Part 18

2.1K 112 0
                                    

xiao zhan တစ်ယောက် yiboအနားရောက်သွားတော့ ကိုယ်တော်ချောလေးက ဘုကြည့်ကြည့်နေလေသည်။ဘာတွေ မကျေနပ်ဖြစ်နေပြန်ပြီလဲ မသိဘူး......

"ကလေးလေး......ဘာဖြစ်နေတာလဲ မျက်နှာက ဘာကိုအလိုမကျလို့လဲ......

"ခင်ဗျားအပြုံးကို အလိုမကျလို့......"

"ဟောဗျာ......Ge က ဘာလုပ်မိလို့တုန်းဗျ"

"ခုနလေ ပြုံးပြနေတာလေ ကောင်မလေးတွေကို မျက်နှာကြီးက ဝင်းပနေတာဘဲ......"

"ဟားဟား......ကလေးရာ" xiao zhan သဘောကျစွာ ထရယ်လေသည်။

"ဘာလဲ......သဝန်တိုနေတာလား ကလေး!"

"သဝန်တိုစရာလားဗျ......ကောင်မလေးတွေကို အဲ့လောက်ပြုံးပြနေတာကြီးက ကြည့်ရတာ ရုပ်ဆိုးလို့"

"ဟုတ်လား......ကောင်မလေးတွေကတော့ Geကို ချောတယ်လို့ဝိုင်းပြောနေကြတာပါဘဲ!Di အတွက်ရော Geကချောရဲ့လား......"

"ချောပါလိမ့်မယ် အားကြီးကြီး......လုံးဝမချောဘူး ရုပ်ဆိုးတယ်"

စိတ်ထဲမှာတော့ ချောတာပေါ့ ချောလွန်းလို့ သိမ်းထားချင်တာ အဲ့အပြုံးလေးဆို ကိုယ်ကလွဲရင် ဘယ်သူ့ကိုမှ ပေးတာမလိုချင်ပါဘူး......

"ဟုတ်လား...ဒါဆို Di က Ge ပုံစံကို မကြိုက်ဘူးပေါ့"

"လုံးဝဘဲ......" ရင်ထဲမှာ တစ်မျိုး ဖြေလိုက်ရင်တလွဲထွက်နေတဲ့ ကိုယ့်ပါးစပ်ကိုယ်သာ yibo ရိုက်ပစ်ချင်တော့သည်။

"ကဲပါ......လာ သွားရအောင် နောက်ကျနေဦးမယ်"

"ဘယ်ကိုသွားမှာလဲဗျ......နေရာလေးတော့ပြောပြဦးလေ"

"Ge တို့အိမ်......"

"ဗျာ......Zhan Ge အိမ်ဟုတ်လား!မလိုက်ချင်ပါဘူးနော်"

"မရဘူးလိုက်ခဲ့ ကလေးမေမေကိုလည်း Ge ph လှမ်းဆက်ခွင့်တောင်းထားပြီးပြီ......"

"Zhan ge အိမ်ကို ကျွန်တော်က ဘာလိုက်လုပ်ရမှာလဲဗျ......"

"ကလေးကို ထမင်းစားဖိတ်ကျွေးမယ် မုန့်တွေလည်း အများကြီးကျွေးဦးမှာ......"

"ဟမ်......တကယ်ကြီးလား!zhan ge ဖေဖေနဲ့မေမေရော ရှိလား"

"ရှိဘူး......ဖေနဲ့မေက Singaporeမှာ နေတာ ကလေးရ!တစ်ခါတလေတော့ ပြန်လာပါတယ်"

"အမလေး......သူ့ဖေ မေ မရှိဘဲ ငါလိုက်သွားလို့ဖြစ်ပါ့မလား" yibo အတွေးအဆုံး ရင်ခုန်သံတွေ မြန်လာလေပြီ!ဟာ......ယောကျာ်းအချင်းချင်းဘဲ ဘာကြောက်စရာရှိလဲ ထမင်းသွားစားရုံလေးဘဲဟာ.........

"ရတယ်လေ......ဒါပေမဲ့ ထမင်းစားပြီးရင် ပြန်လိုက်ပို့ပေးနော်"

"ထမင်းစားပြီးပြန်လိုက်မပို့လို့ Ge က ကလေးကို ကိုက်စားရဦးမှာလား......" xiao zhan စကားကြောင့် yiboရှက်သွားကာ မျက်နှာလေး ရဲခနဲဖြစ်သွားလေသည်။

"ဟာ......ဘာတွေပြောနေတာလဲ မသိဘူး!လာ သွားမယ်" ကလေးတစ်ယောက်တော့ ရှက်ပြီး ကားဆီသုတ်ခြေတင်ပြေးသွားလေတော့သည်။

ဘာတွေပြောနေတာလဲ မသိဘူး!လာ သွားမယ်" ကလေးတစ်ယောက်တော့ ရှက်ပြီး ကားဆီသုတ်ခြေတင်ပြေးသွားလေတော့သည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
A Lover's Complaint (Unicode)Where stories live. Discover now