(Unicode)
.ဝမ်ရီပေါ်...ဝမ်ရီပေါ် မင်းတကယ်ကိုဆိုးနေတာပဲ
.(...)
ဆယ်ဟွန်းသည် မိမိအရှေ့တွင် မျက်နှာငယ်ဖြင့် ထိုင်နေသော ဝမ်ရီပေါ်ဆိုသည့်ကျောင်းသားကို ဘယ်ပုံ အပြစ်ပေးရမှန်းတကယ်ပင်မသိတော့ပေ
ကျောင်းသန့်ရှင်းရေးလဲ လုပ်ခိုင်းဖူးသည်
ကျောင်းကို အခါတရာပင်ပတ်ပြေးခိုင်းဖူးသည်
ဒိုက်ထိုးတာ ထိုင်ထလုပ်တာ စတာ စတာတွေလဲ နည်းမျိုးစုံဖြင့် အပြစ်ပေးဖူးသည်
ဒါတောင် အထက်တန်းပထမနှစ်ရဲ့ စာသင်နှစ်က တဝက်ပင်မကျိုးသေးဒီကောင်လေး ဝမ်ရီပေါ်သည် တနေ့တခါမှ ပြသနာမရှာရလျှင်စားမဝင်အိပ်မပျော်သည့်ရောဂါများရှိနေလေရောလားကွာ...
.ဝမ်ရီပေါ် ကျောင်းကိုဘာလို့အေးအေးဆေးဆေးမတတ်နိုင်တာလဲ
.(...)
.ဝမ်ရီပေါ် ဆရာမေးတာဖြေလေပြန်မပြောနားမထောင်ဆိုတာ ဒီကောင်လေး ဝမ်ရီပေါ်ပဲ ဖြစ်သည်
အိုဆယ်ဟွန်းရဲ့စကားအဆုံးတွက် မျက်ဖြူလှန်ကြည့်ရုံသာ ကြည့်ပြီး ခေါင်းပြန်ငုံ့သွားသည်.ဟင်း.....ဝမ်ရီပေါ်
အိုဆယ်ဟွန်း သက်ပြင်းမောတစ်ခုချကာ ဝမ်ကျောင်းသားလေး၏ပခုံးကိုဆုပ်ကိုင်လိုက်သည်
.နေ့တိုင်းနေ့တိုင်းပြငနာတွေရှာနေရတာ မပင်ပန်းဘူးလား ရီပေါ်ရယ် ပြသနာမရှာရလို့မနေတတ်ဘူးဆိုရင်လည်းကွာ ဆရာတို့ညှိနှိုင်းကြရအောင်
အိုဆယ်ဟွန်းကိုမော့ကြည့်လာသော ဝမ်ကျောင်းသားလေးရဲ့ မျက်ဝန်းတွေသည် ပကတိအေးစက်စက်
.ဘယ်လို ညှိနှိုင်းမှာလဲ
တစ်လုံးချင်းပီပီသသထွက်လာတဲ့ ဝမ်ကျောင်းသားလေးရဲ့ အမေးစကားကို အိုဆယ်ဟွန်း ပြုံးကာဖြင့်
.ဒီလိုကွာ မင်းနေ့တိုင်းပြသနာရှာမယ့်အစား တပတ်ကို နှစ်ကြိမ်လောက်ပဲ ပြသနာရှာမယ်တို့ ဘာတို့ ရည်ရွယ်ချက်လေး ထားပါလား
ဝမ်ကျောင်းသားလေးရဲ့အဖြေသည် တုံ့ဆိုင်းခြင်းမရှိ
.ဟင့်အင်း
နဂိုကပင် စိတ်မရှည်တတ်သော လူပျိုကြီးစာရင်းဝင်ဆရာအိုဆယ်ဟွန်းမှာ ရင်တွင်းမျိုကြိတ်ထားရသောဒေါသတို့တိုးထွက်လာတော့သည်
YOU ARE READING
Profesor de escuela Oh
Fanfictionအိုဆယ်ဟွန်း>ဒီကလေးကိုတကယ်ပဲ ငါ မနိုင်တော့ဘူး ဝမ်ရီပေါ်> (...) Just fiction Don't judge my OTP #Kanato_Sakamaki