.
.
Chaeyoung မနေ့က ရဲစခန်းကပြန်လာပြီး....မပြန်တော့ဘဲ...Lisa အိမ်မှာသာ..အိပ်လိုက်သည်။
သူ့အိမ်မှာလည်း...maid တွေဘဲရှိတာမို့..သူဂရုမစိုက်..ခါတိုင်းလို.. သူ့အဖေရှိရင်..ပြန်မအိပ်ရင်တောင်..ဖုန်းဆက်ရသည်။...ဖုန်းမဆက်လို့ကတော့...Chaeyoung ကိုအမြဲ ပစ်ဒဏ်ပေးသည်။
တစ်ဦးတည်းသော..သမီးကို...
မရိုက်ရက်တော့...
ထိုင်ထကို...လမ်းလျှောက်မနိုင်တော့တဲ့အထိ လုပ်ခိုင်းသည်။
Chaeyoung ပစ်ဒဏ်..တစ်ခါလုပ်ပြီးတိုင်း...၃ရက် လောက်တော့...ကောင်းကောင်းဖျားသွားသည်။
ဒါလည်း...စိတ်မှတ်မရှိ....
ဆိုးမြဲဆိုး...အိမ်မကပ်ဘဲလည်မြဲလည်နေဆဲပါ..။အချုပ်တစ်ခါ ကျရင်...အသုံးစရိတ်..မဖြတ်ခံရတယ်...ကားသိမ်းခံရတယ်..ဒါလည်းမမှတ်...သွားလို့ရရင်ရသလိုစက်ဘီးယူပြီး...လည်ပတ်နေသေးသည်..။ ကျောင်းပြီးလို့အလုပ်ရထားလည်း မလုပ်...Chaeyoung ကျောင်းမပြီးခင်ကဆို..သူ့အဖေ..Mr Park Minyoung....တစ်ယောက်...ကျောင်းအုပ်ကြီး...ရုံးခန်းကို..သူ့အိမ်နားရွေ့ထားရတော့မယ့်အတိုင်း လိုဖြစ်နေသည်။...တစ်လကို..အနည်းဆုံး..၃ ကြိမ်သွားရသည်။
မကြာမကြာ...ပြဿနာရှာလိုက်....ကျောင်းလစ်လိုက်...စာမေးပွဲကျလိုက်....သူများသားသမီးတွေကို...ဆွဲလားရမ်းလားနဲ့...သူ့အပြစ်တွေက စုံလို့...ဆရာ/ဆရာမတွေက..လက်မခံချင်လောက်တဲ့အထိ..သူဆိုးသည်။.
သူ့အဖေ မျက်နှာကြောင့်သာ...သူသက်သာသွားသည်။...သူက စာတော်ပေမယ့် ဆိုးလွန်းတော့...ဆရာမတွေကမနိုင်...သူ့ကိုလည်း..မချစ်ကြ..သူဂရုမစိုက်..သူ့အတွက်လွတ်လပ်ရပြီ ဆိုပြီး...နေချင်တိုင်းနေသည်။
မိတဆိုးမို့...သူ့အဖေလည်း...အလိုလိုက်ထားတာ...တစ်ခါတစ်လေ..သူ့အဖေ ပြောလေ့ရှိတဲ့စကားက..."Chaeyoung ကိုအလိုလိုက်ထားတာ...ငါအရမ်းကို မှားသွားပြီး...အခုကြည့်...ထိန်းမရ..သိမ်းမရ...မိန်းခလေးဖြစ်လို့...တော်သေးတယ်....ယောကျာ်းလေးသာဆို...ငါလည်းသူ့အမေလို...အသက်ရှည်မှာ မဟုတ်ဘူး..အစောကြီးဂူအောင်းနေရမှာ..ဟူး😧"
Company က အလုပ်ထဲမှာဆို..အာဏာအရှိဆုံး..လူကြီး..Mr Park Minyoung က သမီးဖြစ်သူ..Park Chaeyoung နဲ့တွေ့တော့....လက်လှန်ရတော့သည်။
.
.ဒီနေ့လည်း....နေထွက်နေပြီး..Lisa တောင်အလုပ်သွားဖို့..ပြင်ဆင်ပြီးပြီ...Chaeyoung ကတော့မနိုးသေး...
YOU ARE READING
တစ်ဦးတည်း...💟ဖြစ်သော...မ
Fanfictionအချစ်ကို.. အလောင်းကစား...အဖြင့် သဘောထားရင်...မှားသွားနိုင်တယ်.. ဆုံးရှုံးမှုက..နှလုံးသားတစ်ခုလုံး ဖြစ်သွားနိုင်တယ်....♡♡♡