.
.
ညနေ..ကျောင်းဆင်းချိန်... ရောက်တော့...Jisoo တစ်ယောက်..ကလေးတွေကို အိမ်စာတွေပေးပြီး...ကျောင်းဆင်းဖို့နှုတ်ဆက်လိုက်ကြသည်။
ကလေးတွေ လည်းစာသင်အခန်းကနေ အကုန်ထွက်သွား..ကုန်မှ..Jisoo လည်း ဆရာ/ဆရာမတွေ...ရှိတဲ့..ရုံးခန်းထဲပြန်ဝင်လာကာ..သူမပစ္စည်းတွေကိုဆွဲခြင်းထဲသိမ်းထည့် လိုက်သည်။"ဆရာမလေး...Jisoo ပြန်တော့မို့လား..."
"ဟုတ်..ပြန်တော့မယ်..ဆရာ Seung အိမ်မှာက အမေတစ်ယောက်တည်းရှိတာ...ကျန်းမာရေးလည်း..သိပ်မကောင်းဘူးလေ...."
"တူတူလမ်းလျှောက်ပြန်လို့ ရလား..ဆရာမ.."
"ရတာပေါ့...ဆရာ Seung "
တကယ်တော့...Jisoo နဲ့ ဆရာ Cho Seung Woo...အလယ်တန်းမှာသင်ကြားဖို့တာဝန်ကျတာချင်း...တူကြသည်။ ဆရာ..Seung က Jisoo သဘောကျနေသူပါ...။ သူတို့ကျောင်းက ဆရာ/ဆရာမတွေ တော်တော်များများ..ဆရာ Seung ခံစားချက်ကို သိနေကြတယ်..အဲ့ထဲမှာ...Jisoo လည်း အပါအ၀င်ပေါ့..။
ကျောင်းရဲ့ အပြင်ဘက် ကနေ jisoo နဲ့ Cho Seung Woo တို့ဘေးချင်းယှဉ်ကာ ထွက်လာတဲ့မြင်ကွင်းကို မျက်တောင်မခတ်ဘဲကြည့်နေတဲ့ Chaeyoung. ...က အလိုမကျချင်သလိုလိုနဲ့...မဲ့ပြုံး..ပြုံးနေမိသည်။..အနီးရောက်လာတော့....
"မ..."
"......."
Jisoo ကပြန်မထူး...
Chaeyoung စိတ်ထဲမှာတော့..အောက်သက်သက်ဖြစ်သွားသည်။ တခြားသူတွေနဲ့ဆို..ပြုံးပြီးရယ်နေသလောက်...သူနဲ့တွေ့ပြီးဆိုရင်..ရယ်နေတာတောင်..ချက်ချင်းရပ်သွားပြီး..ပြုံးစိစိဖြစ်နေတဲ့...မျက်နှာလေးတောင် ချက်ချင်းမဲ့သွားတဲ့ အထိ...။
Jisoo သူ့အပေါ်အမြင်မကြည်..။"တွေ့ရတာ..၀မ်းသာပါတယ်ခင်ဗျ..ကျွန်တော်က Cho Seung Woo ပါ ဆရာမလေး jisoo နဲ့ တာဝန်ကျတာချင်း အတူတူပါ....ဒီက..ဆရာမ jisoo နဲ့ဘာတော်ကြလည်းမသိဘူး.."
ဆရာ Seung ကသူ့ကိုသူမိတ်ဆက်ပေးပေမယ့်...Chaeyoung ကတော့..ခေါင်းလည်းမညိတ်...ခေါင်းလည်းမခါ..စကားလည်းပြန်မပြော..Jisoo မျက်နှာကိုသား ကြည့်နေမိသည်။
"အသိတွေပါ..ဆရာ Seung "
Jisoo က၀င်ပြောလိုက်ခြင်းပါ။
"တွေ့ရတာဝမ်းသာပါတယ်ဆရာ..Park Chaeyoung လို့ခေါ်ပါတယ်.."
Chaeyoung လည်းပြန်မိတ်ဆက်လိုက်သည်။ ဆရာ Seung ဆိုသူကလည်း jisoo ကို ကြည့်တဲ့အကြည့်က မရိုးသားဘူးဆိုတာ Chaeyoung တစ်ယောက်အကဲခတ်မိသွားသည်။ နေရင်း..ထိုင်ရင်း သူ jisoo ကို သ၀န်တိုချင်လာသည်။
YOU ARE READING
တစ်ဦးတည်း...💟ဖြစ်သော...မ
Fanfictionအချစ်ကို.. အလောင်းကစား...အဖြင့် သဘောထားရင်...မှားသွားနိုင်တယ်.. ဆုံးရှုံးမှုက..နှလုံးသားတစ်ခုလုံး ဖြစ်သွားနိုင်တယ်....♡♡♡