Pete : Ae Ae .....
မနက်နိုးလာတော့ဘေးမှာ Ae ကိုမတွေ့ရဘူး ဘေးမှာ
တော့ ကလေးတွေကအိပ်နေဆဲပဲ
Ae ဘယ်သွားတာလဲ ကျွန်တော်လည်းအောက်ထပ်ကိုဆင်း
လာခဲ့လိုက်တယ် အောက်ထပ်မှာ Mae ကမနက်စာတွေပြင်
ဆင်နေလေရဲ့
Pete : Mae
Mae : သားလေး နိုးလာပြီလား ကလေးတွေရော
Pete : အိပ်နေတုန်းပဲ Mae ဒါနဲ့ Ae ရော သားနိုးလာတော့မ
တွေ့လို့
Mae : Ae ကသားအိပ်မောကျနေလို့ မနှိုးသွားတာ Mae ကို
ပြောသွားတယ် သူ Company ကိုခဏလောက်ပြန်
သွားကြည့်မလို့တဲ့လေ ပြန်လာမှ သူ့အိမ်ကိုသွားကြမယ်
တဲ့
Pete : Ae ကလည်း သားကိုဘာမှလည်းမပြောသွားဘူး အ
ရေးကြီးတာလည်းမဟုတ်ဘဲနဲ့ကို .....
Mae : ညနေသူ့အိမ်မပြန်ခင် ခဏသွားတာနေမှာပါ သားရယ်
အရမ်းစိတ်ပူတာပဲ
စိတ်ပူရတယ် Ae နဲ့ကလေးတွေကို ချစ်လွန်းလို့သူတို့ရဲ့အ
ရာရာတိုင်းကိုပူပန်နေရတယ် ဒါကအချစ်လေ
Nami ကအခန်းထဲကိုအမြန်ပြေးဝင်လာခဲ့တယ်
Nami : မင်္ဂလာပါ သူဌေး မတွေ့တာကြာပြီ နေကောင်းရဲ့
လား
Ae : ကောင်းပါတယ် ဘယ်လိုလဲ အားလုံးအဆင်ပြေတယ်
မလား Mile လက်အောက်မှာနေရတာရော အဆင်ပြေ
ရဲ့လား သူကနည်းနည်းတော့ ပွားတတ်တယ်
Nami : ဟုတ်ကဲ့ အဆင်ပြေပါတယ် သူဌေးအလုပ်ကိုပြန်လာ
လို့အရမ်းပျော်ပါတယ်
Ae : အလုပ်နဲ့ဝေးကွာနေလို့ Nami ကပဲကူညီပါဦးနော်
ရှက်ရှက်နဲ့ပြုံးလိုက်မိတယ် သူဌေးကိုအရမ်းသဘောကျ
တယ် သူ့ကြောင့်လည်းဒီနေရာမှာသည်းခံပြီးဆက်ရှိနေခဲ့တာ
Pete : Son မငိုပါနဲ့နော် ဘာလို့လဲ ကလေးရယ်
Son ကအသံကျယ်ကြီးနဲ့ကိုအော်ငိုနေခဲ့တာ အကြာကြီး
ချီထားပြီးချော့တာတောင် အငိုမတိတ်နိုင်ဘူး
Pete : Son လေးရေ ညီမလေးကိုကြည့်ပါဦး ညီမလေးဆို
အိပ်နေတာ ကလေးကဘာဖြစ်တာလဲ မငိုပါနဲ့
Ae ကလည်းအခုထိပြန်မလာသေးဘူး
Mae : Pete ကလေးငိုသံကအောက်ထပ်ကတောင်ကြားရ
တယ် ဘာလို့အဲ့လောက်ငိုနေတာလဲ
Pete : သားလည်းချော့နေတာ မရလို့ Mae
Mae က Pete လက်ကနေကလေးကိုပွေ့ချီလိုက်တယ်
Mae : Pete ..... ကလေးလက်မှာအနီစက်လေးတွေ
Mae ပြမှကြည့်မိတယ် Son လေးရဲ့လက်မောင်းနားမှာအနီစကိလေးတွေ
Pete : Mae .... ဘာဖြစ်တာလဲ ကလေးလေး
Mae : စိတ်မပူပါနဲ့ ကလေးငယ်ရင် အလွယ်တကူအဖျားဝင်
နိုင်တယ် ဆေးခန်းသွားရအောင်
Ae ကဆေးရုံခန်းထဲကိုအလောတကြီး ပြေးဝင်လာခဲ့တယ်
Ae : Pete
Pete : Ae ..... Ae လုပ်ပါဦး
Pete က Ae ကိုမြင်တာနဲ့ Ae ရဲ့လက်တွေကိုဆုပ်ကိုင်ပြီးငို
တော့တာပဲ
Ae : Pete ဘာလို့ငိုတာလဲ ဘာဖြစ်တာလဲ
Mae: ကလေးကသွေးလွန်တုပ်ကွေးဖြစ်တာပါ Pete ကအစိုး
ရိမ်ကြီးနေတာလေ
ကျွန်တော့်ရင်ထဲ လန့်သွားတာပဲ Pete ကငိုနေတော့ တစ်ခုခုဆိုးဆိုးဝါးဝါးဖြစ်တယ်လို့ ထင်လိုက်မိတာ သွေးတောင်ပျက်
မတတ်ဘဲ
Ae : Pete ကိုလန့်သွားတာပဲ Mae စိတ်ပူစရာအခြေအနေမ
ဟုတ်ဘူးမလား
Pete : စိတ်ပူရတယ် Ae ကလေးကငယ်သေးတယ် ခုနကဆို
သူ့ကိုဆေးထိုးအပ်နဲ့ .....
Pete ကပြောရင်းပြောရင်းနဲ့ကို ပြီးဆုံးအောင်တောင်ဆက်
မပြောနိုင်ဘူး ငိုပါလေရော
ကျွန်တော်ဆက်တောင်မမေးနိုင်တော့ဘူး သူငိုနေတာကိုပဲ
ချော့မြူရတော့မယ်
Ae : Pete ဘာမှမဖြစ်ဘူးလေ ကလေးရော
Mae : Son ကအခန်းထဲမှာ Nurse နဲ့လေ .... Pete ကသူ့
ကလေးကိုဆေးထိုးတာလေးကြည့်ပြီးငိုနေလို့ အမေ
လည်းသူ့ကိုအပြင်ခဏခေါ်လာတာ
Ae ကသက်ပြင်းသာချလိုက်မိတော့တယ်
Ae : Mae အိမ်ပြန်နားလိုက်လေ ကျွန်တော်တို့ဒ်ီမှာနေလိုက်
မယ်
Mae : ဟုတ်တယ် အိမ်မှာ Mile နဲ့အတူ Pin ကိုထားခဲ့တာ
အမေ ပြန်ဦးမယ်နော်
ကလေးဘေးမှာ ကလေးလေးလက်ကိုဆုပ်ကိုင်ပြီးအိပ်
ပျော်နေတဲ့ Pete ကိုဘေးကနေစောင်လေးခြုံပေးလိုက်တယ်
Ae : Pete ...... မင်းကိုကြည့်ရတာ ပင်ပန်းလိုက်တာ ဘာ
လို့ အရမ်းချစ်တတ်ရတာလဲ
ပြွတ် ...... Ae က Pete နဖူးလေးကိုဖွဖွလေးနမ်းရှိုက်လိုက်
တယ် Son လေးကိုလည်းနမ်းရှိုက်လိုက်တယ်
Ae : ကလေးတွေ ကိုတို့ဘဝထဲကိုဝင်လာခဲ့တာ ကောင်းတဲ့
အချက်လား မကောင်းတဲ့အချက်လား ကိုမသိတော့
ဘူး ဒါပေမယ့် ကိုအရမ်းချစ်တယ် Pete နဲ့ ကလေး
တွေကို
ဒေါက် ဒေါက် ....... Nurse ကအခန်းတံခါးကိုခေါက်ပြီးဖြေး
ဖြေးချင်းဖွင့်လိုက်တယ်
Nurse : ကလေးရဲ့အုပ်ထိန်းသူမလား ဆရာဝန်ကြီးကဆွေး
နွေးဖို့ခေါ်ခိုင်းလိုက်လို့ပါ
Pete ကတော်တော်လေးပင်ပန်းပြီး အိပ်ပျော်နေတော့ သူ့ကိုမနှိုးဘဲ တစ်ယောက်ထဲထွက်လာလိုက်တယ်
ဆရာဝန်အခန်းထဲရောက်တာနဲ့ အရင်ဆုံးကျွန်တော့်ကိုပြ
လိုက်တဲ့ မော်နီတာက မြင်ကွင်း
ဘာကိုပြချင်လည်းဆိုတာနားမလည်ပေမယ့် တစ်ခုတော့သိ
တယ် ဒါက Son ရဲ့ X ray ပဲ
Doctor : ကလေးက ဖန်ပြွန်သန္ဓေနဲ့ယူထားတာလို့ပြော
တယ်နော်
Ae : ဟုတ်ပါတယ် ကျွန်တော်တို့အမြွာလေးမွေးခဲ့တာပါ
Doctor : နောက်တစ်ယောက်ရော အခုလိုနေမကောင်းဖြစ်
ဖူးလား
Ae : မဖြစ်ဖူးပါဘူး Pin ကပိုပြီးကျန်းမာတဲ့ကလေးပါ ဒါနဲ့
ကျွန်တော့်ကလေးမှာ ဘာပြသနာရှိနေလို့လဲ
ဆရာဝန်အခန်းထဲက ထွက်လာတာနဲ့ ခြေထောက်တွေကအင်အားမဲ့ချိနဲ့နေပြီ ဘေးကနံရံတွေကိုကိုင်ပြီးမနည်းလျှောက်
ရတယ် ကျွန်တော့်မျက်လုံးတစ်စုံကမျက်ရည်တွေနဲ့အမှောင်
ကျနေတာ ဘာမှမမြင်နိုင်တော့ဘူး
Ae : မဟုတ်ဘူး အဲ့လို မဖြစ်ရဘူး မဖြစ်နိုင်ဘူး
Ae ကသူ့ရဲ့နားနှစ်ဖက်လုံးကိုပိတ်ပြီး ကော်ရစ်ဒါနားမှာပဲ
ထိုင်ချလိုက်မိတယ်
ဒုတ် ဒုတ် ...... သူ့ရင်ဘတ်ကိုလည်းလက်တွေနဲ့ထုရိုက်လိုက်မိတယ် ခေါင်းကိုလည်းအနောက်ကနံရံနဲ့ဆောင့်ချလိုက်
တယ်
ဆရာဝန်ပြောလိုက်တဲ့ စကားက နားထဲကနေမထွက်နိုင်ဘူး
အဲ့စကားရဲ့ဒဏ်ကြောင့်လည်း မျက်ရည်တွေကမထိန်းထား
နိုင်အောင်ကိုကျဆင်းနေပြီ
" ကလေးကငယ်လွန်းတော့ ကုသဖို့ကဖြစ်နိုင်မယ်မထင်ဘူး ခွဲစိတ်ဖို့ကိုလည်းခံနိုင်ရည်ရှိမယ်မထင်ဘူး "
Ae : မဖြစ်ဘူး မဖြစ်နိုင်ဘူး
တီ တီ ...... ဖုန်းတွေကဆက်တိုက်လာနေတာတောင် မကိုင်
နိုင်ဘူး အသိစိတ်ကင်းမဲ့နေခဲ့ပြီ
ဒါပေမယ့် ဖုန်းက Pete ဆီကလာနေခဲ့တာ ကိုင်မှဖြစ်မယ်
အခန်းရှေ့ကိုရောက်တာနဲ့ မျက်ရည်တွေကိုချက်ချင်းသုတ်
တင်လိုက်တယ်
Ae : Pete
Pete : Ae ဘယ်တွေသွားနေတာလဲ စိတ်ပူသွားတာပဲ
Ae ကပြုံးပြီး သူ့လက်ထဲကမုန့်ထုတ်ကို ထုတ်ပြလိုက်တယ်
Ae : ဗိုက်ဆာနေမှာသိလို့ သွားဝယ်လာတာ စားရအောင်
နော်
Pete : အင်း Son လေးနိုးလာလို့ သူနဲ့ဆော့နေတာ သူပြန်
အိပ်မှ စားကြမယ်လေနော်
Ae : Pete ကလေးကကောင်းနေပြီပဲ ကို့ကိုယ်ကိုဂရုစိုက်ပါဦး
ကိုအရမ်းဗိုက်ဆာနေတာ မင်းနဲ့အတူစားချင်လို့လေ
နော် စားရအောင်
Pete : အင်း စားကြမယ်လေနော် ကျွန်တော်ပြင်လိုက်မယ်
Ae ကကလေးနားကိုသွားပြီး ပါးလေးတစ်ဖက်ကိုကိုင်
လိုက်တယ် Son လေးကသူ့ကိုပြုံးကြည့်လိုက်တာနဲ့ သူ့မျက်
ရည်တွေက ကလေးပါးပေါ်တစ်စက်ချင်းကျဆင်းလာခဲ့တယ်
" တောင်းပန်ပါတယ် ကလေးရယ် ဖေဖေတောင်းပန်ပါတယ်"
Pete : Ae ဗိုက်ဆာနေတယ်ဆို လာလေ
Ae : လာပါပြီ Son လေးကိုခဏကြည့်ချင်လို့
Son ကသူ့လက်ချောင်းလေးတွေကို ဆုပ်ကိုင်ပြီးကိုရီကြည့်
နေခဲ့တယ်
" ချစ်စရာကလေးလေး ...... ဖေဖေတို့ဘဝထဲကမထွက်သွား
ပါနဲ့နော် ဖေဖေချစ်ရတာ မဝသေးလို့ပါ အချစ်တွေအများကြီး
ပေးချင်သေးလို့ပါ တောင်းပန်ပါတယ် ကလေးရယ် "
Part 5 ( the end )
ပုံမှန် Update ပြန်ပေးပါပြီနော် 😍😍