ပါးကွက်ကြားနဲ့သရဲ

2.6K 82 2
                                    

ကျွန်မရဲ့.. ကိုယ်တွေ့ဖြစ်ရပ်လေးပါ... ၂၀၀၇ သြဂုတ်လမှာ.. ကျွန်မမိခင်.. အမျိုးသမီး..ရောဂါတစ်ခုကြောင့်.. မြောက်ဥက္ကလာဆေးရုံမှာ.. ၂ လခန့်ကြာအောင်.. ဆေးကုသမှုခံယူရပါတယ်.. ဆေးရုံဆိုတော့.. သိတဲ့အတိုင်း မည်သူမှ.. သွားချင်တဲ့..နေရာ.. မဟုတ်ပေမယ့်.. တကယ်တမ်း.. ဖြစ်လာတော့လည်း.. သွားရတာပါပဲ.. ၂ လဆိုတဲ့.. သက်တမ်းမှာ.. အဲ့ဒီဆေးရုံအကြောင်းမှာရှိတဲ့..ပေတတွေရဲ့..အကြောင်းကို.. သိလာရတဲ့အပြင်.. ကိုယ်ကိုယ်တိုင်ပါ... ကြုံခဲ့ရပါတယ်..

ဆေးရုံမှာ.. ရေခဲတိုက်ပါရှိတော့.. နေ့စဉ်.. သေနေတဲ့.. သူတွေကို... သံအုပ်ဆောင်း အခေါင်းနဲ့..ခေါ်ခေါ်သွားတာကိုလည်း.. မြင်ရပါများလို့..ရိုးနေပါပြီ... လူသေလို့. သံအုပ်ဆောင်း အလွတ်နဲ့..လာခေါ်ရင်.. ဂလုန်းဂလုန်း နဲ့..အသံကလည်း.. ညဘက်ဆိုရင်..စိတ်ခြောက်ခြားဖွယ်ရာပါ.. လူသေကို.. ရေခဲတိုက်ခေါ်သွားတဲ့..လုပ်သားတွေကလည်း.. ညဆိုရင်.. အရက်ကို... မူးအောင်.. သောက်ပြီးမှ.. ရေခဲတိုက်ထဲကို.. ၀င်ရဲတယ်ဆိုတဲ့အကြောင်းလည်း.. တဆင့်စကားနဲ့.. သိရပါတယ်.. ကျွန်မကိုယ်တိုင်ကလည်း.. သရဲဆို... သေလောက်အောင်.. ကြောက်တတ်ပေမဲ့.. ငယ်ငယ်ထဲက.. သရဲကားဆိုရင်.. မကြည့်ရမနေနိုင်ပဲ.. ယပ်တောင်ကြားက.. ခိုးကြည့်ရင်းနဲ့. ၁ ကားလုံးပြီးတဲ့အထိကြည့်သူပါ.... အသုဘသွားပို့ရင်လည်း.. လူသေရဲ့... လက်တို့.. ခြေထောက်တို့ကို.. သွားကိုင်ကြည့်တတ်တယ်.. ညအိပ်တော့မှ... စောင်ကြီးခေါင်းမူးခြုံပြီး... ငါကိုင်ခဲ့တာကြီးက.. အေးစက်နေတာပဲဆိုပြီး.. ကြောက်ရတဲ့.. အရသာကို.. တစိမ့်စိမ့်နဲ့.. ခံစားတတ်သူပါ... ဒီတော့.. ဆေးရုံရောက်တုန်းလည်း.. ဘယ်နေလိမ့်မလဲ... ဘေးကုတင်က. လူနာစောင့်ကို.. အဖောစပ်ပြီး.. ရေခဲတိုက်.. ဘက်ကို.. နေ့ခင်းဘက်.. သွားစပ်စုလိုက်သေးတယ်... သရဏံဂုဏ်.. တင်တဲ့ဇရပ်လည်း.. ရေခဲတိုက်အရှေ့မှာ..ရှိပါတယ်.. နေ့တိုင်းနေ့ရော ညရော.. တွန်းတွန်းနေတဲ့.. လူသေတင်တဲ့.. လှည်းနဲ့.. အခေါင်း တခုကိုလည်း.. အဲ့ဒီ့အနီးတဝိုက်မှာပဲတွေ့တယ်...

လူသေတွေရှိတဲ့... နေရာမို့လို့လားပဲ..မသိပါဘူး..... တကယ့်ကို.. တစပြင်ပါပဲ... ဆေးရုံနားတဝိုက်မှာ.. ဟိုဟိုဒီဒီ... တွန်နေတဲ့... ငှက်ကလေးတွေအသံကိုတောင်.. အဲ့ဒီ့နားမှာ.. မကြားရဘူး.. ကျီးကန်း ၂ ကောင်.. ၃ ကောက်လောက်.. အာနေတဲ့..အသံပဲ.ကြားရတယ်... နေ့ခင်းတောင်.. ခြောက်ခြားစရာပါပဲ... ရေခဲတိုက်က..မှန်တွေကိုတော့... သတင်းစာစက္ကူတွေ.. ကပ်ထားတယ်.. အထဲကိုတော့.. လှမ်းကြည့်လို့မရပါဘူး.. ကျွန်မတို့ ၂ယောက်လည်း.. အဆောက်အဦး.. တ၀က်အထိပဲရောက်လိုက်တယ်.. အဆုံးအထိသွားဖို့ကို... ကိုယ့်စိတ်က..ခွင့်မပြုဘူး... ဒါနဲ့ပဲ.. ပြန်လှည့်ခဲ့ကြတယ်... ဒီကြားထဲမှာ.. မွေးဖွားဆောင်ဘက်မှာလည်း.. ခဏခဏ.. သရဲခြောက်တယ်ဆိုတဲ့.. အသံတွေ.. ကြားရပါတယ်.. ညဘက်ကို... ညည်းသံကြားရတာတွေ... နာ့စ်တစ်ယောက်... လူနာကြည့်ပြီး အပြန်မှာ.. သူ့ဘေးနားက.. ခေါင်းမပါပဲ.. ကိုယ်ကြီးသက်သက်.. ဖြတ်သွားတာတွေ... ဆရာ၀န်မ တစ်ယောက်.. ညဘက်.. ဂျူတီကျလို့.. နားနေခန်းမှာ.. ၀င်အိပ်နေတုန်း... ဘေးနားမှာ.. သရဲက.. ယပ်လာခပ်ပေးနေတာတွေ.. မျိုးစုံပါပဲ...

ဖြစ်ရပ်မှန်သရဲဇာတ်လမ်းများWhere stories live. Discover now