Lovingly

575 58 1
                                    

[Zawji]

ဆယ်​ဟွန်း ခပ်​လှမ်းလှမ်းက သူတို့ ​ဘောလုံးအသင်းသား​တွေနဲ့ စကား​ပြော​နေတဲ့ အကို့ကို ခပ်​ငြိမ်​ငြိမ်​​လေး လှမ်းကြည့်​​နေမိသည်​။

ဟိုတစ်​နေ့က ​အကိုတို့ အသင်းက ​ဘောလုံးပွဲမှာ နိုင်​သွားတဲ့အတွက်​ အသင်း manager က စား​သောက်​ဆိုင်​တစ်​ခုမှာ party အ​သေးစား​လေး လုပ်​​ပေး​နေခြင်း ဖြစ်​သည်​။

အကိုဟာ cocktail ကို တစ်​ခွက်​ပြီး တစ်​ခွက်​ ယူ​သောက်​​နေရင်း အစ်​ကို ချန်း​ယောလ်​နဲ့အတူ သူငယ်​ချင်း​တွေနဲ့ စကား​ပြောရင်း ရယ်​​မော​နေသည်​။

ဆယ်​ဟွန်းက​တော့ အကို​ခေါ်လို့ လိုက်​လာရ​သော်​လည်း ဝိုင်​တစ်​ခွက်ေ​လာက်သာ ​သောက်​ဖြစ်​သည်​။ သူ​ရော အကိုပါ မူး​နေလို့ မဖြစ်။ ​​အကို မူး​နေသည့်​အခါ အခန်းထဲကို သူ ​ခေါ်သွား​ပေးရမည်​​လေ။

"​နောက်​ဆုံး baekhyun သွင်းလိုက်​တဲ့ ဂိုးက အမိုက်​ဆုံးပဲ.."

"ဟား...မင်းတို့ကလည်း ဒီ​လောက်​လည်း မဟုတ်​ပါဘူး.."

အကို့ အသင်းသားများက အကို့ကို ချီးကျုးတဲ့အခါ အကိုက မ​နေတတ်​သလို ဂုတ်​​လေးကို လက်​ဖြင့်​ အသာပွတ်​ပြီး ရယ်​​နေသည်​။ ဆယ်​ဟွန်းလည်း အကို့ရဲ့ ရှက်​​နေတဲ့ ပုံ​လေးကို ကြည့်​ပြီး ပြုံး​နေမိသည်​။

"အိုဆယ်ဟွန်း..ဟုတ်တယ်မလား.."

"ဟုတ်..အစ်ကို ဂျွန်​​မြောင်​"

အကိုတို့ အသင်းထဲက အသင်းခေါင်းဆောင် အစ်ကို ဂျွန်မြောင်က ​ဆယ်ဟွန်းကို ပြုံးပြရင်း လာနှုတ်​ဆက်​သည်​။

" ဘတ်ခ်ဟွန်းကို သဘောကျနေတာလား.."

သူ အံ့သြတကြီးနဲ့ အစ်ကို ဂျွန်မြောင်ကို ကြည့်လိုက်တော့ အစ်ကိုဟာ ခပ်လှမ်းလှမ်းက အကို့ကို ကြည့်ရင်း ဆယ်ဟွန်းကို ပြုံးပြုံးလေး မေးလာသည်။

"ကျွန်တော် အကို့ကို ချစ်နေတယ်ဆိုတာ အစ်ကို ဂျွန်​မြောင် ​​ဘယ်လို သိတာလဲ.."

သူ မေးတဲ့အခါ အစ်ကိုက သူ့ကို ပြုံးစစနဲ့ စိုက်ကြည့်နေသည်။

My Lovingly ( Completed )Where stories live. Discover now