သူ့ထံပါး..ကြားသိစေ...။

1.3K 75 40
                                    

[Unicode]
  သို့/
       မြတ်နိုးရပါသောသက်ဆိုင်သူထံ..

  အချစ်ကိုသင်၊အပြစ်ဆိုမမြင်တတ်တာမို့
  ရင်ခွင်မှာ..မြတ်နိုးစွာရယ်နဲ့..
  ခုန်မင်စွာချစ်တတ်ပါလို့..
  သံသရာတကွေ့ရယ်က..
  အမြတ်နိုးရဆုံး..ဧည့်သည်ငယ်..။

ခင်ဗျားလို့ပဲခေါ်ပါရစေ...။

ခင်ဗျားကလေကျွန်တော့်ကိုပထမဆုံးချစ်တတ်အောင်သင်ပေးခဲ့တဲ့သူပါ။

အချစ်ဆိုတာပါးချိုင့်ကစတယ်လို့တရားသေမှတ်သားမိအောင်..ခင်ဗျားကရိုက်သွင်းပေးခဲ့တာ...။

တကယ်လည်းဟုတ်ပါတယ်..ကျွန်တော့်ရဲ့အချစ်တွေကခင်ဗျားရဲ့ပါးချိုင့်နက်လေးဆီကနေစပြီးမြစ်ဖျားခံလာခဲ့တာ...။

ကျွန်တော်ဟာခင်ဗျားရဲ့ချစ်ခြင်းပင်လယ်မှာပျော်စံတဲ့..ပင်လယ်ပျော်စင်ရော်လေးတစ်ကောင်ဖြစ်ခဲ့ဖူးတယ်..။

ခင်ဗျားရဲ့အကြင်နာတွေနဲ့ရှင်သန်နေတဲ့..ချစ်စရာစင်ရော်လေးတစ်ကောင်ပေါ့လေ..။

တကယ်ကြည်နူးခဲ့တာခင်ဗျားရဲ့...။

ခင်ဗျားမှမရှိရင်မဖြစ်ဘူးဆိုတဲ့သဘောပေါ့ခင်ဗျားကြီးရယ်...။

ကျွန်တော်ဘယ်လောက်အထိအတ္တကြီးခဲ့မိလည်းသိလား..ကျွန်တော့်ရဲ့နာကျင်မှုတိုင်းကိုတောင်ခင်ဗျားကြောင့်ပဲဖြစ်စေချင်ခဲ့တာ..။

ကျွန်တော့်အတွက်ပြီးပြည့်စုံတဲ့တစ်ရက်တာဖြစ်ဖို့..၂၄နာရီလုံးလုံးခင်ဗျားကပဲကျွန်တော့်အတွေးတွေထဲမှာစိုးမိုးခဲ့တာ..။

ကျွန်တော့်အတွက်ကြယ်ရောင်စုံတဲ့ကောင်းကင်ဆိုတာ..ခင်ဗျားရဲ့ပါးချိုင့်တွေနက်ဝင်နေတဲ့မျက်နှာပဲ...။

တကယ်တော့ကျွန်တော်မေ့နေခဲ့တာတစ်ခုရှိတယ်..။

ခင်ဗျားကိုကျွန်တော့်ရဲ့ကောင်းကင်လို့သတ်မှတ်ခဲ့ကတည်းက..ကျွန်တော့်မှာငေးကြည့်ခွင့်ပဲရှိခဲ့တာ...။

ငေးဆိုတော့လည်းငေးရုံပေါ့ခင်ဗျားရယ်...။

ခင်ဗျားရှူထုတ်လိုက်တဲ့လေထုရဲ့အတွင်းမှာနေပြီးခင်ဗျားမျက်နှာကိုမြင်နေရတဲ့အချိန်တိုင်းကကျွန်တော်အရူးသွပ်ခဲ့ရဆုံးငေးမောချိန်တွေပေါ့..။

🎁Presents:NamJin One Shot🎁Where stories live. Discover now