ို့[Zawji]
ဆယ်ဟွန်း အခုအပတ်မှာ ဖြေရမယ့် tuto အတွက် စာလုပ်နေပေမယ့် သူ့စိတ်တွေက စာအပေါ်မှာ အာရုံမရှိဘူး။ မျက်လုံးကလည်း ပိတ်ထားတဲ့ ရေချိုးခန်း တံခါးကိုပဲ ခနခန အကြည့်ရောက်နေတယ်။
"အကို ရေချိုးတာ ကြာနေပြီ။ အကိုတော့ ဖျားတော့မှာပဲ.."
သူ စိတ်ပူစွာ ရေရွတ်လိုက်သည့်တိုင် အကိုဟာ အခုချိန်ထိ ထွက်မလာသေး။ အကိုဟာ အမြဲတမ်း ရေချိုးရင် တစ်နာရီနီးပါး ကြာတတ်တာ သူ သိသော်လည်း အခု ရာသီဥတုက အတော်လေး အေးနေပြီ။
သူ တွေးနေးရင်း အကို ထွက်လာတာ မြင်တော့ တစ်ဖက်လှည့်ပြီး စာပြန်လုပ်နေလိုက်သည်။ အကို့ဆီက စတော်ဘယ်ရီ အနံ့သင်းသင်းလေး ရသည်။ ဆယ်ဟွန်းနဲ့ အကိုဟာ ရေချိုးခန်းတစ်ခုတည်းကို အတူသုံးသည့်တိုင်၊ shower cream တစ်ဗူးတည်းကို အတူသုံးသည့်တိုင် ရေချိုးပြီးလျှင် အကို့ဆီက ရသည့် ခပ်သင်းသင်း မွှေးရနံလေးကို ဆယ်ဟွန်း မြတ်နိုးသည်။
သူ ထိုင်နေရာ အနောက်ဖက်ဆီမှ ခပ်သင်းသင်း အနံလေးနဲ့ သူ့ပုခုံးပေါ် ကျလာတဲ့ ရေစက်လေးကို ဆယ်ဟွန်း ခံစားရသည်။
သူ မော့ကြည့်လိုက်တော့ အကိုဟာ ခေါင်းစိုစိုတွေကို သုတ်နေရင်းနဲ့ သူ့ထိုင်ခုံ အနောက်ကနေ သူ ဘာတွေ ကျက်နေလဲဆိုတာ လှမ်းကြည့်နေသည်။
အကိုဟာ ရိုးရိုးသားသား လှမ်းကြည့်နေတာ ဖြစ်သော်လည်း ဆယ်ဟွန်းကတော့ အကို့ရင်ခွင်ထဲ ရောက်နေသလို ခံစားရတာကြောင့် ခန္ဓာကိုယ်ကို ကျုံ့ပစ်လိုက်မိသည်။ ရင်ဘတ်ကလည်း အစိုးမရစွာ ခုန်လှုပ်လာသည်။
"အယ်..ဆယ်ဟွန်း..ပါးတွေ နားရွက်တွေ နီနေတာပဲ..နေမကောင်းဘူးလား.."
အကို့ရဲ့ ရေချိုးပြီးကာစ လက်အေးအေးလေးက ဆယ်ဟွန်းနဖူးပေါ် ရောက်လာသောအခါ သူ လက်ဖျားတွေ ခြေဖျားတွေသာမက တစ်ကိုယ်လုံး အေးစက်သွားသည်။
"အင်း..အဖျားလည်း မရှိပါဘူး..ဆယ်ဟွန်းရဲ့.."
"ကျွန်..ကျွန်တော် နေ..နေကောင်းပါတယ်.."
VOUS LISEZ
My Lovingly ( Completed )
Fanfictionအကို့ကို ချစ်လိုက်တာ... အကို့ကို ချစ်လိုက်တာ... [ SEHUN × BAEKHYUN ]