i{Unicode}

2.2K 217 5
                                    

Jimin နံနက် ၇နာရီတွင်အိပ်ယာမှ
နိုးလာခဲ့သည်။

ချက်ချင်းမထနိုင်သေးဘဲ
မနိုးတစ်၀က် နိုးတစ်၀က်နှင့်ပြန်လည်အိပ်စက်ပြန်တော့ အိပ်မက်တွေကတစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလိုမက်နေပြန်သည်။အိပ်မက်တွေက ဟိုတစ်စ သည်တစ်စ လျှောက်မက်နေပြီး တစ်ခုနှင့်တစ်ခုကလည်း အဆက်အစပ်မရှိ။
အားလုံးက အမှောင်လွှမ်းသောအိပ်မက်များသာဖြစ်နေကြသည်။
တစ်ခုတည်းသောကျေနပ်စရာက ထိုအမှောင်ထဲတွင် ရေးတေးတေး ထို‌ကောင်လေးရဲ့ အပြုံးတွေကိုအမြဲမြင်ရသည်။
အိပ်ယာထဲမှာ တစ်နာရီလောက်လူးလိမ့်ပြီးတော့ အိပ်ယာထက်မှ ထပြီး
ပြတင်းပေါက်လိုက်ကာ ဖွင့်လိုက်သည့်အခါတွင် နေရောင်ရေးရေးနဲ့ အေးစိမ့်စိမ့် လေနုအေးများက မျက်နှာကို လာရောက်တိုက်ခိုက်သောကြောင့်
လန်းဆန်းသွားခဲ့သည်။

10 နာရီ သွားမယ်လို့ပြောထားသည့်
Jungkook ၏စကားကြောင့်
သူယခုမှစတင်၍ ပြင်ဆင်ရမည်။
Jungkook မိတ်ဆက်ပေးမယ့်သူရှေ့မှာ သူကြည့်ကောင်းချင်သည်။
ပြီးတော့ သူ့ရှေ့မှာရော အမြဲကြည့်ကောင်းချင်သည်။

ခြံထဲမှာ နာရီ၀က်လောက်ကြိုစောင့်နေပြီး ခနနေတော့ Jungkook ဆင်းလာခဲ့သည်။

wt?????? ဒီကောင်လေးအရမ်းကြည့်ကောင်းတယ် ၁၅နှစ်အရွယ်
လူငယ်လေးနဲ့မတူအောင်ကို အရမ်းကိုချောမောသည်။
စပို့ရှပ် အပြာရောင်လေးကို ကိုယ်မှာကပ်နေတာလည်းမဟုတ်  အရမ်းပွနေတာလည်းမဟုတ်ပဲ fix ဖြစ်အောင်သူ၀တ်တတ်သည်။
အောက်က ဘောင်းဘီအမဲရောင်ရှည်နဲ့ပေါ့ပေါ့ပါးပါး လိုက်ဖက်နေတဲ့ ထိုကောင်လေးရဲ့ပုံကို မျက်လုံးထဲမှာ ဓာတ်ပုံရိုက်ထားသလိုမှတ်ထားလိုက်ပြီး နောက်ထပ် သေချာထပ်မကြည့်နိုင်တော့။
ထပ်ကြည့်မိရင် ဒီနေရာမှာတင်ပဲ သူပြေးနမ်းမိတော့မည်။

"Jimin_ssi စောင့်နေရတာ ကြာသွားပြီလား"

သူက ကိုယ့်ကိုတည့်တည့်ကြည့်ပြီးမေးလာလည်း ကိုယ်က ထပ်ပြီးသူ့ကိုသေချာမကြည့်ရဲတော့လို့ သူ့အမေးကို
မကြာပါဘူးဟုဖြေရင်း သွားရအောင်လေဟုပြောလိုက်သည်။
သူက ခေါင်းငြိမ့်ပြပြီး ထပ်ပြောတဲ့စကားကြောင့် ရင်ထဲမှာ ပီတိတွေဖြာကုန်သည်။

FORGIVENESS Where stories live. Discover now