Unicode...
အပေါင်းအဖွဲ့နဲ့ နေထိုင်တတ်တဲ့ လူတို့ရဲ့သဘာဝက တစ်ဦးနဲ့တစ်ဦး တွယ်တာတတ်တာမျိုး ။
စိတ်တူကိုယ်တူ ပျော်ရွှင်ဖော်ပျော်ရွှင်ဖက်ဆိုတာ လူတ်ိုင်း၌ရှိကြသည် ။
ထိုသူသည် ချစ်သူရည်းစားထက် ပိုကောင်းသလို မိဘဆွေမျိုးများထက်လည်း ပို၍နားလည်ပေးနိူင်သည့် အရင်းနှီးဆုံးသူစိမ်းသူရံလည်း ဖြစ်ပေသည် ။
' ဟွမ်ရမ်ဂျွန်း '
ခေါင်းအားစာအုပ်နှင့် ပုတ်ကာ မထိတထိ စနောက်ပြီး ဘေးမှာဝင်ထိုင်လာသူက ဟွမ်ရမ်ဂျွန်း၏ မတည့်အတူနေ မမြင်ချောင်းကြည့်ဖော် သူငယ်ချင်းလေး နာဂျယ်မင်း ။
' မနေ့ကအိမ်စာတွေပြီးပြီလား ဂျယ်မင်း '
အိမ်စာဆိုသည်နှင့် မိုးကြိုးအလုံးတစ်ရာပစ်ချခံရသလ်ို နာဂျယ်မင်း မျက်နှာမဲပြာသွားသည် ။
' ဟိုက် သေပြီ ရမ်ဂျွန်း '
' မပြီးသေးဘူးလား '
' ညကPUBG ဆော့ပြီး အိပ်ပျော်သွားတာ ၊ အိမ်စာမပြောနဲ့ အိမ်သာတောင် သတိမရဘူး '
ဇီးရွက်လောက်မျက်နှာနှင့် ကြက်ကြီးလည်လိမ် တပိန်ပိန်ဖြစ်နေတဲ့ နာဂျယ်မင်းအားကြည့်ကာ ရမ်ဂျွန်းခေါင်းခါဖြစ်သည် ။
' မင်းလောက်မိုက်တဲ့ကောင် ဒီကမ္ဘာမှာရှိမယ်မထင်ဘူး ဂျယ်မင်း '
' ဟုတ်ပါတယ်ဂျွန်းရာ ၊ ငါကFreesyထက်တောင် ပိုမိုက်တဲ့ကောင် '
အခုမှ ခွေးထက်မိုက်မဲကြောင်း အသနားခံစာလာတင်နေလည်း ဆရာဂျုံဒဲရဲ့ အောင်ညာလှတဲ့ အသံစက်ကွင်းကနေ မင်းပြေးမလွတ်တော့ဘူး နာဂျယ်မင်း ။
' အာလုံးပဲ မင်္ဂလာပါ '
အခန်းဝက်ိုခြေတစ်လှမ်းစချယုံနဲ့တင် တစ်ခန်းလုံးကိုဟိန်းထွက်သွားသည့် ဆရာ့၏အသံကြောင့် နာဂျယ်မင်း ကိုယ်လေး တုန်ခါသွားတာ ရမ်ဂျွန်းမျက်မြင်ကိုယ်တွေ့ ။
' မင်္ဂလာပါဆရာ !!!!! '
' ကဲ ဆရာတို့ မနေ့ကသွားထားတဲ့ စာလေးတွေ တစ်ချက်လောက် revisionပြန်ရအောင် ၊ Newton Law ဟုတ်လား ၊ ကဲ ကမ္ဘာမြေကြီးရဲ့ ဆွဲအားကို Newtonက ဘယ်လိုစပြီး တွေ့ရှိခဲ့တာလဲ '

ESTÁS LEYENDO
Just A Bestfriend🤼
FanficUnicode... သူငယ်ချင်းဆိုတဲ့တံတိုင်းကို ကျော်ပြီး တစ်ဖက်ကိုပဲ ကူးခဲ့လိုက်Jun။ မင်းအတွက် အမှတ်ရစရာ ချစ်ခြင်းတွေကို ငါဖန်ဆင်းပေးမှာ ။ #Jaemin အဖြူကိုအရောင်ဆိုးဖို့က လွယ်လွယ်လေးဆိုပေမဲ့ ငါအဆင့်မတက်ချင်ဘူး ဂျယ်မင်း ။ မင်းက ငါ့အတွက် Just A Bestfriend! ...