Part 5

2.8K 164 0
                                    

xiao zhan တစ်ယောက် ဒီနေ့တော်တော် အလုပ်ရှုပ်နေလေသည်။yibo ဆီကို သတင်းမေးသွားချင်နေတာ မနက်တည်းက meetingတွေ ရော partnerတွေနဲ့တွေ့ရတာတွေရောနဲ့ တစ်ချက်မှ မနားရသေး စိတ်ထဲမှာတော့ စူပုတ်စိန်လေးကို လွမ်းနေမိပြီ!

ညနေ 4 နာရီ......

အလုပ်လည်း နည်းနည်းအားသွားပြီမို့ yibo ကြိုက်မယ်ထင်တဲ့မုန့်လေးတွေဝယ်ကာ xiao zhan ကားမောင်းထွက်လာခဲ့သည်။

Yibo တို့ အိမ်အရောက်......

"အန်တီ......yibo လေးရော!သက်သာရဲ့လား ကျွန်တော် သတင်းလာမေးရင်း yibo ကြိုက်မယ် ထင်တာလေးတွေဝယ်လာခဲ့သေးတယ်"

"Yibo လေး ဖျားနေတယ် သားရဲ့......ဒဏ်ရာအရှိန်ကြောင့် ထင်တယ် ခုနလေးတင် ဆန်ပြုတ်သောက်ပြီး မှိန်းနေတယ် ထင်တယ်" yibo မေမေက လေသံဖျော့လေးနဲ့ဖြေနေတော့ xiao zhan ကလေးကို တော်တော်စိတ်ပူသွားသည်။

"ဒါဆို သားအပေါ်တက်ပြီး သွားကြည့်လိုက်ဦးမယ်နော်......"

"အေးအေး......သား"

yibo အခန်းဝရောက်တော့ မျက်လုံးလေးမှိတ်ပြီး မှိန်းနေတဲ့ ကလေးကို လှမ်းမြင်လိုက်ရတော့ xiao zhan တကယ်စိတ်မကောင်းပေ။ကိုယ်သာ အစားဝင်ခံပြီး ဖျားနာပေးလိုက်ချင်သည်။yibo အနားကပ်သွားပြီး နှဖူးလေးကို ဖွဖွလေးစမ်းကြည့်မိတော့ ကိုယ်နည်းနည်းပူနေသေးသည်။

Yibo မျက်လုံးလေးဖြတ်ခနဲ ပွင့်လာကာ xiao zhan လက်ကို ပုတ်ထုတ်လိုက်လေသည်။

"Ge......တကယ် တောင်းပန်ပါတယ် ကလေးရယ်!ဖျားသွားတဲ့ထိ ဖြစ်နေတာဆိုတော့ Geတကယ်အားနာပါတယ်......Di ကြိုက်မယ်ထင်တဲ့ မုန့်လေးတွေဝယ်လာတယ် အားရှိအောင် စားဦးနော်"

Yibo က ဘာမှမပြောဘဲ xiao zhan ကို ကျောပေးကာ တစ်ဖက်လှည့်သွားလေးသည်။အသည်းယားလိုက်တာ ဒီကလေးလေးကတော့ ခုချိန်ထိ စိတ်ကောက်မပြေသေး စိတ်ဆိုးမပြေသေး!ဒီနေ့ သူစိတ်မပြေမချင်း ချော့မယ်ကွာဆိုပြီး xiao zhan ဆုံးဖြတ်လိုက်လေသည်။

"Di.........နေပြန်ကောင်းရင် skate စီးဦးမှာလား ခုလိုထပ်ဖြစ်မှာ Ge စိတ်ပူတယ်"

yibo မသိချင်ယောင်ဆောင်နေပြန်ပြီ!ဒီလူကြီး ဘာလာရှုပ်ပြန်ပြီလဲ မသိဘူး!အနေအေးတဲ့ yibo တစ်ယောက် စကားတွေအများကြီးလာပြောနေရင် သူမကြိုက်ပေ။

"Ge......ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေတာလား"

လေသံလေးပျော့သွားပြီးပြောနေတော့လည်း yibo နည်းနည်းတော့သနားမိသား!သူ့ပုံစံက တော်တော်အလုပ်များပြီး လူကြီးဆန်တဲ့ပုံ!ကိုယ့်ကို ကလေးလို လာချော့နေတယ်ဆိုတော့လည်း အားနာသလိုလိုဖြစ်မိသည်။

Yibo လှဲနေရာမှ ထထိုင်လိုက်လေသည်။ဟိုလူကြီးက မျက်နှာငယ်လေးနဲ့ မော့ကြည့်ရှာသည်။

Yibo ခုမှ အဲ့ဒီလူကြီးကို သတိထားကြည့်မိသည်။တော်တော်ချောတာဘဲ နှုတ်ခမ်းအောက်နားလေးမှာ မှဲ့နက်လေးတစ်လုံးက ထင်းနေတာဘဲ!ရှင်းသန့်နေတဲ့မျက်နှာလေးမှာ အပြစ်ပြောစရာတစ်ကွက်မှမရှိပေ။ငေးကြည့်နေရင်း ဒိတ်ခနဲ လှုပ်ရှားသွားသော yibo ရဲ့ ရင်ခုန်သံတစ်ခု!ဟာ

Yibo ခုမှ အဲ့ဒီလူကြီးကို သတိထားကြည့်မိသည်။တော်တော်ချောတာဘဲ နှုတ်ခမ်းအောက်နားလေးမှာ မှဲ့နက်လေးတစ်လုံးက ထင်းနေတာဘဲ!ရှင်းသန့်နေတဲ့မျက်နှာလေးမှာ အပြစ်ပြောစရာတစ်ကွက်မှမရှိပေ။ငေးကြည့်နေရင်း ဒိတ်ခနဲ လှုပ်ရှားသွားသော yibo ရဲ့ ရင်ခုန်သံတစ်ခု!ဟာ......ငါဘာတွေတွေးနေပါလိမ့်!!

"Ge......Di ကို စိတ်ပူလို့ အိမ်ခဏလာတာပါ!Di မကြိုက်ဘူးဆို နောက်နေ့တွေ မလာတော့ပါဘူး"

ပြောပြောဆိုဆိုနဲ့ မျက်လွှာလေးချကာ ဝမ်းနည်းသွားသောလူကြီး!!

"အိမ်လာတာမကြိုက်ဘူးလို့ ပြောမိလို့လား......"

yibo ထံမှ စကားသံလေး ကြားရတော့ xiao zhan ပျော်သွားလေသည်။

yibo ထံမှ စကားသံလေး ကြားရတော့ xiao zhan ပျော်သွားလေသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


A Lover's Complaint (Unicode)Where stories live. Discover now