Chapter 2

348 12 1
                                    


မင်းသားလေးတစ္စာ အရမ်းချောလွန်းလို့ သူကို ရေသူမရော ရေသူရော ချစ်ရေးဆိုကြတယ်။ အသက်လဲပြည့်ခါနီးဆိုတော့ တချို့သူတွေက လက်ထပ်ခွင့်လာတောင်းကြတယ်။ တစ္စာကအကုန်လုံးကိုငြင်းခဲ့တယ်။ သူ့ရုပ်ရည်ချော​တာမချောတာ သူစိတ်မဝင်စားပါ။ သူ့အတွက် အရေးကြီးအရာက သူ ကုန်းမြေရဲ့အလှကိုမြင်ချင်တာပဲ။ သူ တစ်ခြားရေသူ၊ရေသူမတွေနဲ့ ရောရောနှောနှောမနေဘူး၊ သူ့အဖွားနားပဲကပ်နေပြီး လူတွေအကြောင်း ပုံပြင်နားထောင်လေ့ရှိတယ်။

သမုဒ္ဒရာကြီးဘယ်လောက်လှတယ် ပြော​ပြော၊ သူ့အတွက်ရိုးအီနေပြီ။ သူတို့ရဲတိုက်ကြီးကျယ်ခမ်းနားပြီး လှတာကိုလက်ခံပေမယ့် ကုန်းမြေပေါ်မှာရှိတဲ့ ရဲတိုက်တွေဘယ်လိုပုံရှိလဲ သူသိချင်တယ်။

ကုန်း​​​မြေမှာ ပန်းပင်တွေ သစ်ပင်တွေ၊ တောင်တန်းတွေနဲ့  စိမ်းစိုနေတယ်တဲ့....ဘယ်လိုစိမ်းစိုတာလဲ။ လိပ်ပြာတွေ၊ ငှက်တွေလေမှာပျံနိုင်တယ်တဲ့....လိပ်ပြာဆိုတာဘာလဲ၊ ငှက်ဆိုတာဘာလဲ။ တိရိစ္ဆာန်တွေ အရောင်မျိုးစုံရှိတယ်တဲ့....။ ပိုထူးခြားတာက လူတွေပဲ။ လူတွေက ခြေထောက်ပါတယ်၊ ခြေထောက်နဲ့လမ်းလျှောက်ကြတယ်တဲ့။ သူ့တို့လိုပုံစံချင်း ဆင်ပေမယ့် အမြီးမရှိဘူးလို့ အဖွားကပြောဖူး​တယ်။ ​​ခြေထောက်ဆိုတာ ဘာလဲ၊ ဘယ်လိုမျိုးလဲ။

တစ္စာအရမ်းစိတ်ဝင်စားနေပြီ၊ သူငယ်ငယ်ကတည်းကမျှော်နေခဲ့တာ ခုသူ့အသက်၁၅မြန်မြန်ပြည့်ဖို့အရေး ပင်လယ်နတ်ဘုရား မာရယ်တဲ ဆီဆုတောင်းနေမိတယ်။

နောက်၃ရက်ဆို သူ့အသက်၁၅ပြည့်ပြီ။ သူ ရင်တွေအရမ်းခုန်တယ်၊ ပျော်လဲပျော်တယ်။ သူ အငြိမ်မနေနိုင် အဖွားဆီသွားလိုက်၊ အကိုအမတွေဆီသွားလိုက်နဲ့ အမြဲစပ်စုနေတယ်။ အကိုအမတွေကလဲချစ်တော့ သူ့ကိုစိတ်ရှည်ရှည်နဲ့ ပြောပြပါတယ်၊ ဒါပေမယ့် အကိုအမပြောတာက အဖွားလောက်မပြည့်စုံဘူးလေ။

"တစ္စာ ​လူတွေကိုမြင်ဖူးချင်တယ်"

သူ့စကားကြောင့် အကိုတွေအမတွေလန့်သွားတယ်။

"တစ္စာရယ် လူတွေက ငါတို့လိုပုံစံရှိပေမယ့် ငါတို့လိုမဟုတ်ဘူး။ ကြောက်စရာကောင်းတယ်၊ ရက်စက်တယ်တဲ့။ မတွေ့ချင်ပါနဲ့ကွယ်.....အန္တာရာယ်များတယ်"

The Little Merman Where stories live. Discover now