< 11 >

6.3K 685 46
                                    

( Zawgyi )

Taehyung Jungkook ကိုလမ်းခွဲစကား​ပြောပြီးသည်​မှစ၍ Jungkook ​ပေါ်မလာ​တော့​ပေ။ Taehyung ​ပျော်​​နေနိုင်​တယ်​​ဆို​ပေမယ့်​ တကယ်​တမ်းသူ့​လောက်​ခံစားရတာသူသာအသိဆုံးပင်​။ ​ပျော်​​ပျော်​ရွှင်​ရွှင်​စကား​ပြောရသည့်​အချိန်​​တွေကိုလည်းအသက်​မပါ​သောအပြုံးမျိုးကိုသာအသုံးပြုရင်း Jungkook ကိုရင်​မဆိုင်​ပဲရက်​​ပေါင်းများစွာဖြတ်​သန်းလာသည်​မှာ ယခုဆိုရင်​ သုံးရက်​တိတိရှိပြီဖြစ်​သည်​။

" ငါဝင်​လာမယ်​​နော်​ Tae Tae "

အတန်းတံခါးကိုအသာ​လေး​ခေါက်​ကာ အသိ​ပေး​သော Jimin ​ကြောင့်​ Taehyung ​ရေးလက်​စ ​ရောင်​စုံစာရွက်​က​လေးများကို စာပွဲခုံ​အောက်​ဘက်​ရှိအံဆွဲထဲသို့ Jimin မမြင်​​အောင်​မြန်​မြန်​ထည့်​ဖွက်​ထားမိသည်​။

" ဘာ​တွေလုပ်​​နေတာတုန်း Tae Tae .... အိမ်​ထဲမှာပဲ​နေရတာမပျင်းဘူးလား !? "

Jimin သည်​ ခုံ​ပေါ်တွင်​သက်​​တောင့်​သက်​သာမရှိသလိုထိုင်​​နေသည့်​ Taehyung ကိုအ​နောက်​မှလှမ်းဖက်​ထားရင်း တီတီတာတာစကား​လေး​တွေကို​ပြောမိသည်​။ သူတကယ်​ အသက်​ပါသည့်​ Taehyung အပြုံးကိုမြင်​ချင်​မိပါသည်​။ သို့ရာတွင်​ ​ဖျော့​တော့လှ​သောအပြုံးမျိုးကိုသာလက်​​ဆောင်​ရလိုက်​ပြန်​ပါသည်​။

" Tae Tae ဦး​လေး Jin လည်းပါလာတယ်​ မုန့်​လုပ်​စားကြရ​အောင်​ "

Jimin အားရတက်​ကြွစွာ​ပြောသည်​ကို Taehyung သည်​ အားမရှိ​သောအပြုံးက​လေးဖြင့်​ပင်​​ခေါင်းခါပြကာပြန်​လည်​တုံ့ပြန်​ပါသည်​။ Jimin လည်း ​နေမထိထိုင်​မသာဖြစ်​​နေ​သောသူငယ်​ချင်းအား ကြည့်​ရတာအားမရပါပင်​။ Jungkook နှင့်​လမ်းခွဲဖို့ကိုသူကိုယ်​တိုင်​ပင်​​ရွေးချယ်​ခဲ့သည်​။ ဘာလို့လဲဆိုသည့်​​မေးခွန်းကိုအသုံးချမိ​တော့ အ​ကြောင်းပြချက်​က​ရေ​ရေရာရာမရှိ။ နှစ်​ဦးသ​ဘော​ကောင်းဖို့အတွက်​ဟူ​သောအရည်​မရအဖတ်​မရစကားကိုသာရွှီးရွှီးချလွန်းသည်​။ ကြာလာ​တော့ ခံနိုင်​ရည်​မရှိသူမှာ Taehyung ကိုယ်​တိုင်​ပင်​ဖြစ်​လာ​ချေပြီ။

Spring Day || KV [Completed] Where stories live. Discover now