Chapter 3

261 16 2
                                    


မွေးနေ့ရောက်လာပါပြီ။ အငယ်ဆုံးမင်းသားလေးရဲ့ မွေးနေ့ဆိုတော့ ရဲတိုက်တခုလုံး ခမ်းခမ်းနားနားပြင်ဆင်ထားကြတယ်။ ဘယ်မွေးနေ့ပါတီပွဲမှ ဒီပွဲလောက်မပြင်ဆင်ဘူး။ တိုင်းသူပြည်သား ရေသူ၊ရေသူမတွေကလဲ မင်းသားလေးတစ္စာကို အရမ်းချစ်တော့ အကုန်ပွဲလာတက်ကြတယ်။ ရေသူသမိုင်းမှာ အထင်ရှားဆုံး အခမ်းနားဆုံးပွဲလို့ပြောရင်း မမှားပါဘူး။ အကုန်လုံးတက်​တက်ကြွကြွဖြစ်နေကြတယ်။ သို့သော် သူတို့အားလုံးထက် အတက်ကြွဆုံးက မင်းသားလေး။

သူ ​ပွဲမစမီကတည်းက သူပြင်ဆင်ပြီးသား။ အခြွေအရံတောင် မပြင်ပေးလိုက်ရဘူး။ သူ ဘဝမှာဒီနေ့ဟာ မွေးနေ့ထက် ပိုအရေးကြီးတယ်။ သူ ရေပေါ် တက်ရတော့မယ်။ သူ အရမ်းပျော်လို့ ရေထဲမှာ နှစ်ပတ်သုံးပတ်လောက် လှည့်ပိတ်နေမိတယ်။ သူ ဂနာမငြိမ်ဘူးဖြစ်နေတယ်။ သူ ဘီဒိုလေးကိုဖွင့်လိုက်ပြီး သူစုဆောင်းထားတဲ့ တိုလီမိုလီ ကုန်းမြေပေါ်ကပစ္စည်းတွေ ကြည့်ရင်း ကြည်နူးနေတယ်။ လူတွေအသုံးပြုတဲ့ပစ္စည်းတွေ လက်နက်တွေ ရတနာတွေက အရမ်းလက်ရာသပ်ရပ်ပြီး သူ့အတွက်လဲအထူးအဆန်းလေးတွေ။

ခဏကြာ အခန်းတံခါးလာခေါက်သံကြားလို့ ဖွင့်ကြည့်လိုက်တော့ သူ့အကိုအမ ၆ယောက်က

"တစ္စာရေ ပျော်ရွှင်စရာမွေးနေ့လေးပါ"

"တစ္စာလေး အရွယ်ရောက်လာပြီ၊ ငယ်ငယ်တုန်းကလို အမတို့နား လာမအိပ်တော့ဘူး"

"အကိုတို့နဲ့ အပြင်လျှောက်လည်လို့ရပြီ၊ ငါ့ညီတစ္စာ ချစ်သူထားလို့ရတဲ့အရွယ်ရောက်ပြီ"

"တစ္စာလေးရေ ဘဝကိုအေးအေးချမ်းချမ်းနဲ့ အဆင်ပြေပြေဖြတ်သန်းနိုင်ပါစေ"

သူ့ အကိုအမတွေရဲ့ဆုတောင်းပေးမှုကြောင့် သူအရမ်းလဲပျော်တယ် ရှက်လဲရှက်နေတယ်။ သူ ဒီမိသားစုနဲ့တူတူနေခွင့်ပေးတဲ့ ပင်လယ်နတ်ဘုရားကို ကျေးဇူးတင်မိတယ်။ ဒီမိသားစုကသူ့ကိုအရမ်းချစ်ကြသလို သူလဲဒီမိသားစုအပေါ်အရမ်းချစ်တယ်။

သူ့အကိုအမတွေ တစ်ယောက်ချင်းစီလိုက်ဖက်ပြီး ကျေးဇူးတင်စကားပြောလိုက်တယ်။ ပြီးတော့ သူတို့တွေအတူတူ ​မွေးနေ့ပွဲကိုသွားကြတယ်။

You've reached the end of published parts.

⏰ Last updated: Oct 12, 2019 ⏰

Add this story to your Library to get notified about new parts!

The Little Merman Where stories live. Discover now