိုင်ပေမယ့် သီဟကို သူ ချစ်မှန်းသိချိန်မှာ အရာရာဟာ မှေးမှိန်သွားသည်။ သီဟက သူ့ကို ဂရုစိုက်မှန်း ချစ်မှန်း ရိပ်မိပေမယ့် သီဟကို ချစ်သည်ဟု သူမထင်ခဲ့။ သိုးကို ချစ်ခွင့်ပန်သော နေ့က သူ့စိတိကိုသူ သေသေချာချာ နားလည်သွားသည်။ သူ သီဟကို ချစ်သည်။ လာပါတော့ သီဟရယ်။ ငါတို့တစ်ယေက်ရင်ထဲကို တစ်ယောက် မြင်နေပြီပဲ။
"သား သူရ ဖကတစ်ကြွကြွနဲ့ စာမဖတ်ဘဲ ဘာလုပ်နေလဲ။"
"လမ်းလျှောက်ပြီး ကျက်နေတာ ကြီးမေရ"
သူ ကြီးမေကို ညာလိုက်မိသည်။ အမှန်တော့ သူ စာအုပ်တောင် မကိုင်နိုင်ပေ။ နေ့လယ်က ကိစ္စကြောင့် သီဟ သိုးကို သနားပြီး သိုးကို ချစ်သွားရင် သူရင်ကွဲရချည်ရဲ့ဟု စိတ်ပူနေမိသည်။ လာပါတော့ သီဟရယ်။
*********************
"သိုး သီဟဆီ မသွားတော့ဘူးလား။ သားကို မျှော်နေမှာပေါ့။"
"မသွားတော့ပါဘူး လေးလေးရာ။ လေးလေးလည်း နေကောင်းတာ မဟုတ်ဘူး။"
လေးလေးကို နင်းပေးရင်း လက်တစ်ဖက်က စာအုပ်ကိုင်ရင်း စာကျက်နေရသည်။ လွတ်သွားသော စိတ်ကိုလည်း ပြန်ဖမ်းနေရသည်မှာလည်း အလုပ်တစ်ကို ဖြစ်လို့နေသည်။ မနက်ဖြန် guideလုပ်ဖို့စာတွေလည်း ပြန်ကြည့်ရဦးမယ်။ မနက်လည်း အစောကြီးထရပေဦးမည်။ သီဟကို ရှေင်လိုသည့်နှင့် အချိန်ကိုက်ပဲ ဖြစ်သည်။ သူ ပိုက်ဆံလည်း လိုသည်။ သီဟတို့ ပေးထားသောခြံတွင် မနေလိုတော့ပေ။ သီဟရေ မင်းကို အရမ်းချစ်တယ်။ ဒါပေမယ့် မင်းအရိပ်နဲ့ ဝေးရာကို သွားရမယ်ဆိုတာလည်း ငါနားလည်တယ်။ မင်းနဲ့ ဝေးသွားလည်း မင်းကို ချစ်နေဦးမယ်ဆိုတာလည်း ငါသိနေတယ်။
"သားငယ်ငယ်တုန်းတည်းက မျက်လုံးလေးတွေက ကြည်စင်ပြီး အရမ်းအပြစ်ကင်းတယ်။ ချစ်ဖို့လည်း အရမ်းကောင်းတယ်။ ဒါကြောင့်သားကို သိုးလေးလို့ လေးလေး အမြဲပဲ ခေါ်တာ။ ဒါပေမယ့် အပြစ်ကင်းတဲ့သိုးအပေါ် ကံတရားက အပြစ်ပဲ ပေးနေတယ်။ လေးလေးကလည်း သားအတွက် အထောက်အပံ့မဟုတ်ဘဲ ဝန်ထုပ်ဝန်ပိုး ဖြစ်နေတယ်။"
"လေးလေးရယ်။ သားက အခုအထိ သိုးလေးပါပဲ။ ဘာတွေက ဘယ်လိုပဲ အပြစ်ပေးပေး၊ အရောင်းဆိုးဆိုး သားက ရိုးရိုးသားသားပဲ တုန့်ပြန်တယ်။ အတိတ်ကမှ အပြစ်မကင်းခဲ့တာက်ုး။ တစ်ယောက်နဲ့ တစ်ယောက် ဝန်ထုပ်ဝန်ပိုးလို့ သတ်မှတ်နေရင် လောကကြီးက နေချင်စရာ ဘယ်ကောင်းတော့မလဲ လေးလေးရ။ သားငယ်ငယ်တုန်းက သားကို ဝန်ထုပ်ဝန်ပိုးလို့ လေးလေးလည်း မသတ်မှတ်ခဲ့ဘူးမလား။ သားက သိုးလေးလေ ဘယ်လိုလုပ် လေးလေးက်ို အဲလိုတွေးမှာလဲ။"
"သီဟကိုလည်း ဝန်ထုပ်ဝန်ပိုးလို့ မမှတ်ပါနဲ့။ ဂရုစိုက်ပေးလိုက်နော်သား။ သားရယ် သားကိုကျတော့ ဘယ်သူမှ ဂရုမစိုက်ဘူးလို့ တွေးနေလား။ သား အဲလိုတွေးရင် လေးလေး ဘယ်လိုနှစ်သိမ့်ရမလဲလို့ စဉ်းစားမရဘူး"
လှိုတက်တက်လာသော ခံစားချက်ကို သိုး ထိန်းထားလိုက်သည်။ သားကိုယ်သားပဲ ဂရုစိုက်မှာပေါလို့ မသံမတုန်အောင်ဘပြန်ထိန်းရင်း ပြောလိုက်သည်။ အကုန်လုံးကို သူ ဂရုစိုက်ပါမယ်။ သူ့ကိုယ်သူက လွဲလို့ပေါ့။
"ကျေးဇူးကြောင့်ဆိုတာထက် လူတိုင်းကို တကယ်ချစ်တတ်လို့ သား ဂရုစိုက် သည်းခံပါ့မယ် လေးလေးရယ်။"
************************
"သီဟ မင်းကလည်း အစောကြီး အိပ်နေလား။ ထ သူရဆီ စာသွားကျက်မယ်လေ။ လေးလေး နေမကောင်းလို့ ငါ နောက်ကျသွားတယ်။"
သိုးအသံကြောင့် သီဟ လန့်နိုးလာသည်။ သိုး မျက်နှာကလည်း ဘာမှ ဖြစ်မထားသလိုပါလား။ တောင်းပန်ဖို့ တွေးထားသော သူပင် ဘာလုပ်ရမှန်း မသိပေ။
"ကဲထ သူရ မင်းကို မျှော်နေမယ်။ လာ မြန်မြန်"
သီဟ စွယ်တာကို မြန်မြန်ကောက်စွပ်ကာ သိုးနောက်ကို ကမန်းကတမ်းထလိုက်လာမိသည်။ ကိုးနာရီထိုးတော့မည်။ ဒီညတော့ မိုးမရွာဘဲ လကွေးကွေးလေး သာနေသည်။ ဆိုင်ကယ်နောပ်ကလိုက်ရင်း သိုးက စကားစဖို့ ကြိုးစားကြည့်မိသည်။ လေက တဟူးဟူးတိုးနေ၍ သိုး ချမ်းနေလားလို့ မေးလိုက်ရမလား။
"မင်း ငါ့ကို အားနာနေလား သီဟ။ ငါ သိပါတယ်။ မင်း သူရကို ချစ်နေတာကိုလေ။ မင်း သူရစိတ်ကို ဆွဖို့ ငါ့ကို ချစ်တယ် ပြောခဲ့တာကို ငါ အစတည်းက သိတယ်။ မင်းကို တစ်ခုတော့ ပြောချင်တယ်။ ငါ့နေရာမှာ တခြားလူဆို မင်းကို မုန်းသွားမှာ သေချာတယ်။ အသုံးချ ခံရတယ်ဆိုတဲ့ခံစားချက်က အရမ်းဆိုးတယ်လေ။"
သိုးရဲ့ ခါးလေးကို သူ မသိမသာ ဖက်ထားမိလိုက်သည်။ သိုးရယ် ငါမင်းကို အသုံးချတယ်လို့ မင်း ပြောချင်တာလား။ အဲလို မထင်ပါနဲ့ကွာနော်။ ငါ မှားပါတယ်ကွာ။ ငါမင်းကို ပြောခဲ့တာတွေကိုရော ထပ်တောင်းပန်ချင်တယ်။
"နေ့လယ်က မင်း ငါ့ကို တကယ် ဒေါသထွက်တာပဲ။ ငါက မင်း ဒေါသကို ဆွပေးတာ။ ဒါမှ မင်းခံစားချက်အမှန်ကို သူရ သိမှာလေ။ မင်း နည်းနည်းလေးတောင် မစဉ်းစားမိဘူးလား။ သူရ တပယ်ထင်ပြီး မင်းကို မချစ်တော့ရော ဆိုတဲ့ ဖြစ်နိုင်ချေကိုလေ။ ခုဆို သူရ နားလည်သွားပြီ"
မဟုတ်ဘူး။ မင်း အဲလို မပြောပါနဲ့ သိုးရာ။ ငါ့ခံစားချက်တွေ သူရသိအောင် မင်းဆွပေးတာလို့တော့ မပြောပါနဲ့ကွာ။ မင်းကို ငါ ပြောခဲ့တာတွေအတွက် ပို အားနာရလို့ပါ။ မင်းစေတနာက မင်းကို အရှက်ကွဲစေတာမျိုး မဖြစ်ရဘူးလေ။
"ဒီည သူရ မင်းကို မျှောနေမှာ သေချာတယ်။ ဒီည မင်း သူ့ကို ဖွင့်ပြောရင် တစ်ခါတည်း အဖြေရလောက်တယ်။ သူရလည်း မင်းကို ချစ်နေတယ်လို့ ငါထင်တယ်။ မင်း တစ်ခုခုလုပ်ရင် သူရကို တွေးပေးပါ။ ဘေးရောက်တယ်ဆိုတဲ့ ခံစားချက်မျိုး သူ ခံစားနိုင်မှာ မဟုတ်ဘူး။"
ဘေးရောက်တဲ့ ခံစားချက်တဲ့ သိုး အမြဲခံစားနေရတဲ့ မဟုတ်လား။ ဘာလို့ သူများအတွက် လိုက်ပူ နေရတာလဲ။ သိုးရယ် ငါတို့ အရမ်းမှားခဲ့တယ်။
"မင်းရော ဘေးရောက်တယ်လို့ ခံစားဖူးတယ် မဟုတ်လား။ မင်းရော အားငယ်ခဲ့ရတယ် မဟုတ်လား။ ငါတို့ကို စိတ်ဆိုးနေခဲ့လား။"
သိုးရဲ့ ခါးလေးကို တင်းကျပ်စွာ ဖက်ထားရင်း သူ ဝမ်းပန်းတနည်း မေးလိုက်မိတယ်။
"ဘယ်သူမှ မဆင်းရဲချင်ဘူး သီဟရဲ့။ ဆင်းလို့ အောက်ကျို့ပြီးနေရတဲ့အထဲ ဝိုင်းပြီး နှိမ့်ချကြတယ်။ အချန်လှပ်ခံရတယ်။ အဲဒါတွေက အဆန်းမှ မဟုတ်တာ။ ငါ ခံနိုင်ရည် ရှိပြီးသားပဲလေ။ မင်းတို့သူရတို့ကျတော့ ခံစားဖူးမှာ မဟုတ်ဘူးလေ။ ငါအတွက်ကို ဘယ်တော့မှ မတွေးနဲ့ ငါတောင် တွေးချင်မှ တွေးတာ။"
သူ မျက်ရည်တွေ တားဆီးမရအောင် ကျလာသည်။ သိုးက သူ့သူငယ်ချင်း ဖြစ်ပါလျက် သိုးရဲ့ခံစားချက် သိုးရဲ့ အခက်အခဲတွေကို သူ တစ်ခါမှ စာနာမပေးဖူးပေ။ ထို့ပြင် ထပ်ပြီးတော့ ရက်စက်သေးသည်။
***********************
အဲဒီညက သူရ အတင်းဆွဲထားသဖြင့် သူရတို့အိမ်မှာပင် အိပ်လိုက်ကြသည်။ သီဟနှင့် သူရတို့က အိပ်နိုင်ပေမယ့် သူက မနက်အတွက်စာတွေရော၊ မဂ္ဂဇင်းတိုက်ကိုပို့ဖို့ စာမူတွေကိုသာ အလုအယက်ရေးနေရသည်။ သူတို့ဘဝနှင့် သူတို့နှလုံးသားရေးကို အားကျနေဖို့ သူ့မှာ အချိန်မရှိပေ။
စာကြည့်အပြီး စာမူအဆုံးသတ်ချိန်မှာ ည၂နာရီထိုးနေပြီး။ ခါထုတ်ထားခဲ့သော ဝမ်းနည်မှုကို တိတ်ဆိတ်ခြင်းနှင့် ပြင်ပရှိ အမှောင်ထုတို့က အားပေးအားမြှောက်ပြုလာသည်။ အိမ်အပြင်က လကွေးကွေးနဲ့ ထပ်တူ သူလည်း အထီးကျန်လှသည်။ လမင်းနဲ့ သူက အတူတူပင် ဖြစ်သည်။ ဒါပေမယ့် လမင်းကြီးရဲ့ချစ်သူက တစ်ခြားတစ်ယောက်နဲ့ အိပ်နေမှာမဟုတ်ဘုးလို့ သူထင်သည်။ သူမှာတော့ .........

         ဆူးထွင်းလှည့်ပါ (ဆူးထြင္းလွည့္ပါ}Where stories live. Discover now