[Zawji]
ပြိုးပြိုးပျက်ပျက် မီးရောင်စုံတို့ရှိရာ club တစ်ခုထဲသို့ ဆယ်ဟွန်း ဝင်လာလိုက်သည်။
အညိုရောင် ကုတ်အင်္ကျီအရှည်နဲ့ ရိုးရိုးဂျင်းဘောင်းဘီကိုသာ တွဲဖက်ဝတ်ထားတဲ့ ဆယ်ဟွန်း ပုံစံက club သို့ အပျော်လာတာ မဟုတ်မှန်း သိသာသည်။
သို့သော် ဘုရားသခင် ဖန်ဆင်းသော ရုပ်ရည်ရူပကာကြောင့် club ထဲက ပျိုပျိုအိုအို မိန်းကလေးအပေါင်းတို့၏ အကြည့်နှင့် စိတ်ဝင်စားမှုကိုတော့ အရယူထားနိုင်သည်။
" အစ်ကို ချန်းယောလ် "
ကခုန်ပျော်မြူးနေသော လူအများကြားထဲမှ တိုးဝှေ့ပြီး club ထောင့်စွန်းနားမှာ တစ်ယောက်တည်း ထိုင်သောက်နေတဲ့ အစ်ကိုချန်းယောလ်ဆီသို့သာ ခြေလှမ်းနှင်ဖြစ်သည်။
"အော်..ဆယ်ဟွန်း..ရောက်လာပြီလား.."
" ဟုတ်..အကိုရော "
အစ်ကို ချန်းယောလ်၏ ရီဝေဝေ မေးသံကို ဆယ်ဟွန်း club ထဲ တစ်စုံတစ်ယောက်အား မျက်စိတောင်းမှောက် ရှာဖွေနေရင်းမှ ပြန်ပြောလိုက်သည်။
"အဟက်..အိုဆယ်ဟွန်းကတော့ အိုဆယ်ဟွန်းပါပဲကွာ။ ရောက်လာတည်းက သူ့ဟာလေးကို စမေးတာများ.."
အစ်ကို ချန်းယောလ်ကတော့ သူမေးတာကို အရွှန်းဖောက်ပြီး ပြန်ဖြေလေရဲ့..။
"အစ်ကို ချန်းယောလ်ကဗျာ..."
"အဟက်..ငါက စတာပါ..ဆယ်ဟွန်းရာ။ မင်းအကိုက ဟိုးဘက်ထောင့်က sofa ပေါ်မှာ အိပ်နေတယ်..sorry..မူးနေတာလို့ ပြောရင် ပိုမှန်မယ်ထင်တယ်။ "
အစ်ကို ချန်းယောလ် လက်ညှိုးထိုးပြရာ club ရဲ့ ထောင့်စွန်းကို ခပ်သွက်သွက် သွားလိုက်တော့ sofa ပေါ်မှာ အမဲရောင် leather ဝမ်းဆက်ကို ဝတ်ထားတဲ့ သူ့ရဲ့ အကိုဟာ မူးပြီး လုံးလုံးလေး အိပ်ပျော်နေလေရဲ့..။
"အကို ဘတ်ခ်ဟွန်း..အကို.."
"ဟင်..ဆယ်ဟွန်း...ရောက်လာတာလား..ဟီး.."
YOU ARE READING
My Lovingly ( Completed )
Fanfictionအကို့ကို ချစ်လိုက်တာ... အကို့ကို ချစ်လိုက်တာ... [ SEHUN × BAEKHYUN ]