သူ့ဘေးနားမှာအိပ်နေရင်းနဲ့ အိပ်လို့ကိုမပျော်ဘူး
သူ့ကိုပဲငေးကြည့်နေမိတယ် ကျွန်တော်ကြည့်တာသိသာနေ
လို့လား Ae ရဲ့မျက်လုံးလေးတွေဖြည်းဖြည်းချင်းပွင့်လာခဲ့တယ်
Ae : Pete
Pete: Ae နိုးသွားတာလား
Ae : မဟုတ်ပါဘူး ကိုလည်းအိပ်မပျော်သေးပါဘူး ဘာလို့မ
အိပ်တာလဲ အိပ်ရေးပျက်နေဦးမယ်
Pete ကသူ့ခေါင်းလေးကို Ae ရဲ့ရင်ခွင်ထဲတိုးဝင်ပြီးခါးကို
ဖက်ထားလိုက်တယ်
Pete : စဉ်းစားနေတာပါ
Ae : ဘာတွေစဉ်းစားနေလို့ မအိပ်နိုင်တာလဲ
Pete : ဒီတိုင်းပါပဲ Ae .....
Ae : ပြောလေ
Pete : ကျွန်တော့်ကိုတစ်သက်လုံးချစ်သွားမယ်မလား
Ae ကအိပ်နေရာကနေ ရုတ်တရက်ထထိုင်လိုက်တယ်
ပြီးတော့မှ သူ့ဘေးကအိပ်နေတဲ့ကောင်လေးရဲ့ဆံသားလေး
တွေကိုပွတ်သပ်ပြီး ပြုံးလိုက်တယ်
Ae : ဘာတွေမေးနေတာလဲ
Pete : ဘာလို့မဖြေတာလဲ ဖြေတာကြားချင်တာကို
ကလေးနှစ်ယောက်ရဲ့အဖေက ကလေးဆန်နေဆဲပဲ
Ae : ဒါပေါ့ တစ်သက်လုံးမကဘူး နောက်ဘဝထိပါချစ်မှာ
ကိုတို့လက်မထပ်ခင်ဘုရားမှာတောင် အဲ့လိုဆုလေး
ကိုတောင်းဆိုခဲ့တာ မင်းနဲ့အမြဲအတူနေချင်လို့လေ
Ae ရဲ့အပြောချိုချိုလေးတွေအောက်မှာ အမြဲကျရှုံးသွားရ
တာပါပဲ
Pete : ကျွန်တော်တို့ကအမြဲချစ်ကြမယ့်ချစ်သူတွေမို့လို့ တ
ကယ်လို့ Ae မှာအခက်အခဲရှိနေတာမျိုး ခံစားနေရ
တာမျိုးရှိခဲ့ရင် ဖုံးကွယ်မထားပါနဲ့နော်
Pete ရဲ့စကားလုံးတိုင်းက ရင်ကိုထိုးနှက်လိုက်သလိုပဲ
ကိုလည်းမဖုံးကွယ်ချင်ပါဘူး ဖွင့်ဟလိုက်ချင်တာပေါ့ မင်းရဲ့
ရင်ခွင်ထဲမှာခိုနားပြီး ဖွင့်ထုတ်လိုက်ချင်တာပေါ့ ဒါပေမယ့်
Pete ရယ် ..... ကို့လိုမျိုးမင်းကိုမခံစားစေချင်ဘူးလေ ကိုမင်း
ကိုချစ်လွန်းလို့ပေါ့
Pete : Ae ဘာလို့ဘာမှပြန်မပြောတာလဲ
Ae : ဘာမှမဖြစ်ပါဘူး မင်းကိုဒီတိုင်းလေးကြည့်နေရတာ
သဘောကျလို့ပါ
Pete : ကျွန်တော်ခုနကပြောတာကိုမမေ့နဲ့နော်
Pete က Ae ရဲ့လက်တစ်စုံကို မြဲမြဲ ဆုပ်ကိုင်လိုက်တယ်
ချစ်စရာကောငိးတဲ့အပြုံးလေးတွေနဲ့အတူပေါ့
မွ ..... သူဆုပ်ကိုင်ထားတဲ့ Ae ရဲ့လက်တစ်စုံကိုနှုတ်ခမ်း
လေးနဲ့ရှိုက်နမ်းလိုက်တယ်
Pete : ဘယ်တော့မှ တစ်ယောက်ထဲလို့မတွေးပါနဲ့နော် Ae
မှာ ချစ်ရမယ့်သူရယ် ကလေးလေးတွေရယ် ပျော်ရွှင်ဖို့
ကောင်းတဲ့မိသားစုလေးရှိနေတာကို မမေ့လိုက်ပါနဲ့
ကျွန်တော်မသိအောင်ဖုံးကွယ်ထားတာမျိုး လိမ်ညာ
ထားတာမျိုး မလုပ်ပါနဲ့နော် Ae အနားမှာထာဝရနေမှာ
မို့လို့ ကျွန်တော့်လက်ကိုယုံယုံကြည်ကြည်ဆုပ်ကိုင်
ထားပေးပါ
Ae ရဲ့မျက်ရည်စက်လေးက ချက်ချင်း Pete ရဲ့လက်ပေါ်
ကိုစီးကျလာခဲ့တယ်
Pete ကထပြီး Ae ရဲ့မျက်ရည်စက်တွေကိုသုတ်ပေးလိုက်တယ်
Pete : ဘာလို့ငိုတာလဲ တစ်ခုခုဖြစ်လို့လား
Ae : မဟုတ်ပါဘူး မဟုတ်ရပါဘူး Pete
Ae ကထိန်းချုပ်ထားပေးမယ့်လည်း Pete ကိုမြင်လေ
မျက်ရညိတွေကစီးကျလာလေပဲ ဘယ်လိုမှမထိန်းနိုင်တော့
တဲ့အဆုံး ဖွင့်ဟငိုချလိုက်တယ်
Pete : Ae Ae ဘာဖြစ်လို့လဲဟင်
ဘာစကားတစ်ခွန်းမှ မပြောတော့ပိုပြီးစိတ်ပူလာမိပြီ
အခုချိန်မှာဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော့်အတွက်အရေးမကြီးဘူး Ae ငိုနေတာကိုနှစ်သိမ့်ပေးဖို့ကပဲ အရေးကြီးပါ
တယ်
Ae ကိုဖကိထားလိုက်ပြီး ကျောပြင်လေးကိုပုတ်ပုတ်ပြီးနှစ်
သိမ့်ပေးလိုက်တယ်
Ae : တောငိးပန်ပါတယ် ကိုအခုလိုမငိုသင့်ဘူး
Pete: လူတိုင်းမှာခံစားတတ်တဲ့နှလုံးသားရှိကြတာပဲ Ae က
ဘာလို့မငိုသင့်မှာလဲ ဒါပေမယ့် ဒီလိုငိုတာမျိုးကိုတစ်
ခြားသူရှေ့မှာတော့မလုပ်နဲ့နော် တစ်ခြားတစ်ယောက်
ကအခွင့်ကောင်းယူပြီး Ae ကိုဖက်ထားရင်ဒုက္ခ
Ae ငိုနေတဲ့အချိန်ဟာသလေးတွေနဲ့ ပွေ့ဖက်ပေးတာအ
ကောင်းဆုံးပဲထင်တယ် Ae လည်းဒီစကားလေးကြောင့်ရီလိုက်မိတယ်
Pete : ကဲ အခုပြောလို့ရပြီလား ဘာလို့ငိုတာလဲ Ae ဘာတွေ
ဖြစ်နေတာလဲ
Ae : ကို .... ကို ဘာမှမဖြစ်ပါဘူး မင်းရုတ်တရက်ပြောလိုက်
တဲ့စကားတွေက ကို့ရင်ထဲထိသွားလို့ပါ မင်းကြောင့်ကို
အေးအေးဆေးဆေး အပူပင်ကင်းကင်းနေနိုင်တယ်
ပျော်ရွှင်စရာဘဝလေးကိုလည်းရထားတယ် ကိုကမင်း
အတွက်အများကြီးပြန်လုပ်ပေးရမှာ ဒါပေမယ့် မင်းက
ကို့ကိုပြန်နှစ်သိမ့်ပေးနေတော့ ကို့ရင်ထဲမှာအသုံးမကျ
တဲ့သူလိုပဲ
Pete က သူ့လက်ဖျားလေးနဲ့ Ae နှုတ်ခမ်းတစ်စုံကိုပိတ်
ထားလိုက်တယ် မျက်လုံးကမျက်စောင်းကလည်းထိုးရသေး
Pete : ကျွန်တော်လန့်သွားတာပဲ တစ်ခုခုဖြစ်ပြီထင်တာ Ae
ကဘာမဟုတ်တာကိုခံစားနေတာပဲ ရင်တွေအနာခံပြီး
မတွေးကောင်းပါဘူး ယောကျာ်းရယ်
Pete က Ae ရဲ့ပါးနှစ်ဖက်ကိုလက်နဲ့ဖြစ်ညှစ်လိုက်တယ်
Ae : အား နာတယ်
Pete : ချစ်လို့စတာ ..... ဘာကိုမှခေါင်းထဲမထားနဲ့တော့ ကျွန်
တော်လည်းအားလုံးမေ့လိုက်ပြီ ဒါနဲ့ Ae ကိုတိုင်ပင်စရာ
ရှိလို့
Ae : ဘာလဲ
Pete: ကလေးတွေအတွက်လေ Ae ကနောက်ရက်တွေဆို
အလုပ်ပြန်ဆင်းရတော့မှာမလား ကလေးနှစ်ယောက်နဲ့
ဆိုတော့ အိမ်ကိစ္စကထားပါတော့ သန့်ရှင်းရေးအဒေါ်
ကြီးကလာလုပ်ပေးတယ်
Ae : ကလေးထိန်းရှာချင်တာလား
Pete : ဟုတ်တယ် မနက်ကနေ Ae ပြန်ရောက်မယ့်အချိန်
ညနေစောင်းလောက်ပေါ့ သန့်သန့်ပြန့်ပြန့်သူမျိုးပေါ့
Ae : အင်း ကောင်းတာပဲ မဟုတ်ရင်မင်းပင်ပန်းမှာကိုစိုးနေ
တာ ကိုလူကောင်းကောင်းရှာကြည့်လိုက်မယ်လေနော်
Pete : ဟုတ်ကဲ့
Ae ရုံးထဲဝင်လာတာနဲ့ ဆူဆူညံညံအသံကိုကြားရတော့တာပဲ ဘာသံတွေလဲ Mile ရဲ့အသံလား
" နင်ကငါ့ကို ဘယ်လိုဆက်ဆံနေတာလဲ ငါကနင့်အလုပ်
ရှင်ဆိုတာသတိထားဦး နင်အလုပ်ပြုတ်ချင်နေတာလား "
ရုံးမှာဘာလို့ဒီလောက်ဆူညံနေတာလဲ Ae ကအခန်းတံခါးကို
ဖွင့်ပြီးဝင်သွားလိုက်တယ်
Mile : P Ae
Ae : Mile ဘာလို့ဒီလောက်ဒေါသထွက်နေတာလဲ ဘာဖြစ်
တာလဲ
သူဆူနေတဲ့ကောင်မလေးက Nami ပဲ
Ae : Nami ဘာလုပ်လို့လဲ
Mile : ဘာမှမဖြစ်ပါဘူး P Ae နင်ဘာရပ်လုပ်နေတာလဲ သွား
P Ae လာမယ်ဆိုတာလည်းကြိုမပြောဘူး ထိုင်ပါဦး
ကော်ဖီယူလာခဲ့မယ်
Ae : နေပါဦး ခုနကဘာဖြစ်တာလဲ
Mile : သူကအမြဲ ညီမကိုဆိုမခန့်လေးစားနဲ့ P Ae အားကိုး
ရတယ်ဆိုလို့ဆက်ခန့်ထားတာ ကို့သဘောနဲ့ကိုဆိုအ
လုပ်ဖြုတ်လိုက်ပြီ ညီမအတွင်းရေးမှူးအသစ်လိုချင်
တယ် P Ae
အိမ်ပြန်ဖို့ကားမောင်းလာရင်းနဲ့ Nami လမ်းလျှောက်နေ
တာကိုတွေ့လိုက်တယ်
Ae : ဟေး Nami
Nami : သူဌေး .....
Ae : တက်လေ ငါလိုက်ပို့ပေးမယ် တက်ပါ ပြောစရာလည်းရှိ
လို့
Nami လည်းကားပေါ်ကိုတက်လိုက်တယ်
Ae : Mile နဲ့မင်းဆက်ဆံရေးသိပ်မကောင်းဘူးထင်တယ်
ငါနဲ့တော့အဆင်ပြေနေတာပဲလေ ဒါပေမယ့် နောက်ဆို
အလုပ်မှာ Mile ပဲအများဆုံးရှိမှာ သူဦးဆောင်မှာ ဒါ
ကြောင့် စိတ်တော့မကောင်းပါဘူး ငါမင်းကိုအလုပ်သစ်
ရှာပေးပါ့မယ်
Nami ကကြောက်ကြောက်လန့်လန့်နဲ့ Ae ဘက်ကိုလှည့်
ကြည့်လိုက်တယ်
Nami : အခု ကျွန်မကိုအလုပ်ဖြုတ်ဖို့ပြောနေတာလား မလုပ်
ပါနဲ့ ကျွန်မအကောင်းဆုံးကြိုးစားပါ့မယ်
Ae : ငါတောင်းပန်ပါတယ် မင်းကသူစိမ်း Mile ကငါ့ညီမ
ငါ့ညီမရဲ့အလိုကိုလိုက်လျောပေးရမယ်
Nami : မလုပ်ပါနဲ့ သူဌေး ကျွန်မမှာအဘွားရဲ့ဆေးကုသစ
ရိတ်တွေပေးဖို့ရှိနေပါတယ် အဲ့လိုမလုပ်ပါနဲ့
Ae : ခဏလေး ဟိုနေ့က မင်းကသူနာပြုလုပ်ဖူးတယ်ပြော
တယ်မလား
Ae သူ့အတွေးနဲ့သူပြုံးလိုက်မိတယ် Nami ကစိတ်ချရတဲ့သူ
တစ်ယောက် ပြီးတော့ Son လေးတစ်ခုခုဖြစ်လာရင်လည်းသူ
ရှိနေတာသင့်တော်တယ် အိမ်ထိန်းတစ်ယောက်ရှာဖို့ထပ်သူကပိုသင့်တော်လိမ့်မယ်ထင်တယ်
Ae : မင်းအတွက်အလုပ်တစ်ခုရှိတယ် ဒါပေမယ့် မင်းမလုပ်
ချင်ရင်ငြင်းဆန်လို့ရတယ်
Ding ..... Ae ပြန်လာပြီထင်တယ်
Pete ကအလျှင်အမြန်တံခါးကို သွားဖွင့်ပေးလိုက်တယ်
ဒါပေမယ့် တံခါးဖွင့်လိုက်တော့ Ae နဲ့အတူကောင်မလေးတစ်
ယောက်ကိုပါသူတွေ့လိုက်ရတယ်
Pete : သူကဘယ်သူလဲ
Ae က Pete ပခုံးကနေဖက်ထားလိုက်တယ်
Ae : Nami တဲ့ Nami နှုတ်ဆက်လိုက်ပါဦး ဒါကငါ့ချစ်သူ
Pete တဲ့
ဒါဆို ...... ကလေးတွေကသူဌေးနဲ့ဒီကောင်လေးရဲ့ကလေး
တွေလား ဒါဆို မိန်းကလေးမဟုတ်ဘဲ သူ့စိတ်ကိုသိမ်းပိုက်
ထားတာ ဒီကောင်လေးလား
Part 8 ( the end )