xiao zhan တစ်ယောက် နီးစပ်ရာဆေးခန်းတစ်ခုထဲသို့ ကားကိုမောင်းဝင်လိုက်သည်။
"ကဲ......Di ဆင်းရအောင် ဆေးခန်းရောက်ပြီ"
wang yibo ဘာမှပြန်မပြောမိပေ။သူခြေထောက်မထောက်နိုင်အောင် နာနေသဖြင့်ကားပေါ်ကနေ ဆေးခန်းဆီသို့ သွားရန်မလွယ်ကူပေ။ဟိုလူကြီးကိုလည်း အကူအညီမတောင်းလို Yibo တော်တော်အကြံအိုက်နေလေသည်။
"ဆင်းလေ......Di" xiao zhanထံမှ စကားသံထပ်ထွက်လာသည်။
"Ge......ကျွန်တော်ခြေထောက်အရမ်းနာနေတယ် ကားပေါ်ကဆင်းဖို့အဆင်မပြေဘူး ဖြစ်နေတယ်"
"ဟမ်......အဲ့လောက်တောင် နာနေတာလား ဆောရီးပါ ကလေးရာ Ge တကယ်တောင်းပန်ပါတယ်"
ခုနတော့ ဟိုလူကြီးထွက်သွားဆိုပြီး မောင်းထုတ်နေတဲ့ ချာတိတ်လေး ခုကျတော့ တော်တော်နာနေလို့ထင်တယ် မျက်နှာငယ်လေးနဲ့ Ge လို့တောင် ခေါ်လိုက်သေး!ဘာရယ်မဟုတ် သူ့စကားသံလေးကြောင့် ရင်ဘတ်ထဲက တစ်စုံတစ်ခု လှုပ်ခါသွားသလိုလို!ငါဘာတွေတွေးနေပါလိမ့် xiao zhan အတွေးတွေကို ချက်ချင်းရပ်ကာ ဒီကလေးကို ငါပွေ့သွားမှ ရမယ်ထင်တယ်!!
"Di......စိတ်တော့ ထပ်မဆိုးစေချင်ဘူး Ge မင်းကိုပွေ့သွားမှ ရမယ်ထင်တယ်"
Wang Yibo တစ်ယောက် ခေါင်းသာငြိမ့်ပြလိုက်သည်။ခြေထောက်မှမထောက်နိုင်တော့တာ ဘယ်တတ်နိုင်ပါ့မလဲ!!
xiao zhan တစ်ယောက် ကလေးပေါက်စလေးကို ပွေ့ချီလိုက်လေသည်။သူ့နှလုံးသားနဲ့ အနီးစပ်ဆုံးမှာ ကပ်နေတဲ့ ဂျစ်ကန်ကန်ကလေးတစ်ယောက်ရဲ့မျက်နှာလေးကို xiao zhan သတိလက်လွတ်ငေးမိလိုက်သည်။ကော်ဖီရောင် ဆံနွယ်ပျော့လေးတွေ နှဖူးပေါ် ခပ်အုပ်အုပ်ကျနေပြီး ဖြူလွှသောအသားအရေမှာ သွေးကြောစိမ်းလေးတွေ အထင်းသားပေါ်နေကာ ရှင်းသန့်နေသော ကလေးတစ်ယောက်ရဲ့မျက်နှာလေး!!ဟာကွာ.........ကြည့်နေရင်း xiao zhan ရင်ခုန်သံတွေ မြန်လာပြီ!
"ဟေ့ လူကြီး......ဒီနေ့ဆေးခန်းရောက်ပါဦးမလား ကျွန်တော့်ကို ပွေ့ထားတာတော်တော်ကြာနေပြီ တစ်လှမ်းမှလည်း မရွေ့သေးဘူး"
ရင်ခွင်ထဲမှကလေးဆီမှ အလိုမကျစွာ ပြောလာတဲ့စကားသံလေးကြောင့် xiao zhanတစ်ယောက် သတိဝင်လာကာ ရှက်သွားသည်။
YOU ARE READING
A Lover's Complaint (Unicode)
Fanfiction"အမုန်းတွေတဲ့လား Di!!" "Ge အချစ်ကြောင့် Di ပျော်ရွှင်ရစေမယ်" "အရာအားလုံး Di ထင်နေသလို မဟုတ်ပါဘူး......" "Ge ကို ရှင်းပြခွင့်တောင် မပေးခဲ့ဘဲ ဘာလို့ထွက်ပြေးသွားခဲ့ရတာလဲ ကလေးရယ်......"