<Zawgyi>
*ကြောင်အကြီးကြီးပဲ*
နောက်ဖေးမှာ အဝတ်တွေရုတ်ရင်း ပြန်လာတော့ စားပွဲခုံနားမှာ Hunအိပ်နေတာကို သူတွေ့လိုက်တယ်။
ခါတိုင်းလိုပဲ အသံမပေး ဘာမပေးနဲ့ ရောက်လာပြန်ပြီ။
Hunက တကယ်ကိုကြောင်တွေနဲ့ တူလိုက်တာ။
ဆောင်းတွင်းကို စ,ဝင်လာတော့
ဖြည်းဖြည်းချင်းပဲတိုက်နေတဲ့ လေတွေကတောင်
အသဲထဲထိ စိမ့်ပြီးအေးနေသလို။
ရာသီဥတုအေးလာတာမို့ နွေးနွေးထွေးထွေးရှိအောင် နွားနို့နဲ့၊မနက်က ကျန်သေးတဲ့ ဟင်းတွေ ၊ထမင်းတွေကို ပြန်နွှေးပြီး ကျွေးတော့ သူ့ကိုတစ်ချက်ပြန်မော့ကြည့်တဲ့ Hun။"ကြေးများမနေနဲ့ ၊ မပြောမဆိုနဲ့ရောက်လာရင် ရှိတာပဲစားရမယ်။"
ဒီလိုအေးတဲ့နေ့မျိုးဆို Hunက ညအိပ်ပြီးမှ ပြန်တတ်တာမို့ ကြေးများတဲ့ Hunအတွက်
သူ့အကြိုက်ဟင်းတွေ ချက်မလားလို့ Baekhyunတစ်ယောက်စဉ်းစားနေမိတယ်။"Hunစားပြီးရင် ငါသိမ်းလိုက်မယ်နော်"
အသံပြုရင်း နွားနို့ပန်းကန်ကို သိမ်းလိုက်ပေမယ့် လက်ကိုလှမ်းကိုက်လိုက်တဲ့ အဆိုးလေးHun။
"ငါက မင်းအကြိုက် ငါးကြော်ပေးမလို့ကို... ငါ့လက်ကို ကိုက်တယ်ပေါ့!! ဘာမှ မစားရဘူးမှတ်
အိုဆယ်ဟွန်း!!!!"Baekhyun ပန်းကန်တွေကိုဆေးဖို့ လက်ကိုရေနဲ့ထိလိုက်တော့ Sehunကိုက်လိုက်တဲ့နေရာက နာလာတယ်။
အလုပ်ရှုပ်လို့ မသုံးတဲ့ ရာဘာလက်အိတ်ကြီးကို ပြန်ရှာပြီး ပန်းကန်ဆေးနေရတာမို့ Sehunဆီကို မကျေမနပ် မျက်စောင်းတွေထိုးပစ်လိုက်တယ်။ငြီးငွေ့စရာကောင်းတဲ့ ကျောင်းပိတ်ရက်တွေက တကယ်ကို ရှည်လှပါတယ်။
အလုပ်တွေ အကုန်လုပ်ပြီးသွားတာတောင် နေ့လည် ၂နာရီပဲရှိသေးတာမို့ Baekhyun တစ်ယောက်အိပ်ရန်ကြံလိုက်သည်။"Huniee ရော အိပ်မလား? စောသေးတယ်ဆိုတော့ ! လာ ... ဒီကိုလာ!"
လှဲအိပ်ပြီး လက်မောင်းကို ပုတ်ပြတော့ လက်မောင်းပေါ် တက်လာတဲ့ Huniee။
Hunieeရဲ့ခေါင်းလေးတွေကို သပ်ပေးရင်း
Hunieeက ကြီးလာလိုက်တာ တွေ့တုန်းကထက်တောင် ပိုကြီးလာသေးတယ်။

YOU ARE READING
Cat {큰 고양이}
أدب الهواةSehun x Baekhyun ကြောင်ဆိုးလေး ဆယ်ဟွန်းနီး ကြောင်ဆိုးလေး ဆယ်ဟွန်းနီး