နှစ်ဘဝ ချစ်သူ
အပိုင်း ( ၈)
"မင်းဟာ အရမ်းကံကောင်းတယ် ရှင်းအာ....
ချန်သခင်မဟာ ဘယ်သူကိုမှ သမီးအဖြစ် မမွေးစားခဲ့ဖူးဘူး...မင်းကသူမရဲ့တစ်ဦးတည်းသော သမီးပဲ....
အမရှင်းယန် ဟာ သူ ပထမဆုံးကောက်ယူမွေးစားခဲ့တာပဲ....."ချူ းအာ ကျဲ....ဒီမှာ ဘာလို့ ယောင်္ကျားတစ်ယောက်တောင် မတွေ့တာလဲ....
"ဇာမဏီတောင်မှာ ယောကျာ်း တစ်ယောက်တောင်မရှိဘူး...ဒါပေမယ့် ဘာလို့လဲ လို့မမေးပါနဲ့ အမလဲ မသိဘူး....ချန်သခင်မကိုလဲ သွား မမေးမိဖို့ သတိထား ပါ.....
"မူချင်း က ယောကျာ်း တွေကိုမုန်းတာလား.....
"ရူး....မမေးနဲ့တော့ ဒီအကြောင်းပြောတာရပ်ကြစို့....သိထားပါ ရှင်းအာ....ချန်သခင်မဟာ မင်းအနားမှာ မရှိရင်တောင် မင်းဘ်ာသွားနေတယ် ဘာလုပ်နေတယ်ဆိုတာ သိနိုင်ပါတယ်. ....
"အဲ့ဒီလောက် စွမ်းတာလား....
"အဲ့တာကြောင့် လဲ မင်းကို အခုလိုကယ်လာနိုင်တာပေါ့....ချန်သခင်မဟာပြည်နယ် ၂ခု စစ်ဖြစ်မှာကို အစထဲကကြိုသိနေတယ်...အပြစ်မဲ့ပြည်သူတွေ အာဏာရှင် တွေကြောင့်သွေးမြေခ ဦးမယ်လို့တောင် ကြိုပြောသေးတယ်....အစကတော့ အမတို့လဲ သိပ်နားမလည် ခဲ့ဘူး.. နောက်မှ ချီနဲ့လျှန် စစ်ပွဲ အကြောင်း ကြားခဲ့ရတယ်..... ချန်သခင် မက မင်းထွက်ပြေးလွတ်မြောက်လာလိမ်မယ်ဆိုတာကိုကြိုသိလို့ ဒုတိယ အမ ၄ယောက်နဲ့ ရှင်းယန်ကျယ်ကျဲ ကို တောင်အပြင်ကိုသွားဖို့ စေလွတ်ခဲ့တာ...သူမ မထင်ထားခဲ့တာက မင်းမှာ ဒဏ်ရာတွေ ဒီလောက်များလိမ့်မယ်လို့.....စစ်ရေးတွေမှာသခင်မဟာ ဘယ်တုန်းကမှဝင်မပါခဲ့ဘူး...အဲ့တာကြောင့်လဲ သူမဟာ ချီနဲ့ လျှန် စစ်ပွဲမှာ ဝင်မကူညီခဲ့တာ...မင်းအပစ်မတင်ဘူးမဟုတ်လား...
"မူချင်း က ဘာဖြစ်ဖြစ် မိန်းမတစ်ယောက်ပါ...ဒီလိုစစ်ပွဲတွေမှာ ဘယ်လိုဝင်ပါသင့်ပါ့မလဲ.....
"ရှင်းအာ အခုလို နားလည်ပေးတာကောင်းတယ်....သခင်မ ကမင်းကိုတော့ဂရုစိုက်ပါတယ်.... ဒါကြောင့်လဲ ကယ်ဖို့ စေလွတ်ခဲ့တာပေါ့...နောက်ဆုံး နတ်ဆေး ကိုတောင်မင်းကိုပေးခဲ့တာပဲ....
သူမဟာနတ်တစ်ပါးလို့အကြာကြီးနေထိုင်နိုင်ပေမယ့် ဒီတောင်ကုန်းပေါ်မှာပဲ တစ်ယောက်ထဲနေထိုင်ခဲ့တယ်.. ....နောက်တော့ ရှင်းယန် ကျယ်ကျဲ ကို စပြီးခေါ်လာခဲ့တာပေါ့...... သူမက အလွန်စိတ်ထားကောင်းတဲ့အမျုိုးသမီးတစ်ယောက်ပါ..... မင်း ချန်သခင်မကို အသက်ဘယ်လောက်ရှိပြီထင်လဲ.....
أنت تقرأ
ႏွစ္ ဘဝ ခ်စ္သူ / နှစ်ဘဝချစ်သူ
عاطفيةဒီဝထ္ထုက သဘာဝလွန် ဝထ္ထု တစ်ပုဒ်ပါ ဒါက ဒုတိယတွဲဖစ်ပြီး ပထမတွဲကိုတော့ facebook မှာရှာဖတ်နိုင်ပါတယ် ( ရင်ခွင်တံခါးလေးဖွင့်ပါဦး) (un/Zg) မှတ်ချက် ( မျက်ရည်ခိုင်မှဖတ်ပါ အလွမ်းဓာတ်ခံရှိသူများကျော်သွားပေးပါ)