< 9 >

6.2K 703 26
                                    


( Zawgyi )

ကျေးငှက်​က​လေး​တွေမှ ချိုသာစွာ​တေးသီ​နေကြသည်​။ စမ်း​ချောင်းက​လေးအရှိန်​ပြင်းစွာ စီးဆင်းသံ​လေးသည်​လည်းနားဝင်​ချိုလှ၏။ ထို့အပြင်​ ​ခေါင်း​လေးကို တစ်​​ယောက်​​ယောက်​ကညင်​သာစွာပွတ်​သပ်​​ပေးသဖြင့်​ Taehyung ​ခေါင်း​လေးကို ထိုလက်​က​လေးနှင့်​နီး​အောင်​ပိုမိုတိုးကပ်​သွားလိုက်​​တော့ ရင်​ထဲအသည်းထဲ​​စွဲထင်​​နေသည့်​ ထိုရယ်​သံလွင်​လွင်​က​လေးကိုကြားလိုက်​ရသည်​။

" ဟား..ဟား....​ယောင်းငယ်​ ~ ထ​တော့​လေ ! ကိုယ်​ ​ယောင်းငယ်​ ကိုတစ်​ခုခုပြစရာရှိတယ်​ "

" အင်း...ဟင်း....အိပ်​ချင်​​သေးတယ်​ ကိုကို ~ "

Jungkook သည်​​ခေါင်း​လေးကိုပွတ်​ကာ​ပြော​ပေမယ့်​ Taehyung က​တော့ငြင်းဆန်​​နေပါသည်​။ Jungkook ​ပေါင်​​ပေါ်တွင်​​ခေါင်း​အုံးပြီးအိပ်​​နေတာ​ကြောင့်​ အိပ်​ယာမထချင်​​သေးသည့်​အ​နေဖြင့်​ Jungkook ခါးကိုတင်းတင်းဖက်​ကာ ရင်​ခွင်​ထဲသို့​ခေါင်း​လေးကိုပြန်​လည်​တိုးဝင်​မိပြန်​သည်​။ ဤအခြင်းအရာကိုသ​ဘောအကြီးကြီးကျ​နေသည့်​ Jungkook သည်​ ပီတိအပြုံးမျိုးနှင့်​ပြုံးမိသည်​။ ​ယောက်ျားသားတို့ခံစားချက်​အတိုင်း ထိုချစ်​စရာ​ကောင်းသည့်​လူသားက​လေးသည်​ ခုနက​လေးတင်​သူ့အပိုင်​ဖြစ်​ခဲ့ပြီဟူ​သောအသိက ​ပျော်​ပြမတတ်​​အောင်​ဝမ်းသာပီတိဖြစ်​ရပါသည်​။
သို့​သော်​လည်းကြည်​နူးပြုံး​ပျော်​​နေလို့မရ​သေး​ပေ။ ​နေထွက်​တာကိုအတူတူကြည့်​ရန်​ထိုက​လေး​လေးအားနှိုးရမည်​မဟုတ်​ပါလား။

" ​ယောင်းငယ်​​လေး​ရေ ~ ထ​တော့ ! ကိုယ်​တို့​နေထွက်​တာကိုအတူတူကြည့်​ရ​အောင်​ "

" ....... "

နေထွက်​တာ !!!!!?????

အခု ကိုကို ကသူ့ကို​နေထွက်​တာအတူတူကြည့်​မည်​လို့အခု​လေးတင်​​ပြောလိုက်​တာလား !?
အဲ့ဒါဆို အခုကဘယ်​အချိန်​လဲ !!???

" ​ဟော....ကြည့်​ နိုးလာပြီ !? "

" ဘယ်​အချိန်​ရှိပြီလဲ ကိုကို ! "

Spring Day || KV [Completed] Where stories live. Discover now