"အား!!"
Lisa အလောတကြီးပြေးလာရင်း အရှေ့ကလူကိုအရှိန်မထိန်းနိုင်ဘဲ တိုက်မိပြီး အရှိန်လွန်ကာ လမ်းပေါ်ဟပ်ထိုးလဲသွားသည်.....
"လူတစ်ယောက်လုံးကိုတောင်မမြင်ဘူးလား!!"
"တောင်းပန်းပါတယ်ရှင့် ကျွန်မအရေးကြီးနေလို့ပါ...တကယ်တောင်းပန်ပါတယ်နော်"
လဲနေရာကနေ ကမန်းကတန်းထပြီး ထ်ုသူကိုတောင်းပန်လိုက်သည်...ပြန်ပြောနေလို့လဲမဖြစ် ကြာနေရင် မ နဲ့ချိန်းထားတာ နောက်ကျတော့မယ်....
အခုတောင်နောက်ကျနေပြီလားမသိဘူး...."တောင်းပန်ပါတယ်ရှင့်...ကျွန်မကိုခွင့်ပြုပါအုံး.."
45°bow လုပ်ပြီး အမြန်ထွက်လာခဲ့လိုက်ပြီး ခုနကထက်မြန်တဲ့အရှိန်နဲ့ မ ချိန်းတဲ့နေရာကို ပြေးလာလိုက်သည်...
ကားမရှိတဲ့ ဒုက္ခလဲမလွယ်ပါလား...
*မ ဘာပြောမလို့ပါလိမ့် ရင်ခုန်လိုက်တာ*
ပြေးနေရပေမယ့် မမောနိုင် မ ဆီကပထမဆုံးစပြီး တွေ့မယ်ပြောလို့ ရင်တွေအရမ်းခုန်နေသည်လေ...
"ရောက်ပြီ..ဟူးးးး"
မ ချိန်းထားတဲ့ Cafe ဆိုင်ရှေ့ရောက်တော့ အသက်ကိုပုံမှန်ဖြစ်အောင်ပြန်ရှူလိုက်ပြီး တံခါးဖွင့်ပြီး မ ထိုင်နေကျနေရာလေးကိုကြည့်လိုက်တော့....
ဉီးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းပြီး ဖုန်းကိုစိတ်ဝင်တစားကြည့်နေတဲ့ မ...
"ဒေါက်....ဒေါက်...စောင့်ရတာကြာသွားလား မ "
စားပွဲလေးကို နှစ်ချက်လောက်ခေါက်ပြီး ခေါ်လိုက်တော့ ခေါင်းလေးမော့လာတော့ Lisa မှင်သက်သွားရသည်...
"လှလိုက်တာ..မရယ် ဒီမျက်နှာလေးကိုမတွေ့ရတာ ၂ ပတ်တောင်ကြာပြီ.."
မ ရဲ့မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ရင်းပြောလိုက်တော့...
"ဟွန့်...ဟုတ်လို့လား ချာတိတ်ရဲ့.."
မ ကသူမပြောတာကို မဲ့ပြီး ခနဲ့တဲ့တဲ့ပြန်ပြောလာသည်....