"~အချစ်ရယ်~အတ္တရယ်~ဒဏ်ရာရယ်~"

1.9K 121 137
                                    

[Zawgyi]
ငယ်...။

မောင့်အရာရာနဲ့ရင်းပြီးချစ်ရပါသောငယ်...။

မောင့်ဘ၀ရဲ့အရှင်သခင်လေးရယ်.....။

မချစ်ဘဲနေပါ့မလားငယ်လေးရယ်..မောင်လေ..မင်းကိုရင်နဲ့ရင်းပြီးချစ်တာပေါ့ကွယ်။

မင်းအတွက်ပဲမောင်တွေးပေးခဲ့ပါတယ်ငယ်..။

မောင့်သွေးသားလေးကိုအဆုံးရှူံးခံခဲ့တဲ့အထိ မင်းကိုမောင်သိပ်ချစ်ခဲ့ပါတယ်...။

မောင်လည်းအဖေဖြစ်ချင်ခဲ့တာပါငယ်..။

မောင့်သွေးသားလေးကိုလွယ်ပေးထားတဲ့ငယ့်ကို မောင်တယုတယနဲ့ထွေးပွေ့ချင်ခဲ့တာပေါ့..။

မောင့်သွေးသားလေးကိုမွေးပေးမယ့် ငယ့်လက်လေးတွေကို ဆုပ်ကိုင်ပေးချင်ခဲ့တာပေါ့..။

ဗိုက်ဖောင်းဖောင်းလေးနဲ့ချစ်စရာကောင်းနေမယ့်မင်းကို ခပ်ဖွဖွအနမ်းပေးမယ်ဆိုတဲ့စိတ်ကူးတွေနဲ့ မောင်ရူးခဲ့တာပေါ့..။

မောင့်ကလေးလေးရဲ့..Daddy..ဆိုတဲ့ခေါ်သံလေးကို မောင်ကြားချင်ခဲ့တာပေါ့..။

မဖြစ်နိုင်ခဲ့ဘူးငယ်..။မောင့်ရွေးချယ်မှုတွေမှာ..မင်းက အမြဲတမ်းနံပါတ်တစ်ပါပဲငယ်လေး။

ဒါပေမယ့်မောင်ချစ်ခဲ့သလောက်..မောင်မှားခဲ့ပါတယ်ငယ်ရယ်..။

မောင့်အတ္တတွေကပဲမောင့်ဘ၀ကိုသတ်ခဲ့တာငယ်။ နာကျင်မှာစိုးတဲ့စိတ်တွေက..မောင့်အသက်ထက်ပိုချစ်ခဲ့ရတဲ့ မင်းအပေါ်မှာနတ်ဆိုးတွေဖြစ်ခဲ့တယ်ငယ်..။

မောင်လေ..သေတာတောင်ပြင်လို့မရနိုင်တဲ့အမှားတွေကို ထပ်ခါထပ်ခါကျူးလွန်ခဲ့မိပါတယ်ငယ်။

မောင့်အနေနဲ့..မင်းကိုတန်ဖိုးမထားတတ်ခဲ့တာက..မောင့်ဘ၀ရဲ့အကြီးမားဆုံးအမှားပါပဲ။

မင်းရဲ့တန်ဖိုးတွေကိုမောင်သိလာခဲ့တဲ့အချိန်မှာတော့..မင်းကတခြားသူရင်ခွင်ထဲမှာပျော်နေခဲ့ပြီပဲ...။

မောင်ဘယ်လိုဖြေသိမ့်ရမလည်းငယ်...။

မောင့်ရင်တစ်ခုလုံးစုတ်ပြတ်နေခဲ့တဲ့အချိန်မှာ မင်းလေးကတော့..အတောက်ပဆုံးပြုံးနေလိုက်တာ....။

🎁Presents:NamJin One Shot🎁Where stories live. Discover now