Part 22 (U&Z)

7K 1K 49
                                    

အားလက်စ်သည် ပျင်းရိလာသလို လက်များကိုဆန့်တန်းရင်း အညောင်းဆန့်လိုက်သည်။ မှောင်ရိပ်သန်းလာသော ပတ်၀န်းကျင်ကို တစ်ချက်ကြည့်ရင်း ဒန်နရယ်ရှိရာသို့ လှည့်လိုက်သည်။

"စိတ်၀င်စားဖို့ကောင်းတယ်။ ခင်ဗျားတို့နှစ်ယောက်မှာ ဘယ်သူက ဘယ်သူ့ကို အရင်ချစ်ခဲ့လဲ မသေချာဘူးပေါ့။"

ဒန်နရယ် မဖြေ။ ဒီအကြောင်းတွေကို အားလက်စ် ထပ်ခါထပ်ခါပြောနေခြင်းနောက်မှ ရည်ရွယ်ချက်ကို သူ ကောင်းကောင်းနားလည်သည်။

"နေဦး နေဦး။ ကျုပ် စိတ်၀င်စားတဲ့ နေရာက ခင်ဗျား ဖရက်ဒီ့ကိုသတ်ဖို့ ကြိုးစားတဲ့နေရာ။ ခင်ဗျားကို ကယ်ဖို့ သူ့အဖေရဲ့ အမိန့်ကိုဆန့်ကျင်ပြီး ထွက်ပြေးခဲ့တဲ့ အချိန်ကလေ။ ဟက်... လူတွေနဲ့ ခင်ဗျားရဲ့သွေးကိုမသောက်ရက်လို့ ဖရက်ဒီ အားနည်းနေချိန် မဟုတ်လား။ ခင်ဗျား ဘယ်လိုသတ်ခဲ့တာလဲ။ ကျုပ်ကို အသေးစိတ်ပြောစမ်းပါ။ သိချင်လို့ပါဗျာ။ ဓါးနဲ့လား။ ပုဆိန်နဲ့လား။ သြော်.. နေဦး။ မြေနတ်ဘုရားဆိုတဲ့အကောင်တစ်ကောင်ပါ ခင်ဗျားနဲ့အတူရှိသေးတယ်ဆိုတော့.."

ကျောက်သားနံရံကို ဒန်နရယ် ခပ်ဖြည်းဖြည်း ခေါင်းမှီလိုက်သည်။ မျက်လုံးများကိုမှိတ်လိုက်သည်။ ဦးခေါင်းတစ်ခုလုံး မူးနောက်နေသည်။ အသက်ရှူကြပ်လာသည့် ခံစားချက်။ ဒီခံစားချက်တွေကို သူ မေ့ထားခဲ့သည်မှာ ကြာခဲ့ပြီ။ လူသားတစ်ယောက်၏ ‌‌ေ၀ဒနာတွေနှင့် အလှမ်း‌ေ၀းနေခဲ့သည်မှာ နှစ်ပေါင်းထောင်ချီနေခဲ့ပြီ။ အားလက်စ်၏သွေးကြောင့်လား။ အဖြစ်မှန်တွေ ပါ၀င်နေသော ခါးသက်သည့် စကားများကြောင့်လား။ ဘာပဲဖြစ်ဖြစ် ယခုအချိန်တွင် ဒန်နရယ်သည် မိမိကိုယ်ကို နတ်ဘုရားတစ်ပါးဟုပင် မယူဆနိုင်တော့လောက်အောင် နာကျင်နေသည်။

မြေအောက်ခန်းနံရံတွင် ပေကျံနေသော သွေးစက်များ။ နတ်နွယ်ကြိုးဖြင့် တုတ်ချည်ခံထားရသော ဖရက်ဒီ။ လှုပ်ရှားမရဘဲ မိမိတို့နှစ်ယောက်၏ ဓါးချက်များကို လည်စင်းခံနေသူ။ အခန်း၀တွင် မိမိပုံရိပ်ကို မြင်လိုက်တိုင်း ခေါင်းငုံ့သွားတတ်သည့် ချစ်ရသူ၏မျက်နှာ။ တစ်ခုချင်းစီကို ပြတ်ပြတ်သားသားမြင်နေရသည်။

Dark AngelWhere stories live. Discover now