ကောင်းကင်နှင့်အပြိုင် ပြာနေတဲ့ သမုဒ္ဒရာပင်လယ်......၊ ပြာတယ်ဆိုတာထက် ပိုပြီးနက်ပြာတဲ့ ရေမျက်နှာပြင်ပေါ် ကို နေရောင်ခြည်ဖြာဆင်းလိုက်တော့ လှိိုင်းလုံးလေးတွေ တလက်လက်ဖြစ်နေတဲ့အလှဟာ.....စိန်လိုမျိုး တလက်လက်တောက်ပနေတယ်။ သို့သော်အပေါ်ယံလှပပေမယ့် နက်ရှိုင်းလွန်းတဲ့ သမုဒ္ဒရာအောက်မှာ ဘာတွေရှိလဲဘယ်သူမှမသိပါ။သမုဒ္ဒရာကြမ်းခင်းကနေ အထက်ရေမျက်နှာပြင်ပေါ်တက်ဖို့ဆိုတာ မိုင်ထောင်ချီခရီးလိုပဲ မလွယ်ကူဘူး။
ပင်လယ်ကြမ်းပြင်က ကုန်းမြေနဲ့မတူဘူး၊ သဲဝါဝါလေးတွေနဲ့ခင်းထားတယ်။ ဒီလိုမြေမျိုးမှာ ပန်းပင်တွေ သစ်ပင်တွေမရှိပေမယ့်လဲ ပင်လယ်မှာပေါက်နိုင်တဲ့ ထူးခြားဆန်းကြယ်တဲ့ရေမှော်ပင်အလှလေးတွေ ရောင်စုံရှိပါတယ်။ ပင်လယ်ကြမ်းပြင်ထိ နေရောင်မတိုးပေမယ့် ရေမှော်တွေကအလင်းရောင်ကိုယ်စီနဲ့မို့ မှောင်မဲမနေပဲ ထိန်ထိန်လင်းနေတယ်။ ပင်လယ်နေသတ္တဝါ အကြီးအသေးအရောင်မျိုးစုံနဲ့ တစုတစည်း သူ့အုပ်စုနဲ့သူ အလူးလူးကူးခပ်နေကြတယ်။ ဒီလိုအလှမျိုး ကုန်းမှာနေတဲ့လူဘယ်လိုမှမမြင်နိုင်ပါဘူး။
သမုဒ္ဒရာကိုအစိုးရတဲ့ ဘုရင်ကြီးတစ်ပါးနဲ့ သူ့တိုင်းပြည်လေး ရေအောက်မှာရှိနေတယ်ဆိုတာ လူတိုင်းက ပုံပြင်လို့ပဲသတ်မှတ်ကြတယ်။ တကယ်တော့......ရှိပါတယ်။ မမြင်ဖူးတော့မယုံကြတာပါ။
ရေအောက်ရဲတိုက်ကို သန္တာကျောက်တွေနဲ့ တည်ဆောက်ထားတော့ သာမန်ရဲတိုက်နဲ့မတူ အရောင်တဝင်းဝင်းနဲ့......အရမ်းခမ်းနားတဲ့ရဲတိုက်ကြီး။ ပြတင်းပေါက်၊ တံခါးပေါက်ရှည်ရှည်ကြီးတွေမှာ ရေမှော်ပန်းတွေတွဲကပ်ပေါက်နေတော့ ပန်းတံခါးလေးတွေလိုပဲ။ ရဲတိုက်ထဲက ဟောနန်းအလယ်မှာ ပုလဲလုံးကြီးတွေနဲ့ စီရီကာရံထားတဲ့ လျှောက်လမ်းလေးရှိတယ်။ ဟောနန်းရဲ့ထောင့်တိုင်းမှာ ယောက်သွားအကြီးကြီးတွေ၊ ဖွင့်လိုက်ပိတ်လိုက်နဲ့မို့ ရေပူဖောင်းကြီးတွေထွက်ထွက်လာတယ်။ ဟောနန်းအပေါ်မျက်နှာကျက်မှာ ရောင်စုံသန္တာကျောက်တန်းက အတွဲလိုက်ကျပြီး ပန်းပွင့်လိုအပြားလိုက် ဖြာထွက်နေတော့ မီးဆိုင်းလေးလိုလိုအရမ်းလှတယ်။ ဟောခန်းအလယ်တည့်တည့်ထိပ်နားမှာ ရေသူဘုရင်ကြီးနဲ့ဘုရင်မ ကျောက်ဖြာကြီးပေါ်မှာထိုင်နေတယ်။
ရေသူဘုရင်ကြီးနဲ့ဘုရင်မဟာ သက်တမ်းတော်တော်ရှည်နေပေမယ့် ရုပ်ရည်ကအိုသွားခြင်းမရှိ၊ နုပျိုနေဆဲပါ၊ စိမ်းပြာရောင် ငါးမြီးတွေက ကျောက်သံပတ္တမြားလို တလက်လက်ထနေတယ်။
သူတို့ရေသူတိုင်းပြည်ကို အုပ်ချုပ်လာတာအတော်ကြာခဲ့ပြီ။ အေးအေးချမ်းချမ်းနဲ့ တိုင်းသူပြည်သား ရေသူရေသူမတွေလဲ အရမ်းကိုရိုးသားဖြူစင်ကြတယ်။
ကာလာစုံငါးမြီးတစ်ပိုင်းလူပိုင်း ရေသူရေသူမတွေကြားမှာ မင်းသားလေးဟာ အထင်ရှားဆုံးပဲ။ မောင်နှမ ၇ ဖော်ကြားမှာ အငယ်ဆုံးဖြစ်တဲ့မင်းသားလေး တစ္စာရိုမန် (it means treasure in Latin) ဟာ နက်မှောင်ပြီး နူးညံ့တဲ့ဆံသားရှည်လေးရှိတယ်။ အသားအရေကဖြူဝင်းပြီး သူ့ရဲ့အမြီးဟာ စိမ်းရွှေဝါရောင်ပြေးပြေးလေးနဲ့ အရောင်တဝင်းဝင်းထနေတယ်။ အမြီးနှစ်ခွလေးက ပိုးသားလေးလို ပါးပါးရှည်ရှည်၊ သူ တစ်ကြိမ်ကူးခတ်တိုင်း လေထဲမှာ ပုဝါပါးပါးလေးလွင့်သွားသလိုနဲ့ အရမ်းလှတယ်။ အားလုံးကလဲ အလိုလိုက်အရမ်းချစ်ကြတယ်။ ခု ဟောနန်းထဲမှာ ရေသူ၊ရေသူမတွေစုဝေးပြီး သူ့အသက် ၁၅နှစ်ပြည့်တော့မှာမို့လို့ မွေးနေ့ပွဲကျင်းပဖို့အတွက် ဆွေးနွေးနေကြတယ်။
မင်းသားလေး တစ္စာဟာ ချစ်စရာကောင်းသလို စူးစမ်းချင်စိတ်ကလဲ အရမ်းများတယ်။ သူ့ဘဝတစ်လျှောက်လုံး ဒီရဲတိုက်နဲ့ဒီပင်လယ်မှာပဲနေရတော့ သူအပြင်လောကကိုအရမ်းတွေ့ချင်တယ်။ ကုန်းမြေရှိတဲ့အကြောင်း၊ လူတွေအကြောင်း၊ ရေမြေတောတောင်တွေအကြောင်း သူ့အဖွားရဲ့ပုံပြင်တွေကြားနေရတော့ အရမ်းမြင်ချင်၊ သွားချင်တယ်။
သူတို့ရေသူ၊ရေသူမတွေမှာ ရှေးအစဥ်အလာတစ်ခုရှိတယ်။ အသက် ၁၅ပြည့်ရင် လူပျို အပျိုသတ်မှတ်တယ်၊ ပြီးတော့ ရေမျက်နှာပြင်ပေါ် တစ်ကြိမ်တက်ခွင့်ပေးတယ်။ ပြင်ပလေကိုရူခွင့်တကြိမ်သာပေးခြင်းဖြစ်တယ်။ သို့သော် ညဖက်သာတက်ခွင့်ပေးပြီး နေထွက်ခါနီး ရေအောက်ကို အပြီးပိုင်ပြန်ရတယ်။
သူ့အကိုအမတွေကပြောပြတယ် 'ပြင်ပလေကအရမ်းလတ်ဆတ်တယ်၊ ငါးညှီနံ့မရှိဘူး' တဲ့။
အခု သူမွေးနေ့လဲနီးလာပြီမို့ သူ သူ့မိဘနားဆုတောင်းဖို့အခွင့်အရေးရလာပြီ။ တစ်သက်မှာတစ်ကြိမ်သာ ရေမျက်နှာပြင်ပေါ်တက်ခွင့်ရမယ့် အခွင့်အရေး.......🐠🐠🐠🐠🐠
ရှေးဝတ္ထုကိုအခြေခံပြီး Own ဇာတ်လမ်း၊ နာမည်တွေ ပြန်ပြင်ရေးထားတာပါ။ အမှားပါရင် ခွင့်လွှတ်နော်။ ✌
YOU ARE READING
The Little Merman
Fantasy(own + fanfic) based on original story of 'The little mermaid' Unicode ✌