Lovingly

867 77 2
                                    

[Zawji]

အခုတ​လော ဆယ်​ဟွန်း basketball training ​တွေ ရှိလို့ အကိုနဲ့ မ​တွေ့ဖြစ်​တာ တစ်​ပတ်​​လောက်​ရှိပြီ ဖြစ်​သည်​။

အကိုဟာ သူ့ကို အခု​နောက်​ပိုင်း သိသိသာသာ ​ရှောင်​လာသည်​။
သူနဲ့ မျက်​လုံးချင်း ဆုံမိရင်​​တောင်​ တမင်​တကာ ​ရှောင်​လွှဲသွားတာမျိုး၊ သူ့ကို လုံးဝ လျစ်​လျူရှုပစ်​လိုက်​တာမျိုး။

"အကို..ခန.."

အခုလည်း သူ ​ရေချိုးပြီးလို့ အခန်းထဲ ပြန်​ဝင်​လာ​တော့ အိပ်​ဖို့ လုပ်​​နေတဲ့ အကို့ကို စကား​ပြောဖို့ ပြင်​လိုက်​သည်​။

မ​တွေ့ရတာ ၄၊ ၅ ရက်​​လောက်​ ကြာသွား၍လား မသိ။ အကိုဟာ မျက်​နှာ​လေး နည်းနည်း ​ချောင်​ကျသွားသလို။

အကိုဟာ သူ့ကို လျစ်​လျူရှုထားသည့်​တိုင်​ သူ အကိုနဲ့ နီးနီးကပ်​ကပ်​ ရှိ​နေသည့်​အခါ ရင်​ခုန်​သည်​။ အကို့ မျက်​နှာ​လေးကို မြင်​ရသည့်​အခါ ထိန်းမရ​အောင်​ ရင်​ခုန်​သည်​။

"​ပြောစရာရှိရင်​ မြန်မြန်​ ​ပြော..ဆယ်​ဟွန်း.."

"မနက်​ဖြန်​ ကျွန်​​တော်​တို့ ပြိုင်​ပွဲ ရှိတယ်​။ အကို့ကို လာကြည့်​​စေချင်​လို့.."

"အင်း..ငါ အားရင်​​တော့ လာခဲ့မယ်​။ ​ဒါ​ပေမယ့်​ မ​သေချာဘူး..."

အကိုဟာ သူ့ကို ​ပြောပြီးတာနဲ့ အိပ်​ရာ​ပေါ် တက်​ကာ ဆယ်​ဟွန်းကို ​ကျော​ပေး၍ အိပ်​သည်​။

သူက​တော့ အကို့​ကျောပြင်​​လေးကိုပဲ ​ငေးကြည့်​ရင်း မနက်​ဖြန်​ ပြိုင်​ပွဲအတွက်​ အားတင်းထားသည်​။

ကျွန်​​တော်​တို့ကြားမှာ ဘယ်​လို ​ဝေးကွာမှု​တွေပဲရှိရှိ၊ ကျွန်​​တော်​ အကို့ကို အမြဲတမ်း ချစ်​တယ်​ဆိုတာ​တော့ သိ​စေချင်​တယ်​။

_____________________

ဆယ်​ဟွန်း ပြိုင်​​နေရင်း ပွဲကြည့်​စင်​ဘက်​ ခဏ ခဏ ကြည့်​​နေမိသည်​။ အကိုဟာ အခုချိန်​ထိ ​ရောက်​မလာ​သေး။

ပထမပိုင်းပွဲပြီး​တော့ သူတို့ အသင်းထက်​ ဟိုဘက်​အသင်းက အမှတ်​များ​နေသည်​။

My Lovingly ( Completed )Where stories live. Discover now