[ Zawgyi ]
'' သက်သာသွားပြီလား..''
'' Nae..ငိုမိလို့တောင်းပန်ပါတယ်..''
'' မဟုတ်တာ ကိုယ့်ကြောင့်ငိုရတာလေ..
နောက် အဲ့လိုမလုပ်တော့ဘူးနော်
မငိုနဲ့တော့..'''' Nae..''
ပထမဆုံးအကြိမ်သူ့ရင်ခွင်ကြီးထဲ
သူမတိုးဝင်လို့ မှီထားမိသည်..။
နွေးထွေးတယ်လေ ကာကွယ်မှုတွေ
ပေးနိုင်လို့..ဒီရင်ခွင်ကြီးကိုသူမစွဲလန်း
နေမိပြီထင်သည်..။'' ဘယ်သွားချင်လဲ Babe..
လိုက်ပို့ပေးမယ်လေ..'''' ဟင်အင်း ဘယ်မှမသွားချင်ဘူး
ဒီအတိုင်းလေးပဲနေချင်တယ်..''ထိုသို့ပြောလို့ ပိုပြီးတင်းကျပ်နေအောင်
သူမကို သူဖက်ထားလိုက်သေးသည်..။တကယ်ဆို အခုသူမဆီမှာ သူပဲရှိတော့သည်မလား..သူခေါ်လာခဲ့လို့
အားလုံးနဲ့အဆက်အသွယ်ပြတ်တောက်
နေခဲ့တာကြာပေါ့..သူမှားခဲ့ကြောင်းတောင်းပန်တော့
သူရှေ့မှာတင်ငိုချမိခဲ့သည်အထိပင်..။ပိတ်လှောင်ထားတာ ခုမှနောင်တ
ရခဲ့လေသလား...။သူကဒီလိုပြောတော့
စိတ်မကောင်းဖြစ်သည်မှာ သူမမှန်သည်ထင်သည်...။'' ကိုယ်ဒီလိုပြောလို့ စိတ်မကောင်းမဖြစ်ပါနဲ့..''
'' အရမ်းချစ်တယ်..''
'' အဲ့ဒါကို သိတယ်မလား Babe..''
ကိုယ်မပြောလည်း မင်းလည်းသိတယ်မလား...။
'' အင်းသိပါတယ်..''
''အဲ့ဒါဆို ရပြီ..မင်းသိရင်ကျေနပ်တယ်..''
'' အင်းပါ..''
ဒီအတိုင်းပဲ သူ့ရင်ခွင်ထဲနေနေခဲ့တာပါ..။
ညအိပ်တိုင်း သူ့ရင်ခွင်ကြီးကမပါမဖြစ်
သောကြောင့်လား ခုနကငိုထားလို့
ပင်ပန်းနေသည်နှင့်သူ့ရင်ခွင်ထဲမှာတင်
လူက အိပ်ချင်လာသည်...။'' ဟေ့.. အဆင်ပြေရဲ့လား Babe..''
သူ့ရင်ခွင်ထဲမှာတင်ခေါင်းကငိုက်ကျသွားသည့်မို့သူကစိတ်ပူပြီးအလန့်တကြား
ထမေးသည်..။'' အင်း အဆင်ပြေပါတယ်..Miyanae
အိပ်ပျော်သွားမလို့..ဖြစ်သွားတာ..''
![](https://img.wattpad.com/cover/199832474-288-k400909.jpg)
YOU ARE READING
THE MASK || Completed
Fanfic[ Zawgyi + Unicode ] JinX OC [Kim Seok Jin X Shin Yura(You)] ချိုသာပြီးတောက်ပလွန်းတဲ့အပြုံးတွေဟာ ဟန်ဆောင် မျက်နှာဖုံးတစ်ခုဆိုရင်ကော ချစ်နိုင်ပါ့မလား..!? Note : ပေါက်စ ဘဝက ရေးခဲ့တဲ့ fiction လေးမို့ အရေးအသား သည်းခံပါရန်...။