b [Unicode]

3.7K 284 0
                                    

အာရှတိုက်မှာရှိတဲ့ နိုင်ငံတွေထဲက ကျွန်တော်တို့ ကိုရီးယား
နိုင်ငံရဲ့ အပူချိန်ကတော့ အမြဲတမ်း o° အောက်မှာတွေကြီးပဲ

ဒီအပူချိန်လောက်ပဲရှိတဲ့ နိုင်ငံမှာလူလာဖြစ်တဲ့ကျွန်တော်က
အစောကြီးမထ စောင်ပုံထဲကမထွက်ချင်တာ ကျွန်တော်မလွန်ဘူးမလား။ အေးတယ်.....အရမ်းအေးတယ် ဝရန်တာဘက်ကတိုက်လာတဲ့လေက လူကို ပြန်အိပ်လို့လဲမရ
ထလဲမထနိုင်အောင် နှိပ်စက်လွန်းနေတယ်။
ဒါပေမဲ့လဲ မကြာခင်ထရတော့မယ်ထင်တယ် ဒီနေ့
ဒီနေရာသစ်ကနေ ပထမဆုံးကျောင်းသွားရမယ့်နေ့။

"သား jungkook ထတော့ အောက်ထပ်က ကောင်လေးကသားကိုကျောင်းအတူ ခေါ်သွားပေးဖို့စောင့်နေတယ်"

သိတယ်မေမေလာနှိုးတော့မယ်ဆိုတာ ။ မေမေလာနှိုးတိုင်း
ချက်ချင်းမထတတ်တဲ့ကျွန်တော်။ ဒီတစ်ခါတော့ ဟိုကောင်လေးဆိုတဲ့အသံကြားတာနဲ့ ချက်ချင်းထထိုင်မိတယ်။
သူများကို စောင့်ခိုင်းရတာ မွေးရာပါအသိစိတ်ကအားနာလို့ထင်ပါရဲ့ ... ။

အေးပြန်ပြီ ရေပူနဲ့ချိုးတာတောင် အေးပြန်တဲ့ကိုရီးယားဆောင်းရာသီရယ်။

"Jungkook ရေမြန်မြန်လုပ် ဟိုခလေး စောင့်နေတယ်၊တော်တော်ကြာတာပဲ သူများကိုအားနာစရာ။"

သူ့အမေရဲ့အော်သံကြားမှ မြန်မြန် မြန်မြန်ထလုပ်နဲ့jungkook

" အမေ့ဒါဆို သွားပြီနော်"

စားပွဲပေါ်တင်ပေးထားတဲ့ ပေါင်မုန့်နှစ်ချပ်မှ
တစ်ချက်ကိုဝါး တချက်ကိုကိုင်ပြီး
အောက်ကိုပြေးဆင်သွားတဲ့jungkookတစ်ယောက်
လှေကားရင်းမှာသူ့ကိုပြုံးပြကာ ရပ်စောင့်နေတဲ့ jimin ကိုတွေ့သောအခါ

အေးပြန်ပြီ ကိုရီးယားဆောင်းရယ်
မဟုတ်ဘူး....မဟုတ်ဘူး ဒီတစ်ခါ
ကိုရီးယားဆောင်းမဟုတ်ဘူး အဲ့ကောင်လေးရဲ့အပြုံး
ပြီးတော့အေးတာလဲမဟုတ်ဘူး အေးချမ်းတာ
ရုပ်ကသာဆိုးတာ ပြုံးရင် မျက်လုံးလေးကစပြီး
ပြုံးတော့ မြင်ရတဲ့သူကစိတ်ထဲအေးချမ်းသွားတာ

jungkook လဲ ပြန်ပြုံးပြလိုက်ပြီး

"စောင့်နေတာကြာသွားလား"

FORGIVENESS Where stories live. Discover now