Lisa မ နဲ့တွေ့ခဲ့တဲ့ cafe ကနေပြန်ထွက်လာပြီး သူမရဲ့ အလုပ်ဆီကို လာခဲ့လိုက်သည်...."မင်္ဂလာပါ သူဌေး.."
"ဟယ် lisaya ဒီနေ့စောတယ်ရော်"
"ဟုတ်တယ် .... ဟီး အိမ်မှာ ဘားမှလုပ်စရာမရှိတော့လို့လေ အဲ့တာဆို lili သန့်ရှင်းရေး လုပ်တော့မယ်နော်.."
"အေးအေး...lisa ရောက်ပြီဆိုတော့ Eonnie တူလေးတွေကိုကျောင်းသွားပို့လိုက်အုံးမယ် ဖြစ်မလား..."
"ဖြစ်ပါတယ် eonnie ရဲ့ မနက်ပိုင်းဆို လူမှသိပ်မကျတာ ဖြည်းဖြည်းသွားနော်..."
Eonnie ထွက်သွားတော့ စားပွဲခုံတွေ မှန်တွေကို သန့်ရှင်းရေးလုပ်နေလိုက်သည်...
Lisa က jisoo eonnie ရဲ့ ထမင်းနဲ့ ခေါက်ဆွဲဆိုင်လေးမှာ လုပ်နေတာပါ...
အကုန်လုပ်ပြီးတော့ ဗိုက်ဆာလာတာနဲ့ သတင်းစားပို့သမားလေး ပို့ထားခဲ့တဲ့ နွားနို့ဘူးလေးကို ယူသောက်လိုက်သည်.....
*ခုချိန် မ ဘာလုပ်နေမလဲ အိပ်နေပြီလားမသိဘူး ဟီး.. ညကျရင် မနဲ့အတူမွေးနေ့ပွဲလေးလုပ်ကြည့်ချင်လိုက်တာ....*
"ငါ မွေးနေ့ပွဲမလုပ်ဖြစ်ခဲ့တာ ဘယ်နှစ်နှစ်တောင် ရှိသွားခဲ့ပြီလဲ...."
"ဟုတ်ပြီ .... မဆီ ဖုန်းဆက်ကြည့်ရမယ်"
ဆိုင်ကအထိုင်ဖုန်းလေးနဲ့ အလွတ်ရနေတဲ့ မရဲ့ ဖုန်းနံပါတ်ကို ခေါ်လိုက်တယ်....
ထင်တဲ့အတိုင်းဘဲ မက ဖုန်းမကိုင်ပြန်ပါဘူး......
"ခရီးပမ်းလို့ အိပ်ပျော်နေတယ်ထင်တယ်"
ထပ်ခေါ်ကြည့်မလို့ လုပ်လိုက်ပေမယ့် စားသုံးသူတွေရောက်လာလို့ မခေါ်ဖြစ်တော့....
သူမတို့ဆိုင်ရဲ့ မျက်နှာချင်းဆိုင်မှာ Company ကြီးရှိတာကြောင့် ၀န်ထမ်းအများစု လာစားကြသည်....ဈေးနှုန်းလဲသင့် သန့်ရှင်းပြီး အရသာကောင်းလို့လေ....
"လိုအပ်တာရှိရင် ပြောပါရှင့်"
ဧည့်သည်မှာတာတွေချပေးပြီး ကောင်တာမှာ ပြန်ထိုင်နေလိုက်သည်....