[ Zawgyi ]
သူမနှင့်ကျွန်တော် စတင်တွေ့ဆုံမိခဲ့သည့်
နေ့...ကောင်းကင်ကြီးမကြည်လင်နိုင်ပဲ
မှောင်မိုက်လို့တဖွဲဖွဲမိုးစက်တို့ရွှာသွန်းနေခဲ့
သောညနေခင်း...။ယခင်နေ့များကလိုSeok Jinတစ်ယောက်
Bus Carပေါ်မှာသီချင်းနားထောင်ရင်း
အိမ်သို့ပြန်မည်။
အားလပ်ရက်ဖြစ်ပြီးအလုပ်ကိစ္စတွေမရှိ
တာကြောင့်သူအိမ်သို့နောက်ကျ
မှပြန်လည်းဖြစ်သည်။ဒီနေ့ကျတော့Seok Jinတစ်ယောက်
သာမန်လူတစ်ယောက်လို
ပေါ့ပေါ့ပါးပါးနဲ့ကြည့်ကောင်းနေသည်။မှတ်တိုင်တွေတစ်ခုပြီးတစ်ခုကုန်လွှန်ပြီး
နောက်...Bus Car ရပ်လိုက်သည်နှင့်အတူ
အကြည်ရောင် မိုးစက်များကြား
တိုးဝင်လာသောလေညှင်းနဲ့မြေသင်းရနံ့
သင်းသင်းလေးဖြတ်သန်းသွားသည်။အမှတ်မထင် Seok Jinတစ်ယောက်
နောက်ဆုံးတန်းရဲ့ထောင့်မှာထိုင်နေရင်း
ဝင်ပေါက်ဆီကိုအကြည့်ရောက်မိသည်။လူလေးယောက်လောက်တက်လာသည်
နှင့်အတူ ရေမွှေးရနံသင်းသင်းလေး
ပျံ့လွှင့်လာသည်။
ရေမွှေးရနံ့လာရာကိုသူသိချင်မိသည်။ဘာရယ်တော့ မဟုတ်ဒီအတိုင်း သူ
တွေးလိုက်ခြင်းသာ....ရှေ့တွင်သူ့ရှေ့က ခုံလေးဆီလျှောက်
လာနေသော မိန်းကလေးတစ်ဦးသာ
သူတွေ့သည်။ထိုမိန်းကလေး သူရှေ့ဆီရောက်ဖို့
နီးကပ်လာတိုင်း..ရေမွှေးရနံ့လေး
သင်းလာသည့်မို့...ရေမွှေးရနံက ထိုမိန်းကလေးဆီကသာ
ဖြစ်လိမ့်မည်..။
ရေမွှေးရနံ့ကိုပဲအာရုံရောက်နေလို့
မိန်းကလေး မျက်နှာကိုခုမှသေချာ
ကြည့်မိသည်။နဖူးပြင်ပေါ်ဝဲကျနေသောသူမဆံနွယ်
လေးတွေက သူမမျက်စိကို စူးနေလို့
ထင်၏ ဆံပင်လေးတစ်ချက်သပ်တင်
လိုက်ချိန်မှာပဲ မြင်တွေ့လိုက်ရသော
ဖြူဖွေးဖွေး မျက်နှာနုနုလေး...ဦးစွာအကြည့်ရောက်မိသည်က
ဖြောင့်စင်းတဲ့ နှာတံလေးရဲ့အောက်မှာ
ပန်းဆီရောင် ရဲပြီးသန်းနေတဲ့နှုတ်ခမ်း
ဖူးဖူးလေး...
YOU ARE READING
THE MASK || Completed
Fanfiction[ Zawgyi + Unicode ] JinX OC [Kim Seok Jin X Shin Yura(You)] ချိုသာပြီးတောက်ပလွန်းတဲ့အပြုံးတွေဟာ ဟန်ဆောင် မျက်နှာဖုံးတစ်ခုဆိုရင်ကော ချစ်နိုင်ပါ့မလား..!? Note : ပေါက်စ ဘဝက ရေးခဲ့တဲ့ fiction လေးမို့ အရေးအသား သည်းခံပါရန်...။