[ Zawgyi ]
'' နောက်မှပဲ ကလေး နဲ့အတူ
ဒီကိုပြန်လာကြမယ်လေနော်...''သူမခေါင်းငြိမ့်ပြမိလိုက်သည်
ထင်သည်..။'' ကိုယ်လိုချင်တဲ့ အဖြေစဉ်းစားပြီးပြီလို့
ထင်ပါတယ် ကလေး..'''' ကလေးကို ရွှေးချယ်ခွင့်ပေးထားပါတယ်
နော်ကိုယ်တို့က korea ကိုပြန်လာမှာ
မဟုတ်တဲ့အတွက်..'''' Nae..သိပါတယ်..''
သူနဲ့လက်ထပ်ပြီးတည်းက
သူမစဉ်းစားခဲ့ရတယ်..ခက်ခဲတယ်ဆိုပေမဲ့
တကယ်တမ်း စိတ်ကသူ့ကိုပဲရွှေးချယ်
မိခဲ့တယ်ထင်ပါတယ်...။သူ့အနားမှာအမြဲတမ်းအတူရှိချင်မိတယ်
သူ့ကိုစွဲလန်းနေမိတယ်..သူမရှိပဲနဲ့လည်း
မနေတတ်ပြန်ဘူး..။အစကနဲ့တော့ခြားနားစွာ...
ကိုယ်ယုံကြည်ရာကိုရွှေးချယ်လိုက်ရင်
ရပါတယ်..သူနဲ့ပဲအတူဘဝကို
ကုန်ဆုံးစေချင်မိတာအခုသူမဆန္ဒတစ်ခု
ဖြစ်နေခဲ့သည်လား...။တစ်ခါလောက် စိတ်ကိုအလိုမလိုက်ပဲ
နှလုံးသားကိုပဲရွှေးချယ်လိုက်တော့မယ်..။'' ကျွန်မ Oppa အနားကမထွက်သွား
ချင်ပါဘူး..အမြဲတမ်းပဲအတူရှိနေချင်မိတာ
ဒါကြောင့် သူတို့ခေါ်လည်းမလိုက်သွား
တော့ပါဘူး..'''' Oppa အနားမှာပဲရှိနေချင်ပါတယ်..''
'' တကယ်လား..! စကားကို
ပြန်ရုပ်သိမ်းလို့မရတော့ဘူးနော်..Bae'''' တကယ်ပြောနေတာကို...
မယုံလည်းနေတော့ သူတို့နဲ့ပဲပြန်လိုက်
သွားလိုက်တော့မယ်..''သူ့ကိုတွန်းပြီးဘေးကနေထွက်မယ်အလုပ်
တော့သူက ရယ်ကျဲကျဲနဲ့ပြန်လှမ်းဆွဲထား
သည်..။'' ဟာ! ဒီလိုလုပ်လို့မရဘူးလေ..Bae..''
'' ဘယ်မှလာ Bae နဲ့သွား! သွား..!! ''
'' ခွီး! နှင်ထုတ်တဲ့လူက လည်း
ဘာလို့ရီနေတာတုန်း ဟမ်!? ''အတင်းဆွဲပြီးမျက်နှာကိုအတင်း
နောက်သလိုလို လိုက်ကြည့်နေတာ
ကြောင့်..ရီချင်လာလို့မျက်နှာလွှဲသော်လည်းလိုက်ကြည့်နေပြန်သည်...။ခက်ပြီ ဒီတစ်ယောက်နဲ့တော့..။
'' အဟမ်း! ''
YOU ARE READING
THE MASK || Completed
Фанфик[ Zawgyi + Unicode ] JinX OC [Kim Seok Jin X Shin Yura(You)] ချိုသာပြီးတောက်ပလွန်းတဲ့အပြုံးတွေဟာ ဟန်ဆောင် မျက်နှာဖုံးတစ်ခုဆိုရင်ကော ချစ်နိုင်ပါ့မလား..!? Note : ပေါက်စ ဘဝက ရေးခဲ့တဲ့ fiction လေးမို့ အရေးအသား သည်းခံပါရန်...။