( Zawgyi )
အရင်ကလို မှိုင်တွေနေတတ်တဲ့ သူ့မျက်နှာငယ်လေး......
အရင်ကလို Jiminie လို့ လိုချင်တာရှိရင် ကပ်ကပ်ချွဲနေတဲ့ သူ့ရဲ့သဘာဝ လေးထောင့်အပြုံးလေး......
စိတ်ကလေးနည်းနည်းတိုလာရင် ချက်ချင်းအသံသြသွားတဲ့ ရုပ်ပြောင်းရုပ်လွှဲတော်သူလေး.....
Jimin သည် နေရောင်ခြည် မရရှိအောင်အသေအချာကိုတံခါးပိတ်ထားသော ထိုအခန်းလေးထဲကို ဒီနေ့တွင်ယခုနဲ့ဆိုရင် ဘယ်နှစ်ခေါက်မှန်းမသိ ဝင်မိခဲ့ပြန်သည်။ အခန်းထောင့်စွန်း ပြတင်းပေါက်ကလေးအနားတွင် သပ်သပ်ရပ်ရပ်ရှိနေသော ခရမ်းနုရောင်ကုတင် လေးပေါ်တွင်ထိုင်ကာ အပြင်ဘက်ကိုကြည့်ရင်း အတွေးလွန်နေမိသည်။
သူမသိတော့။
နောက်ဆုံးခရီးကို လိုက်မပို့ခိုင်းသည့် သူငယ်ချင်းဖြစ်သူကို သူစိတ်ဆိုးရမည်လား။ ဒါမှမဟုတ် သူမေ့လဲသွားမှာကိုစိတ်ပူပြီး မလိုက်ခဲ့အောင်ကိုတမင်ထားထားခဲ့သည့် သူငယ်ချင်းကို သူအပြစ်တင်ရမည်လား။ သေချာတာတစ်ခုကတော့ ယခုအချိန်မှထိုခံစားချက်တွေဝင်နေလို့လည်း ကာယကံရှင်ကမရှိတော့ပါချေ။
ဒါပေမယ့် သူ နောင်တ မရပေ။ အနည်းဆုံးတော့ အသက်ရှင်နေတဲ့အချိန်အတွင်းမှာ သူငယ်ချင်း ကိုပျော်ရွှင်အောင် ထားပေးနိုင်ခဲ့သည်မဟုတ်လား။ သူ Taehyungie ကိုစိတ်ညစ်အောင်လည်းမလုပ်ခဲ့ဘူးသလို ဝမ်းနည်းအောင်လည်းမလုပ်ခဲ့ဘူးပေ။ တတ်နိုင်သလောက် ပျော်ရွှင်အောင်ထားပေးနိုင်ခဲ့သည့်အတွက် သူ နောင်တ မရပေ။
Jimin သည် နေရောင်ခြည်မရသဖြင့် မှိုင်းအုံ့အုံ့ အခန်းကလေးကိုလှည့်ပတ်ကြည့်နေရင်း မျက်လုံးကလေးက စားပွဲခုံကလေးဆီသို့ရောက်မိသွားသည်။ သပ်သပ်ရပ်ရပ် ဖြစ်ကာရှင်းလင်းလှသည့်စားပွဲခုံကလေးနှင့် ဆေးသုတ်ထားသောအံဆွဲ စိမ်းလေးက သူ့အားညှို့ယူလို့နေသည်။ Jimin သည်တုံ့နှေးမနေပဲ ထိုစားပွဲလေးဆီသို့သွားလိုက်ပြီး အံဆွဲလေးကိုဖွင့်ကြည့်မိလိုက်သည်။
YOU ARE READING
Spring Day || KV [Completed]
FanficInspire to "Midnight Sun" movie My dreams come true at midnight. Song recommend - Spring Day ©Yolanda