"သားလက်မခံဘူး မား"
"Zhan Zhan မားပြောနေတာသားအတွက်ပဲ သားလက်ခံရမယ် ပြီးတော့မားတို့လူကြီးတွေကအတင်းစီစဥ်တာထပ် သား yé ye တို့ပေးထားတဲ့ကတိဆိုပိုမှန်လိမ့်မယ်"
{ yé ye ဆိုတာက အဖေ့ဘက်က အဖိုးကိုခေါ်တာပါ 😁 ကိုယ်လည်းတရုတ်စာသိပ်မကျွမ်းဘူးရယ် 😁}"ဒီကိစ္စက yé ye နဲ့ဘယ်လိုပတ်သတ်နေလို့လဲ မဖြစ်နိုင်တာ..မသိဘူး!
သား လက်မခံဘူး။
သားကဘာလို့သူစိမ်းတစ်ယောက်ကိုယူရမှာလဲ!
သားကငယ်ငယ်လေးရှိသေးတာ!
သားရည်မှန်းချက်တွေကရော!
ပြီးတော့မိန်းမလည်းမဟုတ် ယောကျာ်းတစ်ယောက်!
မယူဘူး!!!
မယူဘူးနော်
သားမယူဘူး...""အတင်းငြင်းနေလည်းမထူးဘူး Zhan Zhan ဟိုဘက်ကငြင်းရင်ကြားကောင်းသေး! မင်းလိုကလေးဆန်ဆန်အလုပ်သရဲကို အိမ်ထောင်ဖက်အနေနဲ့လက်ခံတာ ကျေးဇူးတင်! ခုညနေနှစ်ဖက်မိဘတွေ့ဆုံပွဲရှိတယ် ပြင်ဆင်ထားလိုက်အုံး....သားကလိမ္မာပါတယ် မင်း yé ye မျက်နှာပျက်အောင် မလုပ်ဘူးမလား..."
ကျွန်တော်ကဘယ်လိုအင်အားနဲ့ yé ye ကိုမျက်နှာပျက်အောင်လုပ်ရက်မလဲ ကျွန်တော့်ဆို မိဘထပ်ပိုအလိုလိုက် အကြိုက်ဆောင်တဲ့ yé ye ကိုလေ....
ဒါနဲ့ သူကရော?...
လက်ခံတယ်တဲ့လား...???
မငြင်းဘူးဆိုတော့လေ... ကျွန်တော်အခုကြားနေရတာကိုမယုံနိုင်ဘူး
သူကကျွန်တော့်ကိုသိလို့လား?
ဘာလို့လက်ခံရတာလဲ?
ကျွန်တော့်လိုပဲ ငြင်းလို့မရနိုင်လို့လား?
ရူးချင်တယ်...ကျွန်တော်ဂျူတီကထွက်လို့အိမ်ပြန်ရောက်ရောက်ချင်း ဧည့်ခန်းမှာအသင့်စောင့်နေတဲ့ မာတာမိခင်ပြောလာတာတွေက အိပ်မက်အလား......
ခင်ဗျားရယ် ငြင်းလိုက်ပါတော့လား? ဘာလို့များလက်ခံခဲ့ရတာလဲ.....💐💐💐💐💐👨💼👨⚕️💐💐💐💐💐
"သားရယ် အန်တီကပဲကြားကတောင်းပန်ပါတယ်ကွယ်
သူ့ Professor ကဖုန်းဆက်ခေါ်တော့
မသွားလို့မရလို့သာ သူသွားရတာ...အင်း...ခုမှအလုပ်သင်ဆိုတော့လေ....""ရပါတယ်ရှင်...အလုပ်ကပိုအရေးကြီးနေတာကို...ခုသဘောထားတွေသိရပြီပဲ ကလေးတွေကြီးပဲသက်သက် နောက်တစ်ခါမှတွေ့ကြပါစေပေါ့ရှင်!
မဟုတ်ဘူးလား...သား ?"
YOU ARE READING
Marriage Without Dating