< 1 >

31.1K 1.4K 114
                                    


( Zawgyi )

အချိန်​ အတိုင်းအတာတစ်​ခုအထိ​တော့ တို့​တွေ​ရေစက်​ဆုံခဲ့ကြဖူးတယ်​......။

ဒီ ​ဆောင်းရာသီ​လေးကို ​မေ့နိုင်​မယ်​မထင်​ဘူး က​လေး.....။

ျတိုက်​ဆိုင်​မှု​ကြောင့်​ပဲဖြစ်​ဖြစ်​ ရည်​ရွယ်​လို့ပဲဖြစ်​ဖြစ်​ ​နေ့တိုင်း မင်း ကိုပဲသတိရ​နေမိခဲ့တာ......။

မင်း ​ပျော်​ပါ​စေက​လေး......

နေ ​ရောင်​ ခြည်​ ကွယ်​ ​သော အရပ်​ မှာ ​ပေါ့။

_____

အချိန်​အားဖြင့်​ ည​နေ ​နေဝင်​ရီတ​ရောအချိန်​သို့​တောင်​ ​ရောက်​လု​ချေပြီ။
အနီ​ရောင်​​တောက်​​တောက်​​နေမင်းကြီးသည်​ တိမ်​စိုင်​​တွေကြားထဲ ဝင်​​ရောက်​ပုန်းလျှိုးလုနီးနီး အချိန်​သို့​ရောက်​ရှိ​နေပြီဖြစ်​သည်​။ Namjoon သည်​ လက်​ထဲတွင်​လည်း ​ကော်​ဖီခွက်​​တစ်​ခွက်​ကို ကိုင်​ကာ ထို​နေဝင်​ချိန်​​လေးကို ရှင်းရှင်းလင်းလင်းမြင်​ရ​သော ပြတင်း​ပေါက်​မှတစ်​ဆင့်​ တည်​ငြိမ်​​အေးစက်​စွာ သက်​ပြင်းတရှိုက်​ရှိုက်​ချလျက်​ ​​ငေး​မောကြည့်​ရှု​နေ​လေသည်​။
အမှုမှတ်​အမှတ်​မဲ့ ခြံထဲသို့အကြည့်​​ရောက်​သွား​သောအခါ စက်​ဘီး​လေးတစ်​စီးနှင့်​ လွယ်​အိတ်​​လေးတစ်​လုံးနှင့်​အတူ မိမိအိမ်​သို့ ​​နေ့စဉ်​​နေ့တိုင်းလိုလို​ရောက်​ရှိလာသည့်​ ​Jimin ဆို​သော ​ကောင်​​လေးတစ်​​ယောက်​​ကြောင့်​ သားဖြစ်​သူမှာ အချုပ်​အ​နှောင်​ဘဝမှ ယခုအချိန်​တွင်​ပြတင်း​ပေါက်​​လေးတစ်​ခုရှိလာခဲ့ပြီဖြစ်​သည်​။

ထိုအချိန်​တွင်​ ​အ​နောက်​ဘက်​မှ​နေ၍ ခါးကိုလာဖက်​​သော ဝင်းမွတ်​ကာ​ချောမွတ်​​နေသည့်​အသားအရည်​ကိုပိုင်​ဆိုင်​ထားသူ က​လေး​ကြောင့်​ ​ကော်​ဖီခါးခါး​သောက်​​နေသည့်​ကြားမှပြုံးမိပြန်​သည်​။

" Appa ရဲ့ Taehyungie ​လေး ဘာလိုချင်​လို့လာချွဲ​နေတာတုန်း "

ထိုက​လေးအ​ကြောင်းကိုသိသူပီပီ အ​နောက်​ကိုလှည့်​ကြည့်​ကာ​မေးမိလိုက်​​တော့ မျက်​​စောင်းလှလှ​လေးနှင့်​စူ​ထော်​လာ​သောနူတ်​ခမ်း​လေးတစ်​စုံ။ အရွယ်​​ရောက်​​နေ​ပေမယ့်​လည်း အ​ဖေနှင့်​သူငယ်​ချင်းဖြစ်​သူအ​ပေါ်သို့သာ ထိုသို့ချွဲချွဲနွဲ့နွဲ့​လေး​တွေလုပ်​ပြတတ်​ပါ​သော သားငယ်​ ​လေး​ကြောင့်​ သ​ဘောတကျရယ်​မိပြန်​သည်​။ သို့​သော်​လည်း ဘဝအကျိုး​ပေးကံမ​ကောင်းလှ​သော သားငယ်​​လေးအ​ကြောင်းကိုပြန်​​တွေးလိုက်​ရုံနှင့်​ ရင်​ထဲနင့်​​နေ​အောင်​ခံစားရပါသည်​။

Spring Day || KV [Completed] Where stories live. Discover now