"Xiao Zhan မားတို့က ဒီပိတ်ရက်အိမ်မှာ ညနေစာလာစားဖို့ပြောထားတယ်...အားတယ်မလား"
"ရတယ်လေ ခုညနေသွားစားကြတာပေါ့"
"....."
"ခင်ဗျားကခုဘယ်သွားမလို့လဲ မနက်အစောကြီးကို"
"9:00 ကစောသေးလို့လား အိပ်ပုတ်လေးရဲ့ မင်းဘာသာမထသေးတာလေ ကိုယ်အစည်းအဝေးခေါ်ထားတာရှိလို့ ခဏသွားရမယ်"
"အာ...ခင်ဗျားမလဲ အလုပ်ကြီးပဲ ကျွန်တော့်ထက်တောင်အလုပ်ကရှုပ်သေး"
Yibo ဘာမှပြန်မပြောပြုံးသာနေဖြစ်သည်။ သူလည်းဒီကလေးနဲ့မှ စကားတွေရှည်ရှည်ဝေးဝေးပြောဖြစ်နေလိုက်တာဆိုတာ.......ဒီကလေးကနားရက်ဆိုတာနဲ့အိပ်တော့တာ အခုလည်းပြန်အိပ်အုံးမှာ မမေးတောင်သိနေပြီ.....
"အားးးး....နေထိုးလိုက်တာကွာ အိပ်ကောင်းနေတာကို"
"အယ်...ဘယ်အချိန်ရှိပြီလဲဟ နေတောင်အတော်မြင့်နေပါရောလား"
"ဟမ်..11:30 တောင်ရှိပြီလား ဟိုလူကြီးထွက်သွားထဲက ပြန်အိပ်လိုက်တာ အတော်တောင်နောက်ကျနေပါရောလား...ထမင်းထစားအုံးမှ"
ပိတ်ရက်များမှာတော့ အဲ့လိုကိုအားကိုးရတဲ့ Zhan Zhan လေးရယ်ပါ။ ဘယ်မှလည်းသွားဖို့စိတ်မဝင်စား နားရက်ပါဆိုမှနားရမယ်ပဲ သဘောထားထားသူပါ။ Xiao Zhan ဝါသနာပါတာတွေက အိပ်မယ်၊ စားမယ်၊ ရုပ်ရှင်ကြည့်မယ်၊ စာအုပ်ဖတ်မယ်၊ ပုံဆွဲမယ် ဒါပါပဲ! WYB ရဲ့ဝါသနာနဲ့ကတော့ အကွာကြီးကိုကွာနေတာပါ။
"အန်တီ Lynn ဟိုကလေးရော"
"သခင်လေးပြန်လာပြီလား...Zhan Zhan လေးက ခုဏကတော့ဧည့်ခန်းမှာရှိတယ် အခုမရှိဘူးဆိုတော့ ခြံထဲဆင်းသွားပုံပဲ"
"ဪ...သိပြီ အန်တီ Lynn"
Wang Yibo အခန်းပြန်ပြီး လသာဆောင်ဘက် ဝရန်တာထွက်ကြည့်လိုက်တော့ ရေကူးကန်နားက အပင်အောက်မှာထိုင်လို့ရအောင်အပင်ကိုပတ်ပြီးရိုက်ထားတဲ့ခုံလေးပေါ်မှာ ဟိုကလေးထိုင်နေတာတွေ့လိုက်ရတယ်။ အမယ်...လက်ထဲလည်းစာအုပ်တစ်အုပ်ကရှိသေး စာကြည့်မျက်မှန်လေးနဲ့ ဆွယ်တာအစိမ်းလေးထဲ လူကောင်သေးသေးလေးက မြှုပ်နေတာဘာကောင်လေးမှန်းကိုမသိဘူး။ အူယားစရာအကောင်ပေါက်လေးကို ကြည့်ပြီးမှရေချိုးဖို့ထွက်လာခဲ့လိုက်တယ်။ ရေချိုးပြီးအဝတ်အစားလဲပြီး ထွက်လာတော့ ဟိုကလေးကအခန်းထဲ ပြန်ရောက်နေပြီ။
YOU ARE READING
Marriage Without Dating