နှစ်ဘဝ ချစ်သူ ပိုင်း (၇)

445 17 1
                                    

နှစ်ဘဝ ချစ်သူ

ပိုင်း (၇)

"၁ လ....

"ရှင်......၁ လ...၁လ ဟုတ်လား.......

"ဟုတ်တယ် မင်း ၁လ လုံး အိပ်နေခဲ့တာ
ချန်သခင်မပြောပြထားတာက ဒီနေ့ဟာ မင်းနိုးလာရမယ့်နေ့ပဲ.....မနိုးလာခဲ့ရင် မင်းကို နိုးလာဖို့ နိုးရတော့မယ့်နေပေါ့......

ဒါဆို ၁လ လုံး မစားမသောက်ပဲ အိပ်နေခဲ့တာပေါ့ ။ ဒါပေမယ့် ဘာလို အားတွေပြည့်နေတာပါလိမ့်။ ဒါဟာ မသေဆေးကြောင့်လား။ နတ်ဆေးဟာ တကယ့် နတ်ဆေးပါလား။ ထိုင်နေမိတဲ့ရေခဲ့တုံးကို လက်ညိုးထိုးရင်းမေးလိုက်သည်။

"ဒါက......

"မင်းကို စောင်တွေ နဲ့ နွေးနွေး ထွေးထွေးသိပ်ထားတယ် မင်းဟာ စောင်တွေကို အလိုမရှိဘူးဆိုပြီးကန်ထုပ်ခဲ့တယ်....
ချွေးသီးချွေးပေါက်တွေ ထွက်ပြီး အရမ်းပူနေတဲ့ မင်းကို ချန်သခင်မက ဒီမှာ သိပ်ဖို့ စေခိုင်းခဲ့တာ.....ဒီပေါ်ကိုတင်ပေးလိုက်ထဲက မင်းက မလူပ်မယှက် အိပ်သွားတော့တာပဲ......

ထိုမိန်းကလေးရဲ့စကားကြောင့် ရေခဲတုံးကို သေချာ လိုက်စမ်းလိုက်သည်။ သေချာပေါက်ဒါဟာရေခဲဆိုင်တစ်ခုပါပဲ ။ ကုတင်တစ်ခုပမာထွင်းထားပေမယ့် ဒါဟာတကယ့်ရေခဲအစစ်ပါ။

"ဒီနေရာက......

"ရေခဲဂူ........ချန်သခင်မ အတွင်းအားကျင့်တဲ့နေရာ အခုတော့မင်းကိုပေးလိုက်တာပေါ့.......  အခု မင်းလဲနိုးလာပြီဆိုတော့ ကိုယ်လက်သန့်စင်လိုက်ပါ.....
ချန်သခင်မက မင်းနိုးလာရင် သူ့ကိုလာတွေ့ဖို့မှာထားတယ်....
ချူ းအာ.....လာ...ညီမလေး ကို ရေချိုးကန်လိုက်ပြလိုက်ပါ....... .

ချူ းအာ ဆိုသည့် မိန်းကလေးက ချီလုံဝမ် နားရောက်လာသည်။

"မင်း လမ်းလျောက်နိုင်လား.....

"အင်း လျောက်နိုင်တယ် ဒီမှာလေ........

ချီလုံဝမ် ဟာ ရေခဲ ကုတင်ပေါ်မှလျောဆင်းလိုက်ပြီး ချူ းအာ ဆိုသည့်မိန်းကလေးနောက်လိုက်လာခဲ့သည်။ ချူ းအာ မိန်းကလေး နောက်မှလိုက်ပါလာရင်းနေရာတိုင်းကို တစ်မေ့တမော ငေးကြည့်နေမိသည်။
ဒါက လူ့ပြည်ရော ဟုတ်ရဲ့လား ။ငါသေများသွားခဲ့ပြီး နတ်ပြည်ရောက်နေသလားဟုပင် ထင်လာမိသည်။

ႏွစ္ ဘဝ ခ်စ္သူ / နှစ်ဘဝချစ်သူTempat cerita menjadi hidup. Temukan sekarang